မိုးခေါင်မှုဒဏ်ကို အိန္ဒိယပြည်သူ သန်း ၃၀၀ ကျော် ရင်ဆိုင်နေရ

မိုးခေါင်မှုဒဏ်ကို အိန္ဒိယပြည်သူ သန်း ၃၀၀ ကျော် ရင်ဆိုင်နေရ

နယူးဒေလီ၊ ဧပြီ ၂၁ ။              ။ အိန္ဒိယတွင် ပြည်သူပေါင်း ၃၃၀ သန်းကျော်က မိုးခေါင်မှုဒဏ်ကို ရင်ဆိုင်ခံစားနေရကြောင်း အစိုးရက ပြောသည်။

အချို့သောပြည်နယ်များတွင် ရေရှားပါးပြတ်လပ်မှုနှင့်အတူ မိုးခေါမှု ရင်ဆိုင်နေရသည့် ပြည်သူဦးရေ ထပ်တိုးလာနိုင်ကြောင်းလည်း အာဏာပိုင်များက ပြောကြားသည်။

အိန္ဒိယနေရာများတွင် အပူလှိုင်းဖြစ်ပေါ်၍ အပူချိန်မှာ ၄၀ ဒီဂရီဆဲလ်စီရပ်စ်ဝန်းကျင်တွင်ရှိနေခြင်းကြောင့် ယခုကဲ့သို့ မိုးခေါင်မှု ကြုံတွေ့ခြင်းဖြစ်သည်။

အနောက်ပိုင်း မဟာရာရှာထရာပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် ဘုံဘိုင်မှ ရေသယ်သည့် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး အပူလျှပ်ကာ သေဆုံးသည်။

ထိုမိန်းကလေးမှာ အပူချိန် ၄၂ ဒီဂရီဆဲလ်စီရပ်တွင် အချိန်လေးနာရီကြာ ဘုံဘိုင်သို့ ခေါက်တုံခေါက်ပြန် ရေခပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အပူလျှပ်သေဆုံးခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် မုတ်သုံမိုးကို အလွန်အားထားနေရသည့် နိုင်ငံဖြစ်ပြီး နှစ်နှစ်ကြာ မုတ်သုံအဝင်နည်းမှုကိုလည်း ကြုံတွေ့နေရလျက်ရှိသည်။

နိုင်ငံတွင်း လူဦးရေ၏ လေးပုံတစ်ပုံနီးပါး နေထိုင်ရာ ခရိုင်ပေါင်း ၂၅၆ ခရိုင်ဝန်းကျင်နီးပါးမှာ မိုးခေါင်မှုဒဏ် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း အစိုးရက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly