အိုဘားမားရဲ့ မျှော်လင့်ချက် မီးအိမ်ငယ် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်

အိုဘားမားရဲ့ မျှော်လင့်ချက် မီးအိမ်ငယ် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်

ကမ္ဘာပေါ်မှာရှိတဲ့ ခေါင်းဆောင်တွေထဲက သြဇာတက္ကမ အရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ဦးကို Time မဂ္ဂဇင်းကြီးက ရွေးချယ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးယောက်မြောက် သြဇာအရှိဆုံး ခေါင်းဆောင်တစ်ဦး အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံရဲ့ လက်ရှိသမ္မတ အိုဘားမားက “မျှော်လင့်ချက် မီးအိမ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုစာစုကို Time မဂ္ဂဇင်းက ဖေါ်ပြပါတယ်။

အိုဘားမားရဲ့ ရေးသားချက်ကို မဇ္ဈိမ ပရိတ်သများအတွက် ပြန်လည် ဖေါ်ပြပေးလိုက်ပါတယ်။

ဘဲဥပုံရုံးခန်းအတွင်း သူ့ကို ကြိုဆိုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တည်တည်ငြိမ်ငြိမ် ရှိလှ ပုံက ကျွန်တော့်ကို သိမ်းပိုက်သွားခဲ့ပါတယ်။ သူဟာ ညင်သာသာ စကားဆိုတတ်သော်ငြား သူချစ်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက် နေအိမ်အကျယ်ချုပ် ၁၅ နှစ်ကြာ ပိတ်လှောင်ခံထားခဲ့ရပေ မယ့် ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ ရှင်သန်နေခဲ့သူ တစ်ယောက်ပါပဲ။

နှစ်လအကြာမှာတော့ ရန်ကုန်မြို့မှာရှိတဲ့ သူ့ရဲ့ ရိုးရှင်းတဲ့ နေအိမ်ကို အလည်ရောက်တဲ့အချိန် မှာ သူဟာ မေတ္တာ၊ ကရုဏာနဲ့ပတ်သက်တဲ့ ဗုဒ္ဓရဲ့ တရားဓမ္မတွေကို လေ့လာနေတာကို တွေ့ခဲ့ရ ပါတယ်။

အကျဉ်းစံဘဝကနေ လွှတ်တော်အမတ်၊ ပါတီခေါင်းဆောင်စတဲ့ ခရီးရှည်ကို လျှောက်လှမ်းလာ ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာတော့ သောင်ပြိုကမ်းပြို အောင်ပွဲကို ရရှိခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဦးဆုံးသော အရပ်သားအစိုးရကို အခုအချိန် မှာ ဒေါ်အောင်ဆန်းစုကြည့် ပဲ့ထိန်းမောင်းနှင်နေပါပြီ။

မြန်မာနိုင်ငံဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတုန်းပါပဲ။ နှစ်ပေါင်းရှည်ကြာ ဖြစ်ပွားနေ တဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်မှု၊ တိုင်းရင်းသားအားလုံး၊ ဘာသာအားလုံးအတွက် လူ့အခွင့်အရေး ရရှိနိုင်မှုအပေါ်မှာ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုဟာ တည်မှီနေပါတယ်။ ဒါပေမယ့် ဒီမိုကရေစီဟာ အနာ ဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ကတိကဝတ်တွေ၊ သာယာဝပြောမှုတွေကို ဖေါ်ဆောင်ပေးနိုင်ဖို့ အသင့်ဖြစ် နေပါပြီ။

“လူသားတွေဟာ လိုအင်ဆန္ဒအမျိုးမျိုးနဲ့ မပြည့်စုံမှုတွေ ဖြစ်နေတယ်” လို့ ဒေါ်စုက ပြောပါ တယ်။ “ဒီလို လိုအင်တွေ မပြည့်စုံမှုတွေ ရှိနေပေမယ့် ဒီမိုကရေစီဟာ ကျွန်မတို့ အားလုံးအတွက် မျှော်လင့်ခြင်း မီးအိမ်ငယ်တစ်ခု အဖြစ် ရှိနေဆဲပါ” လို့လည်း သူကဆိုပါတယ်။

အခုချိန်မှာတော့ အရင်ကလို မဟုတ်တော့ပါဘူး။  ဒီဂုဏ်သရေရှိ အမျိုးသမီးဟာ သန်း ၅၀ ကျော် ပြည်သူတွေအတွက် တရားမျှတခြင်းတွေရဖို့၊ ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော ပြည်သူတွေအတွက် မျှော်လင့်ခြင်း မီးအိမ်လေးပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly