ရေငုပ်သင်္ဘောပစ် တာဝေးဒုံးကျည် မြောက်ကိုရီးယားအောင်မြင်စွာ ပစ်လွှတ်ဟု တောင်ကိုရီးယား ပြော

ရေငုပ်သင်္ဘောပစ် တာဝေးဒုံးကျည် မြောက်ကိုရီးယားအောင်မြင်စွာ ပစ်လွှတ်ဟု တောင်ကိုရီးယား ပြော

ဆိုးလ်၊ ဧပြီ၊ ၂၄ ။           ။ မြောက်ကိုရီးယားနိုင်ငံသည် ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းတွင် ရေငုပ်သင်္ဘောပစ်တာဝေးဒုံးကျည် တစ်ခုကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့သည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ပြောကြားလိုက် သည်။

မြောက်ကိုရီးယားသည် အဆိုပါပစ်ခတ်မှုကို စနေနေ့၊ ဒေသစံတောင်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားက ပြောကြားသည်။

စမ်းသပ်ပစ်ခတ်မှုမှာ အောင်မြင်ခဲ့ပြီး အဆိုပါ ရေအောက်မှနေ၍ တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ကွင်းဆင်းလမ်းညွှန်ကြီးကြပ်ခဲ့ကြောင်း   တောင်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA ကကြေညာသွားခဲ့သည်။

ကင်မ်ဂျုံအန်းက ညွှန်ကြားခဲ့ပြီးနောက်တွင် ရေငုပ်သင်္ဘောသည် ရေအောက်အလွန်နက်ရှိုင်းသော နေရာသို့ ငုပ်ရှိုးပြီး တာဝေးပစ်ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့သည်။

ရေအောက်အနက် မည်မျှအထိနက်ရှိုင်းသောနေရာမှနေ၍ တည်တည်ငြိမ်ငြိမ်ပစ်ခတ်နိုင်သည်ကို စမ်းသပ်လိုသဖြင့် ယခုကဲ့သို့ စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်နိုင်သည်ဟုလည်း KCNA သတင်းဌာနက   ကြေညာသွားခဲ့သည်။

ယခုစမ်းသပ်ပစ်လွှတ်မှုသည် ရန်စသည့်လုပ်ရပ်တစ်ခုဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှု တစ်ရပ်မဖြစ်ခဲ့ကြောင်းနှင့် တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ဝေးရာအရပ်သို့ ပစ်လွှတ်ခဲ့ခြင်းလည်းဖြစ်သည်ဟု အမေရိကန် အရာရှိတစ်ဦးက ပြောကြားသည်။

အခြားသောအမေရိကန်အရာရှိတစ်ဦးကမူ မြောက်ကိုရီးယားသည် ယခင်ကလည်း ယခုကဲ့သို့ စမ်းသပ်ပစ်လွှတ်မှုတစ်ခု ကို ပြုလုပ်ခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင် ယခင်အကြိမ်ကထက် ပိုမိုကောင်းမွန်သည့် ရလဒ်ကိုရသွားခဲ့သည်ကို သတိပြုမိကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly