လီဗာပူးလ်မှာ ဆက်နေလိုကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့သည့် စတားရစ်ချ်

လီဗာပူးလ်မှာ ဆက်နေလိုကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့သည့် စတားရစ်ချ်

ဧပြီ ၂၂၊ လီဗာပူးလ် ။             ။ လီဗာပူးလ်အသင်းက အဲဗာတန်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတါင် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည့် စတားရစ်ချ်က အန်ဖီးလ်ကလပ်တွင် ဆက်နေလိုကြောင်း အရိပ်အမြွက်ဖွင့်ဟခဲ့သည်။

အဲဗာတန်အသင်းဘက်သို့ စတားရစ်ချ်သွင်းယူခဲ့သည့်ဂိုးမှာ လီဗာပူးလ်အသင်းအတွက် ဂိုး ၅၀ မြောက် သွင်းယူခဲ့သည့်ဂိုးဖြစ်သည်။ ထို့ကြောင့် စတားရစ်ချ်သည် လီဗာပူးလ်အသင်း၏ သမိုင်းတွင် အဲလ်ဘတ်စတက်ဘင်၊ ရော်ဂျာဟန့်နှင့် ဖာနန်ဒိုတောရက်စ်တို့ ပြီးနောက် ဂိုး ၅၀ အမြန်ဆုံး ပြည့်မြောက်သည့် ကစားသမားဖြစ်လာခဲ့သည်။

စတားရစ်ချ်သည် လီဗာပူးလ်တွင် ခြေစွမ်းပြကစားနိုင်သော်လည်း မကြာခဏ ဒဏ်ရာများနှင့်ရုန်းကန်နေရသည့်အတွက် ၎င်း၏အနာဂတ်မှာ မသေမချာ ဖြစ်လျက်ရှိသည်။ လက်ရှိတွင်လည်း နည်းပြကလော့ပ်က အိုရီဂီကို အဓိက တိုက်စစ်မှူး အဖြစ် အသုံးပြုလျက်ရှိသည်။

သို့သော် စတားရစ်ချ်က လီဗာပူးလ်အသင်းအတွက် ဂိုး ၁၀၀ သွင်းယူပေးလိုကြောင်း ပြောဆိုခဲ့ပြီး အသင်းတွင် ဆက်နေလိုသည်ကို အရိပ်အမြွက်ဖွင့်ဟခဲ့သည်။

'ဒီအသင်းကို ကျွန်တော်ရောက်ရှိတဲ့ အချိန်ကတည်းက ကောင်းမွန်တဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဂိုး ၅၀ ပြည့်သွားတာက တကယ်ကို မိုက်ပါတယ်။ ကျွန်တော် မကစားခွင့်မရဘူးဆိုရင် မပျော်ဘူးလို့ ပြောမှာပါ။ ကလပ်နဲ့အတူ ဒါတွေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ အခုအရေးအကြီးဆုံး နားလည်ထားဖို့က ဂိုး ၁၀၀ သွင်းယူဖို့ ရည်မှန်းထားတာပါပဲ' ဟု စတူးရစ်ချ်က ပြောသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly