မန္တလေး၊ ရန်ကုန်ဒေသများတွင် မိုးတိမ်တောင် မရှိသေးဟု ဦးထွန်းလွင်ပြော

မန္တလေး၊ ရန်ကုန်ဒေသများတွင် မိုးတိမ်တောင် မရှိသေးဟု ဦးထွန်းလွင်ပြော

ရန်ကုန်၊ ဧပြီ ၂၄ ။            ။ မန္တလေး၊ ရန်ကုန်ဒေသများတွင် ယနေ့ မနက်အထိ မိုးတိမ်တောင် မရှိသေးကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က သူ၏ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊လေဆင်နှာမောင်းတိုက်ခတ်ခြင်း စသည့် မိုးတိမ်တောင် ဖြစ်ပေါ်မှုအခြေအနေကို ဧပြီ ၂၄ နံနက် ၁၀နာရီ ၃၅ မိနစ်အချိန်ခန့်က Himawari Satellite မှ တိုင်းတာချက်အရ မိုးတိမ်တောင်များသည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတဝိုက်မှာသာ ဖြစ်ထွန်းနေကြောင်း သိရသည်။

ကျန်ဒေသများတွင် ယနေ့နံနက်ပိုင်းအထိ မိုးတိမ်တောင်ဖြစ်ပေါ်ခြင်း မရှိသေးသည့်အတွက် စိုးရိမ်စရာမရှိသေးကြောင်း ဦးထွန်းလွင်က ဆိုထားသည်။

 ယမန်နေ့ ညနေ ၃နာရီ ၁၅မိနစ်အချိန်ခန့်က စစ်ကိုင်းတိုင်းအထက်ပိုင်း မဲဇာအဝင်အနီးတွင် မိုးကြိုးပစ်ခဲ့သည်ကိုတွေ့မြင်ခဲ့ရပြီး အထိအခိုက်အသေအပျောက် မရှိသည်ကိုတွေ့ရကြောင်း ဦးထွန်းလွင်က ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly