ရွှေ့ပြောင်းဝင်ရောက်သူများကို အီတလီမာဖီးယားများ စစ်ကြေညာ

ရွှေ့ပြောင်းဝင်ရောက်သူများကို အီတလီမာဖီးယားများ စစ်ကြေညာ

ပါလာမို၊ ဧပြီ ၂၃ ။             ။ အီတလီနိုင်ငံတွင် ရွှေ့ပြောင်းဝင်ရောက်သူများအုပ်စုနှင့် မာဖီယားကြား ယှဉ်ပြိုင်မှုများ ပြင်းထန်လာပြီးနောက် ပါလာမိုမြို့မာဖီးယားများက ရွှေ့ပြောင်းဝင်ရောက်သူအုပ်စုကို စစ်ကြေညာလိုက်သည်။

ယင်းအုပ်စုနှစ်ရပ်ကြား ပဋိပက္ခက လမ်းပေါ်တွင် အပြစ်မဲ့ဂမ်ဘီးယားနိုင်ငံသားရွှေ့ပြောင်းဝင်ရောက်သူတစ်ဦးကို မာဖီးယားများက ဦးခေါင်း သေနတ်ဖြင့် ပစ်သတ်လိုက်ပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့သည်။

တရားဝင်နိုင်ငံဖြတ်ကျော်ဝင်ရောက်ခွင့်အရ အီတလီနိုင်ငံတွင် ရွှေ့ပြောင်းဝင်ရောက်သူများ၏ ရာဇဝတ်မှုများက ကြီးထွားလာခဲ့သည်။

ပါလာမိုမြို့မှာ အရှေ့အလယ်ပိုင်းနှင့် ပိုတူလာနေခြင်းအပေါ် မာဖီးယားများအတွက် ဒေါသထွက်စရာများ ကြီးထွားလာခဲ့ရခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ပြောပြီး အခြေအနေ ပိုဆိုးလာနိုင်သည်ဟု သတိပေးသည်။

“အရင်ကဆို မာဖီးယားတွေက ပိုပြီးလက်စောင်းထက်နေကြတာပါ။ မြို့တွင်း ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းသူတွေကို တားဆီးနိုင်တြယ်။ ကျွန်တော် အသက် ၃၀ အရွယ်အထိ အာဖရိက ဒါမဟုတ် အာရှက ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ပါလာမိုမြို့အတွင်းမှာ တစ်ခါမှ မတွေ့ဖူးဘူး။”ဟု မြို့တော်ဝန် လီယိုလူကာအော်လန်ဒိုက ပြောသည်။

“မာဖီးယားတွေက မြို့ရဲ့ အပြောင်းအလဲကို နားမလည်ကြပါဘူး။ ခုဆို ကျွန်တော်တို့ မြို့က ရွှေ့ပြောင်းဝင်ရောက်သူများရဲ့ အရပ်ဖြစ်နေပြီ။ မာဖီးယားခေါင်းဆောင်တွေအနေနဲ့ မြို့ကို ကြာရှည် ကြီးစိုးထားလို့ မရတော့ဘူး။”ဟု ၎င်းက ပြောသည်။

“ပါလာမိုမြို့ဟာ ဥရောပရဲ့ အရှေ့အလယ်ပိုင်းပါပဲ။ လူမျိုးပေါင်းစုံနေထိုင်ရာမြို့တစ်မြို့အဖြစ် ကျွန်တော်တို့အတွက် ကျေနပ်စရာ ရှိစေပါတယ်။”ဟုလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly