နာမည်ကျော်အမေရိကန်အဆိုတော် ပရင့်စ် ရုတ်တရက်သေဆုံးမှု အဖြေရှာမတွေ့သေး

နာမည်ကျော်အမေရိကန်အဆိုတော် ပရင့်စ် ရုတ်တရက်သေဆုံးမှု အဖြေရှာမတွေ့သေး

ချန်ဟက်ဆန်၊ ဧပြီ၊ ၂၂ ။              ။ အမေရိကန်၏နာမည် ထိပ်တန်းအဆိုတော် ပရင့်စ် ရုတ်တရက်သေဆုံးမှုအတွက် တိကျသောအဖြေမထုတ်ပြန်နိုင်သေးဘဲ ပဟေဠိအဖြစ် ရှိနေဆဲဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ပရင့်စ်ရော်ဂျာနယ်လ်ဆင်သည် အတ္တလန်တာတွင် ဖျော်ဖြေပြီး တစ်ရက်အကြာ ကြာသာပတေးနေ့၊ မနက်ပိုင်းတွင် ရုတ်တရက်ကွယ်လွန် သွားခဲ့ခြင်း ဖြစ်သည်။

လက်တလောတွင် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိပြီး ရင်ခွဲစစ်ဆေးမှုရလဒ်ကို ယနေ့ သိရှိရမည်ဖြစ်သည်။

ပရင့်စ်ကို ကြာသာပတေးနေ့က မင်နီဆိုးတားပြည်နယ်၊ ချန်ဟက်ဆန် ရှိသူ၏ စတူဒီယိုတစ်ခုရှိ ဓါတ်လှေကားတစ်ခု အတွင်း မလှုပ်မယှက်၊တုံ့ပြန်မှုမရှိသောအနေအထားဖြင့် တွေ့ရှိရပြီးနောက် အရေးပေါ်ပြုစုကုသမှုများလုပ်ဆောင်ခဲ့သော် လည်း အချိန်မမီခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ရော့ခ်၊ R&B၊ ပေါ့ပ်၊ ဂျက်ဇ် စသည့် တေးဂီတအမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာသီဆိုဖျော်ဖြေလေ့ရှိပြီး စင်မြင့်ထက်တွင် မှော်ဆန်သောဖျော်ဖြေတင်ဆက်မှုများပြုလုပ်လေ့ရှိသည့် ပရင့်စ်ကွယ်လွန်သွား သည့်အပေါ် သမ္မတအိုဘားမားအပါအဝင် အမေရိကန်ပြည်ထောင်စု တဝမ်းမှ သူ၏ပရိသတ်များက လှိုက်လှိုက်လှဲလှဲဝမ်းနည်းကြောင်းဖော်ပြခဲ့ကြသည်။

ပရင့်စ်သည် သူ၏အနုပညာသက်တမ်းအတွင်း ဂရမ်မီဆု ၇ ဆုအထိရရှိခဲ့ပြီး သူ၏ သီချင်း ၅ ပုဒ်မှာ အရောင်းရဆုံးစာရင်း ၏ ထိပ်ဆုံးနေရာကိုသိမ်းပိုက်နိုင်ခဲ့ကာ အရောင်းရဆုံးသီချင်း ၁၀ ပုဒ်စာရင်းဝင်သည့် သီချင်းမှာ ၁၄ ပုဒ်အထိရှိခဲ့သည်။

ထို့ပြင် ပရင့်စ်သည် Purple Rain သီချင်းဖြင့် အကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်တေးအတွက်ချီးမြှင့်သည့် အော်စကာ ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly