မြန်မာယူ-၁၉အသင်း ထိုင်း၊ သြစတြေးလျအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်

မြန်မာယူ-၁၉အသင်း ထိုင်း၊ သြစတြေးလျအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်

ဧပြီ ၂၃၊ ရန်ကုန် ။             ။ စက်တင်ဘာ ၁၁ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ကျင်းပမည့် ၂၀၁၆ အာဆီယံယူ - ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် မြန်မာယူ - ၁၉အသင်းမှာ ထိုင်း၊ သြစတြေးလျစသည့် အင်အားကြီးနိုင်ငံများနှင့် တစ်အုပ်စုတည်းကျရောက်နေသည်။

မြန်မာယူ-၁၉အသင်းမှာ အုပ်စု(ခ)တွင် ထိုင်း၊ သြစတြေးလျ၊ လာအို၊ ကမ္ဘောဒီးယားအသင်းများနှင့်ကျရောက်နေသည့်အတွက် အုပ်စုအဆင့်ကို ကျော်ဖြတ်ရန် ခက်ခက်ခဲခဲရုန်းကန်ရဖွယ်ရှိသည်။

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာယူ-၁၉အသင်းကို လက်ရှိအချိန်တွင် ဖွဲ့စည်းရခြင်းမရှိသေးပဲ နည်းပြချုပ်ရာထူးအတွက် နေပြည်တော်နည်းပြ ဦးမျိုးလှိုင်ဝင်းကို ကမ်းလှမ်းထားသည်။

မြန်မာယူ-၁၉အသင်းမှာ ပြီးခဲ့သည့်နှစ် အာဆီယံယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခြင်းမရှိပဲ အုပ်စုနောက်ဆုံးပွဲတွင် ဗီယက်နမ်ကို ရှုံးကာ အုပ်စုအဆင့်မှထွက်ခဲ့ရသည်။

၂၀၁၆ အာဆီယံယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာယူ-၁၉အသင်းမှာ ပြင်ဆင်ချိန် သုံးလခန့်သာရထားပြီး ပြင်သစ်နိုင်ငံတွင် သွားရောက်နေထိုင်လေ့ကျင့်ရန်လည်း စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly