ရခိုင်တွင် မဲစာရင်း လာရောက်ကြည့်သူအားနည်း ဟု ခရိုင်ကော်မရှင် ဥက္ကဌ ဆို

ရခိုင်တွင် မဲစာရင်း လာရောက်ကြည့်သူအားနည်း ဟု ခရိုင်ကော်မရှင် ဥက္ကဌ ဆို
မဲစာရင်းကြည့်နေပုံ။ (ဓာတ်ပုံ - အီးပီအေ)

ရန်ကုန် ၊ဇူလိုင် ၂ ။     ။ ရခိုင်ပြည်နယ် စစ်တွေခရိုင် တွင် မဲစာရင်းလာကြည့်သူ အရေအတွက် မှာ တစ်ရက်လျှင် ဆယ်ဂဏန်း ဝန်းကျင်သာရှိသည်ဟု ခရိုင် ကော်မရှင် ဥက္ကဌ ဦးဦးထွန်းသာက မဇ္ဈိမကိုပြောသည်။

 ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ဇွန်လ ၂၂ ရက်မှ ဇူလိုင် လ ၅ ရက်အထိ မဲစာရင်းများကို ကပ်ထားမည်ဖြစ်ပြီး နေ့စဉ်လာ ကြည့်သူမှာ ဆယ်ဂဏန်းဝန်းကျင်သာရှိသည်ဟုဆိုသည်။

 စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဦးထွန်းသာက"ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စောင့်ကြည့်ဖို့ညွှန်ကြားထာတာ သူတို့တင်ပြချက်အရ မြို့နယ်တစ်ခုချင်းစီးမှာ တစ်ရက်ကို ဆယ်ဂဏန်းလောက်ပဲရှိတယ်လို့ဆိုတယ်"ဟု ပြောသည်။

 စစ်တွေ၊ပေါက်တော၊ရသေ့တောင်နှင့် ပုဏ္ဍားကျွန်းမြို့နယ် သည် စစ်တွေ ခရိုင် တွင်းပါဝင်သော မြို့နယ်များဖြစ်ပြီး ထိုမြို့နယ်များ ၏ မဲစာရင်းကြည့်ရှုသူ အရေးအတွက်ကို ၎င်းက ထိုသို့ပြောကြာ းခြင်းဖြစ်သည်။

 မဲစာရင်း ကြည့်သူ၏ ပျမ်းပျကြည့်ရှုနှုန်းကို ဇူလိုင် ငါးရက်နောက်ပိုင်းမှ သာအတိအကျ ပြောကြားနိုင်မည်ဟုလည်း ဦးဦးထွန်းသာ ကပြောသည်။

 စစ်တွေ မြို့မကမ်းနားလမ်း တွင်နေထိုင်သူ ဦးဝင်းကြည်က" ကျွန်တော်တို့မိသားစု မှာငါးယောက် ရှိတယ်  အဖေတစ်ယောက် ပဲမဲစာရင်းပါတယ်"ဟု ဆိုသည်။  

မှားယွင်းနေ၍  ပြန်လည် လျှောက်ထားသည့် မဲစာရင်းများကို   ပြင်ဆင်ပေးလျှက်ရှိသည် ဟု  ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိ သူက ပြောသည်။ စစ်တွေ မြို့မရပ်ကွက်မှ လူ ၂၃ ဦး၏ မွေးနေ့များမှာ မဲစာရင်းတွင် တူညီနေပြီး ၎င်းကို ပြန်လည် ပြင်ဆင် ပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

ဦးဦးသာထွန်းက "စစ်တွေမှာ မှားတာက မွေးနေ့တစ်ခုကိုရေးပြီး အောက်ကလူတွေကို ပုဒ်မ (။)တွေ ဆက်တိုက် ရေးလိုက်တာ တစ်နေ့တည်းလိုဖြစ်သွားတာပါ၊ ပြင်ပြီးပါပြီ "ဟု  ဆိုသည်။

ရခိုင်ပြည်နယ် တွင် မြို့နယ် ၁၇ မြို့နယ်ရှိပြီး မဲဆန္ဒနယ် သုံးဆယ်ကျော်ရှိသည်။

ရခိုင်ပြည်နယ် လူမှုအဖွ့ဲအစည်းများအနေဖြင့် ရွေးကောက်ပွဲ အသိပညာပေးလုပ်ငန်းများ ကို ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်း လုပ်ကိုင်မှုများလည်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly