ဧရာမြန်မာ အာမခံလုပ်ငန်းမှ ဆီးဂိမ်းတွင်ဒဏ်ရာရခဲ့သော ကစားသမားများကို လျော်ကြေးငွေ ပေးအပ်

ဧရာမြန်မာ အာမခံလုပ်ငန်းမှ ဆီးဂိမ်းတွင်ဒဏ်ရာရခဲ့သော ကစားသမားများကို လျော်ကြေးငွေ ပေးအပ်
ဧရာမြန်မာအာမခံလုပ်ငန်းမှ လျော်ကြေးရရှိခဲ့သော အားကစားသမားများ။

ဇူလိုင် ၂၊ ရန်ကုန်။ ။ ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများထဲမှ ပြိုင်ပွဲကာလအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကစားသမားများကို ကိုယ်အဂါၤထိခိုက်မှု အာမခံလျော်ကြေးငွေ ၁၂ သိန်းအား ဇူလိုင်လ ၁ ရက် က ပေးအပ်ခဲ့သည် ဟု ဧရာမြန်မာအာမခံလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမင်းသူက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ကစားသမားများမှာ ဘောလုံးမှ ဝင်းဇင်ဦးနှင့် ရှိုင်းသူရ၊ ဟော်ကီမှ စိုးလင်းအောင်၊ ရေကူးအားကစားမှ ဇော်မျိုးထက် တို့ဖြစ်ကြသည်။“ ကျွန်တော်တို့ ဆီက ဒီဆီးဂိမ်းမတိုင်ခင်မှာ အား/ကာ နဲ့ ညှိပြီးတော့ ကစားသမားအတွက် အာမခံလုပ်ပေးခဲ့ပါတယ်။ ပြိုင်ပွဲကာလအတွင်းမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကစားသမားတွေကို အာမခံလျော်ကြေးငွေပေးအပ်တာပါ။ အားလုံးပေါင်း ၅ ယောက်ပါ။ ဒါပေမဲ့ ခြင်းလုံးအားကစားက တစ်ယောက်ကတော့ ပြည်ပအထိ သွားကုနေလို့ မပေးရသေးပါဘူး။ ပြန်လာရင် ပေးသွားမှာပါ။ သူတို့ဒဏ်ရာကိုတော့ ကျွန်တော်တို့ဆီက သတ်မှတ်ထားတဲ့ ထိခိုက်ဒဏ်ရာစစ်ဆေးမှုအတိုင်း စစ်ဆေးပြီး ကိုယ်အင်္ဂါထိခိုက်မှုအာမခံလျော်ကြေးပေးတာပါ။ နောက်ထပ်လည်း အားကစားပြိုင်ပွဲတွေရှိရင် ကစားသမားတွေကို အာမခံပေးဖို့ စီစဉ်ထားပါတယ် ” ဟု ဦးမျိုးမင်းသူက ပြောသည်။

ယခုနှစ် ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားပေါင်း ၄၀၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ ၁၂၊ ငွေ ၂၆၊ ကြေး ၃၁ ဆုတံဆိပ်စုစုပေါင်း ၆၉ ခု ဖြင့် အဆင့်ရပ်တည်မှု ၇ တွင် ရပ်တည်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly