ရန်ကုန်တိုင်း အတွင်း တိုင်းစစ်အဌမတန်း အောင်ချက်မြင့်

ရန်ကုန်တိုင်း အတွင်း တိုင်းစစ်အဌမတန်း အောင်ချက်မြင့်
(ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၂၂ ။              ။ ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ အဌမတန်း ကျောင်းသားကျောင်းသူ ခရိုင်စစ် စာမေးပွဲ အောင်ချက် ၈၁ ဒသမ ၆၄ ရာခိုင်နှုန်းရှိသည့်အတွက် အောင်ချက်ကောင်းသည်ဟု ရန်ကုန်တိုင်းဒေသကြီး (ပညာရေး) ညွှန့်ကြားရေးမှူး ဒေါ်စန်းစန်းရီ ကမဇ္ဈိမ ကိုပြောသည်။

“ ကုစားမရှိတော့ ကျောင်းသားတွေက ကြိုးစားကြတယ်၊ ပုံမှန်ကျောင်းသားတစ်ယောက်က ဘယ်လို့ပဲ ဖြစ်ဖြစ် စာမေးပွဲကျမှာကို ကြောက်ကြတယ်၊ ကုစားမရှိတော့ သူတို့လည်းကြိုးစားကြတယ် ၊နောက်နှစ်ဆို ဒီထက်အောင်ချက် ပိုမိုကောင်းလာနိုင်တယ်”ဟု ညွှန့်ကြားရေးမှူးက အောင်ချက်နှင့်ပတ်သက် ၍ သုံးသပ်သည်။

၂၀၁၅- ၂၀၁၆ ပညာသင်နှစ်အတွင်း တိုင်းစစ်၊ခရိုင်စစ် စာမေးပွဲကို အဌမတန်း ကျောင်းသားကျောင်းသူ ဖြေဆိုသူ ဦးရေး ၈၃၅၇၂ ဦးတွင် ၆၈၂၂၈ ဦးအောင်မြင်ခဲ့သည့်အတွက် ၈၁ ရာခိုင်းနှုန်း ၆၄ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။

စတုတ္ထတန်း ဖြေဆိုသူ ၁၀၃၇၈၉ ဦးတွင် ၉၆၉၁၀ ဦးအောင်မြင်ခဲ့သည့်အတွက် ၉၃ ဒသမ ၃၇ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။ ၂၀၁၆ ခုနှစ်အထိ ရန်ကုန်တိုင်း ၊ ခရိုင်းလေးခု တွင် မှုလတန်းကျောင်းပေါင်း ၂၂၂၂ ကျောင်း၊ အလယ်တန်းကျောင်း ၂၈၄ ကျောင်း ၊ အထက်တန်းကျောင်း ၂၃၃ ကျောင်းရှိသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း တိုင်းစစ်ခရိုင်စစ် စာမေးပွဲများအား စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာတွင် ရမှတ် ၈၀မှ ၁၀၀အထိကို အဆင့် A ၊ ရမှတ် ၆၀မှ ၇၉မှတ်အထိကို အဆင့် B ၊ ရမှတ် ၄၀မှ ၅၉မှတ်အထိကို အဆင့် C တို့ဖြင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး အဆင့် D ရရှိသူများကို ထုတ်ပြန်ပေးခဲ့ခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly