ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးဝေဖန်သည့် တက္ကသိုလ်ပါမောက္ခ ဓားခုတ်အသတ်ခံရ

ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးဝေဖန်သည့် တက္ကသိုလ်ပါမောက္ခ ဓားခုတ်အသတ်ခံရ

ဒါကာ၊ ဧပြီ ၂၃ ။                    ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်လများအတွင်း ဘာသာရေးဝေဖန်ဆန်းစစ်မှုများ ရေးသည့် ဘလော့ဂါများအား ဓားဖြင့် ခုတ်ထစ်သတ်ဖြတ်ခံရခြင်းဖြစ်ပွားရာတွင် ယခုနောက်ဆုံးအဖြစ် တက္ကသိုလ်ပါမောက္ခတစ်ဦး ဓားခုတ်သတ်ဖြတ်ခံရကြောင်း ရဲက ပြောသည်။

နိုင်ငံအနောက်ပိုင်းတွင်ရှိသော ရတ်ရှာဟီတက္ကသိုလ်မှ အင်္ဂလိပ်စာဌာနပါမောက္ခဖြစ်သူ အသက် ၅၈ နှစ်အရွယ် ရီဇူးဆစ်ဒစ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ရီဇူးသည် နေအိမ်မှ တက္ကသိုလ်သို့ လာရာလမ်းတွင် အမည်မသိတိုက်ခိုက်သူများက ဓားကောက်များဖြင့် ခုတ်ထစ်သတ်ဖြတ်သွားကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ထိုကဲ့သို့ပင် ဓားကောက်များဖြင့် ခုတ်ထစ်သတ်ဖြတ်ခြင်းခံရသူ ဝေဖန်ဆန်းစစ်ရေးဘလော့ဂါရေးသားသူ လေးဦးရှိခဲ့သည်။

ရီဇူးသည် ယဉ်ကျေးမှုအစီအစဉ်များတွင်လည်း ပါဝင်သူဖြစ်ကာ JMB အစ္စလာမ်အစွန်းရောက်အုပ်စု ယခင်အခြေစိုက်ခဲ့ရာ ဘတ်မာရာတွင် ကျောင်းတစ်ကျောင်းကိုလည်း ကိုယ်တိုင်ဖွင့်လှစ်ဦးစီးနေသူဖြစ်ကြောင်း လက်ထောက်ရဲမင်းကြီးက အေအက်ဖ်ပီသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်က အီတလီကက်သလစ်ဘုန်းတော်ကြီးတစ်ပါးအား သတ်ဖြတ်မှုဖြင့် JMB အဖွဲ့များကို ဖမ်းဆီးခဲ့ရသည်။

ယခုလအစောပိုင်းကလည်း အွန်လိုင်းတွင် ဘာသာရေးဝေဖန်မှုများ ရေးသားသည့် တက္ကသိုလ်ဥပဒေကျောင်းသားတစ်ဦး ဒါကာတွင် ဓားဖြင့်အခုတ်ခံရကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားမှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly