ငယ်စဉ်က လေယာဉ်မယ်ဖြစ်ချင်ခဲ့ဖူးသေးတယ်ဆိုတဲ့ အလှမယ် မခြူးဆစ်ဟန်

21 April 2016
ငယ်စဉ်က လေယာဉ်မယ်ဖြစ်ချင်ခဲ့ဖူးသေးတယ်ဆိုတဲ့ အလှမယ် မခြူးဆစ်ဟန်

မြင်းခြံမြို့က မခြူးဆစ်ဟန် ဆိုတာ အလှမယ်တစ်ဦးဖြစ်ပါတယ်။     

အခုဆိုရင် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း တဖြေးဖြေး ထင်ရှားပြီး လူသိများလာတဲ့ အလှမယ်လေးတစ်ဦးပါပဲ။ သူ့အနေနဲ့ ထင်ရှားတဲ့ အလှမယ်ဘဝကို ဘယ်လို ရောက်ရှိလာခဲ့ရသလဲ။ သူ့ဘ၀ ဘယ်လိုဖြတ်သန်းလာခဲ့ရသလဲ။ ဒီအကြောင်းတွေကို မခြူးဆစ်ဟန် က အခုလို အစချီ ရှင်းပြခဲ့ပါတယ်။

“ညီမကအမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် အဲဒီမှာ ကျောင်း ပြီးတယ်။ ပြီးတော့ အိမ်မက်ဆုံရာမှာသီချင်းဝင်ဆို ဖြစ်တယ်ပေါ့နော်။ ညီမအနုပညာလှုပ်ရှားမှု အနေနဲ့ သီချင်းဝင်ဆို ဖြစ်ရင်းနဲ့ ညီမသရုပ်ဆောင်တွေလည်းလုပ်ဖြစ်တယ်။ အဲဒီကနေတစ်ဆင့် ညီမ Miss ကိုညီမ ပြိုင်ချင်တယ်။ ပြီးတော့ Miss ဆိုရင် ပရဟိတလုပ်ငန်းတွေလည်းလုပ်ရမယ်။ သာမန် လူကလည်းလုပ်လို့တော့ ရတယ်။

ဒါပေမယ့် Miss တစ်ယောက် အနေနဲ့ နိုင်ငံကိုယ်စားပြု အနေနဲ့ အဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီးလုပ်မယ်ဆိုလို့ ရှိရင် ပိုပြီးတော့ ကောင်းတယ်ပေါ့နော်။ အခွင့်လမ်းတွေ အများကြီးရှိတဲ့အတွက် ညီမ Miss တစ်ယောက် ဖြစ်ချင်တဲ့အတွက် ကြိုစားခဲ့တယ်။ MGM နဲ့ ထိန်းပြီးတော့ ညီမဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်ပေါ့နော်။ ”

အဲတော့ ပြိုင်ပွဲဝင်ဖို့အတွက်ကိုကိုယ်က ကြိုတင်ပြင်ဆင်တဲ့အခါ အခက်ခဲတွေ ရှိခဲ့ဘူးလားရှင့်။

“အခက်အခဲတွေကရှိပါတယ်။  ကိုယ်ကမော်ဒယ်လ် သင်တန်းတွေလည်းမတက်ထားဘူးဆိုတော့ ဒါပေမယ့် မော်ဒယ်လ် လမ်းလျှောက်တာနဲ့ Miss လမ်းလျှောက်တာမတူတာသိခဲ့ရတယ်။ ညီမတို့ အရှေ့မှာမအိမွန်ခိုင် Miss Art ပေါ့နော်။ အရှေ့မှာလည်းရခဲ့တဲ့ Miss တွေ အကုန်လုံးကအကောင်းဆုံးသင်ပေးတယ်။ ဆရာတွေကလည်းအကောင်းဆုံးသင်ကြားပေးတဲ့အတွက် ညီမတို့ သင်တန်းဝင် အယောက် ၃၀ လုံးကလည်းဒီလိုမျိုး Miss  ၅ယောက် မရွေးချယ်ဘဲနဲ့ ကျန်ခဲ့ရတဲ့ အယောက် ၃၀ လုံးကလည်းအားလုံးအရည်အချင်း ပြည့်ဝကြတယ်ပေ့ါနော်။ ညီမတို့ Body Beauty Brain  အနေနဲ့ အကုန်လုံးကိုသင်ကြား ပြသပေးခဲ့တယ်”။

သွားပြီးတော့ ပြိုင်ရတဲ့အခါမှာဟိုမှာတွေ့ကြုံခဲ့တဲ့ အတွေ့ကြုံတွေကဘယ်လိုရှိလဲရှင့်။

“အင်တာနေရှင်နယ်မှာသွားရောက်ယှဉ်ပြိုင်တဲ့အခါမှာကိုယ့်နိုင်ငံကိုယ်ဒေသလည်းမဟုတ်ဘူး။ တစ်ခြားနိုင်ငံပေါင်းစုံကနေလာရောက်ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် ဘာသာစကားတွေကလည်း ကွဲပြားကြတယ်လေ။ သူတို့နဲ့ လိုက်လျောညီထွေစွာနေဖို့ အဆင်ပြေဖို့ဆိုတာအရမ်းကြိုးစားရတယ်။ အဲဒီမှာဆိုလို့ရှိရင် အခက်ခဲတွေကတော့ အကုန်လုံးရှိကြတယ်။ ပြိုင်ပွဲတစ်ခုခုဝင်တော့မယ်ဆိုရင် လိုအပ်တာလေးတွေလည်းဟိုမှာသူငယ်ချင်းတွေ ဆိုလို့ရှိရင် သူတို့ အင်္ကျီတွေ ဘာတွေ တစ်ခုခု ဖြစ်သွားလို့ ရှိရင် အပ်နဲ့ အပ်ချီကိုသူတို့ မသိကြဘူး။ ကိုယ်ကဆောင်သွားတယ်လေ။ ဆောင်သွားတော့ သူတို့ကိုအဲမှာအင်္ကျီတွေဆိုလည်းအပ်နဲ့ အပ်ချီနဲ့ သီပေးတယ်။ ကိုယ်မြန်မာလူမျိုးတွေကကူညီတတ်တယ်ဆိုတာသူတို့ သိအောင်ပေါ့နော်။

ဘာပဲဖြစ်ဖြစ် ဟိုမှာဆိုလို့ရှိရင် သူငယ်ချင်းတွေကကိုယ့်ကိုအရမ်းချစ်ကြတယ်။ အဲလိုမျိုးပွဲတိုင်းလိုလိုဟိုမှာဆိုညီမကသီချင်းဆိုတတ်တော့ သီးချင်းဆိုပြတယ်။ အဲမှာဆိုသူငယ်ချင်းတွေက ခြူးသီးချင်းဆိုပြ ပါပေါ့နော်။ သူတို့ဆိုရင် ကိုယ့်အသံကိုအရမ်းနားထောင်ချင်ကြတာပေါ့နော်။ အဲလိုသီချင်းဆိုပြတယ်။ ခုချိန်ထိလည်းသူငယ်ချင်းတွေနဲ့ အဆက်သွယ် ရှိတယ်” ။

ညီမအနေနဲ့ ဒီပြိုင်ပွဲမှာဆိုရင်လည်းညီမကဆန်ကာတင် ၁၅ယောက်တည်းမှာ ပါဝင်တယ်လို့ သိရတယ်လေ။ ပြီးတော့ ညီမရခဲ့တဲ့ဆုကTellentဆုနော်။ အဲဒီဆုရတဲ့အပေါ်မှာညီမဘာများပြောချင် တာရှိလဲ။

“ဒီTellentဆုကဟိုမှာဆိုလို့ရှိရင် သူငယ်ချင်းတွေကသူတို့နိုင်ငံရဲ့ Tellentကိုသူတို့ အကောင်းဆုံးပြကြတယ်ပေါ့နော်။ အရမ်းတော်ကြတယ်။ အဲမှာညီမကTellentကိုညီမတတ်ထားတဲ့ မြန်မာမှု အကပေါ့နော်။ တစ်ပင်တိုင်အကနဲ့ အင်တာနေရှင်နယ် song ကိုရောစပ်ပြီးတော့ Tellent  ပြခဲ့တယ်။ အဲမှာဆိုသူတို့ ဒိုင်တွေ သဘောကြ ကြတယ်ပေါ့နော်။ သူငယ်ချင်းတွေကလည်း အရမ်းအားပေး ခဲ့တဲ့အတွက် ညီမရရှိခဲ့တယ်လို့ ထင်ပါတယ်ရှင်”

အဲတော့ ညီမက မြန်မာအကကိုအရင်တည်းက ကျွမ်းကျွမ်းကျင်ကျင် ကတတ်တာလား။

“မြန်မာအကကတော့ ညီမဒီအမျိုးသားယဉ်ကျေးမှု တက္ကသိုလ် ကျောင်းဆင်းဆိုတော့လေညီမမေဂျာအနေနဲ့ သဘင်ကိုယူထားတာဆိုတော့ ညီမအတွက် ခဲယဉ်းတာမရှိပါဘူး။ ညီမအခြေခံကအစ ၃နှစ်လုံးလုံးတက်ခဲ့တာဆိုတော့ လေ။”

အဲတော့ အနုပညာကိုညီမဘယ်အရွယ်ကတည်းကစပြီးစိတ်ဝင်စားလည်းဆိုတာပြောပြပေးပါအုံး။

“အနုပညာကတော့ ငယ်ငယ်ကတည်းကအိမ်မှာနေရင် သီချင်းတွေ အော်ဆိုနေတာပေါ့။ ပြီးတော့ ၁၀တန်းအောင်တော့ ကိုယ်ဖြစ်ချင်တာကလေယဉ်မယ်ပေါ့နော်။ လေယဉ်မယ်ဖြစ်ချင်လိုက် အင်ဂျင်နီယာ ဖြစ်ချင်လိုက်ဆိုတော့ ဖြစ်ချင်တာတွေကများနေတော့ ပြီးလဲပြီးရောအနုပညာတက္ကသိုလ် တက်ဖြစ်သွားတာပဲ။ ”

ညီမငယ်ဘဝလေးလည်းပြောပြပါလား။

“ညီမငယ်ငယ်တုန်းကဆိုလို့ရှိရင် ညီမကမောင်နှမ သုံးယောက် ရှိတယ်ပေါ့နော်။ အစ်ကို နှစ်ယောက်ရယ် ညီမရယ်ဆိုတော့ ညီမကအငယ်ဆုံးအပေါ်မှာကညီမအပေါ်မှာအစ်ကိုနှစ်ယောက်ဆိုတော့ အစ်ကိုတွေ မြင်ပါများတော့ ယောက်ျားစိတ်ပေါက်တာပေ့ါနော်။ အဲတော့ ငယ်ငယ်တုန်းကဆိုရင် အစ်ကိုတွေနဲ့ ဂေါ်လီရိုက်တာဆိုအရမ်းယောက်ျားလေးကစားနည်းအကုန်တတ်တယ်။

ညီမအဖေကမြင်းခြံသားဆိုတော့ သူကအဲ့မှာမွေးတယ်လေ။ အမေနဲ့ အဖေနဲ့ ညားပြီးတော့ ညီမကိုရန်ကုန်မှာပဲမွေးတာလေ။ ဒါပေမယ့် ညီမအမေနဲ့ အဖေနဲ့ကသူတို့ရွာကိုခဏခဏ ပြန်တယ်လေ။ အဲဒီမှာ ပြန်လိုက်တာနဲ့ သွားလိုက်တာနဲ့ အဲဒီမှာကြီးပြင်းခဲ့ရတာရှိတယ်။ အဲမှာ မြင်းခြံသူဆိုပြီးတော့ နာမည်ထွက်သွားတာပေါ့နော်။ ညီမကမွေးတာကရန်ကုန်မှာပဲမွေးတာပေါ့နော်။ ဒါပေမယ့် အိမ်ဦးနဲ့ ကြမ်းပြင် သွားလည်နေတာဆိုတော့ ရွာနဲ့တော့ မစိမ်းပါဘူး။ ”

ညီမအခုနကပြောသလိုဆိုTellentမှာတစ်ပင်တိုင်အကနဲ့ အင်္ဂလိပ် သီချင်းပေါ့နော်။ အဲဒီသီချင်းကိုတစ်ပင်တိုင်အကနဲ့ ပေါင်းစပ်တဲ့အခါမှာဘယ်လိုတွေ ကြိုးစားခဲ့ရတာရှိလဲရှင့်။

“အဲဒီတပင်တိုင်အကကိုညီမကညီမတတ်ထားတဲ့ အကပေါ့နှော်။ တစ်ပင်တိုင် အကနဲ့ အဆိုကိုတစ်ပင်တိုင် အကရယ် မဟုတ်ဘူးပေါ့နော်။ အကနဲ့ အဆိုနဲ့ အင်တာနေရှင်နယ်အကနဲ့ ပေါင်းစပ်မယ်ပေါ့။  Tellent ပြချင်တယ်ပေါ့။ ကိုယ် အိုက်ဒီယာနဲ့ ပေါင်းစပ်ပြီးပေါ့နော်။ ညီမကျောင်းကိုသွားတယ်။ ကျောင်းမှာကိုယ့် ဆရာဆရာမတွေ ရှိတယ်ပေါ့။ သူတို့ အကူညီတောင်းတယ်။ တီချယ်ဆိုရင်လည်း တစ်ပင် တိုင်အကကို ပြန်ပြီး နွှေးပေးတယ်ပေါ့။ ပြီးတော့ ညီမအဒေါ်ကယဉ်ကျေးမှု တက္ကသိုလ်မှာအကမင်းသမီးဆိုတော့လေသူကလည်းအိမ်မှာရှိနေတယ်ဆိုတော့ မစိမ်းဘူးလေ။

အဲမှာအမြဲတမ်းကဖြစ်နေတာပေါ့နော်။ သူကလည်းသင်ပေးတယ်။ ဆရာမကလည်းသင်ပေးတယ်။ အဆိုအနေနဲ့တော့ ကျောင်းမှာဆရာရှိတယ်လေဆရာနဲ့ကညီမကအဆိုကိုအင်တာနက်ကနေဒေါင်းလုပ် ဆွဲပြီးတော့ တစ်ပင်တိုင် အကတီးလုံးနဲ့ အင်္ဂလိပ် သီချင်းနဲ့ စပ်ပြီးတော့ Tellentတစ်ခုအနေနဲ့ ပြသခဲ့တာပါ ရှင့်။ ”

ရှေ့ဆက်ပြီးတော့ ဘယ်လောက် အတိုင်းတာထိအနုပညာလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ စဉ်းစားထားလဲ။

“ညီမအနေနဲ့ အနုပညာအလုပ်ကိုသရုပ်ဆောင် အရင်ကလည်းလုပ်ခဲ့တယ်ဆိုတော့ ညီမကိုတစ်ခုကမ်းလှမ်းခဲ့မယ်ဆိုရင် သရုပ်လုပ်ငန်းကိုဆက်လုပ်ဖြစ်မယ်ပေါ့။ အခုလောလောဆယ်တော့ ညီမသီချင်းအခွေထုတ်ဖို့ စီစဉ်နေတယ်။ သီချင်းလေးတွေလည်းစုနေတယ်”

ညီမကိုအရင်တုန်းကအိပ်မက် ဆုံရာမှာဝင်ပြိုင်တဲ့ သူတစ်ယောက်အနေနဲ့လည်းသိကြပြီပေါ့နော်။ အဲတော့ အဲတုန်းကအကြောင်းလေးတွေ နည်းနည်းလောက် ပြန်ပြီးပြောကြည့်ရအောင်။ ပရိတ်သတ်တွေ ပိုပြီးသိသွားအောင်ပေါ့နော်။

“အိပ်မက်ဆုံရာဝင်ပြိုင်တုန်းကတော့ ညီမအိမ်မက်ဆုံရာ Season 5 ပေါ့နော်။ Runner up ရရှိခဲ့တယ်” Miss တစ်ယောက် ဖြစ်သွားပြီဆိုတော့ နောက်ပိုင်းမှာဆက်ပြီးတော့ တာဝန်ထမ်းဆောင်ရတဲ့ အပိုင်းမှာပရဟိတကိစ္စရပ်တွေ လုပ်တာတွေ ရှိမယ်။ ပြီးတော့ အခြားသောလူမှုရေးကိစ္စ အဝဝမှာတာဝန်ယူရမှာတွေ ရှိတယ်ပေါ့နော်။ အဲဒီ“အတွက်ညီမစိတ်ထဲမှာဘယ်လိုမျိုးစိတ်ခံစားမှုမျိုးနဲ့ ကြိုးစားသွားမှာလဲ။

“ညီမကချမ်းသာတဲ့ အသိုင်းဝိုင်းကမဟုတ်ပါဘူး။ သာမန်လူတန်းစားပဲဆိုတော့ ကိုယ် ဒီ Miss ကိုဝင်ရောက်ယှဉ်ပြိုင်တော့ ညီမ ဖြစ်ပါ့မလားပေါ့။ ပိုက်ဆံငွေကြေးအကုန်အကျလည်းများမယ်ပေါ့နော်။ ညီမဝင်ရောက်ယှဉ်ပြိုင်တော့ အဲလိုညီမဆိုက်ကိုတွေ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲလိုမဟုတ်ဘူး။ MGM က ဆရာသမားတွေကလည်းအယောက် ၃၀ လုံးကိုလိုအပ်သမျှ စီစဉ်ပေးတယ်။

အကုန်လုံးစပွန်ဆာတွေ  အကုန်လုံးစီစဉ်ပေးတယ်။ အဲအတွက် ကိုယ့်ဘာမှ ကုန်ကျတာမရှိဘူးပေါ့နော်။ အဓိကကိုယ်က ကြိုးစားရမှာပေါ့နော်။ ကိုယ်တတ်မြောက်ရမယ့် အသိပညာတွေ ကိုယ်လေ့လာရမယ့် စာတွေ အဲတာတွေကို ကိုယ်ကအကောင်းဆုံး ကြိုးစားရမယ်။ ကိုယ်ကအောင်မြင်မှု တစ်ခုကိုရချင်တယ်ဆိုရင်တော့ အကောင်းဆုံးကြိုးစားရမှာပေါ့နော်။
ကိုယ့်ရဲ့ ဆရာသမားတွေ ပြောတာတွေ လေ့လာတယ်။ ရှေ့က အစ်မတွေ သင်ပေးတာကိုလည်းအကောင်းဆုံးလေ့လာခဲ့တယ်ပေါ့နော်။

ရှေ့ဆက်ပြီးတော့ ကိုယ်ကပရဟိတလုပ်ငန်းတွေကလည်းလူတိုင်းကလုပ်ဆောင်ရမှာပဲလေ။ ဒုက္ခရောက်နေတဲ့သူတွေကိုကူညီရမှာ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ပေါ့နော်။ မြန်မာလူမျိုးတွေက ကူညီတတ်တဲ့ စိတ်ဓာတ်ရှိတယ်ပေါ့နော်။ အဲအတွက် ညီမရှေ့ဆက်ပြီးတော့လည်းအနုပညာအလုပ်ကိုအကောင်းဆုံးလုပ်ဆောင်သွားမယ်။ ပရဟိတကိုလည်းအကောင်းဆုံးလုပ်ဆောင်သွားမယ်။

ပြီးတော့နိုင်ငံကိုယ်စားပြု အလှမယ် ဖြစ်ချင်တဲ့ ညီမငယ်လေးအတွက် MGM က အမြဲတမ်း ကြိုဆိုပါတယ်လို့ ညီမလေးတို့မှာပိုက်ဆံမရှိလို့ပဲ ဖြစ်ဖြစ် စိတ်အားငယ်နေစရာမလိုဘူးပေါ့နော်။ လာပါ ညီမလေးတို့မှာအကောင်းဆုံးအရည်အချင်းတွေ ရှိတယ်။ အကောင်းဆုံးလှပတဲ့ စိတ်ဓာတ်တွေ ရှိတယ်ဆိုတာအစ်မယုံကြည်တယ်ပေါ့နော်။ အစ်မတို့ကအမြဲတမ်း ကြိုဆိုနေပါတယ် စိတ်ဓာတ်မကျပါနဲ့လို့ ပြောချင်ပါတယ်။ ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly