ရန်ကုန်နှင့်ကစားရမည့် ပွဲကို ရတနာပုံနောက်ခံလူ ရဲဝင်းအောင်လွဲမည်

ရန်ကုန်နှင့်ကစားရမည့် ပွဲကို ရတနာပုံနောက်ခံလူ ရဲဝင်းအောင်လွဲမည်
ရန်ကုန်နှင့်ပွဲကို လွဲချော်မည့် ရတနာပုံနောက်ခံလူ ရဲဝင်းအောင်။

ဇူလိုင် ၂၊ ရန်ကုန်။ ။ မြန်မာနေရှင်နယ်လိဂ်ပထမအကျော့နောက်ဆုံးပွဲစဉ်အဖြစ် မန္တလေးမြို့၊ဗထူးကွင်းတွင်ကစားရမည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့်ပွဲစဉ်ကို ရတနာပုံနောက်ခံလူ ရဲဝင်းအောင် လွဲချော်မည်ဖြစ်သည်။

ရဲဝင်းအောင်မှာ ကမ္ဘောဇအသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့သောပွဲတွင် ပေါင်ခြံဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ယင်းဒဏ်ရာကြောင့် နှစ်ပတ်ခန့်အနားယူရမည်ဖြစ်သည်။ “ကမ္ဘောဇနဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့အတွက် ရန်ကုန်နဲ့ပွဲကို ကျွန်တော်ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ ဒီအတွက် ပရိသတ်တွေကို တောင်းပန်ပါတယ်။ ဒဏ်ရာက နှစ်ပတ်လောက်တော့နားရမယ်”ဟု ရဲဝင်းအောင်ကပြောသည်။

ရတနာပုံအသင်းမှာ ယခုနှစ်မြန်မာနေရှင်နယ်လိဂ်တွင် ချန်ပီယံဘွဲ့ကာကွယ်နေရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အမှတ်ပေးဇယားကိုဦးဆောင်နေသော ရန်ကုန်အသင်းနှင့် ၁၀မှတ်အထိကွာဟနေသည်။ ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ပွဲစဉ်ကို ဇူလိုင်လ ၅ ရက်၊ ညနေ ၄း၀၀နာရီတွင် မန္တလေးမြို့၊ဗထူးကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly