ထိုင်းနိုင်ငံ၌ ကျင်းပမည့် MMA ပြိုင်ပွဲတွင် မြန်မာကစားသမားနှစ်ဦး ၀င်ပြိုင်မည်

ထိုင်းနိုင်ငံ၌ ကျင်းပမည့် MMA ပြိုင်ပွဲတွင် မြန်မာကစားသမားနှစ်ဦး ၀င်ပြိုင်မည်
မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သည့် MMA ပြိုင်ပွဲတွင် ကြယ်လင်းအောင်နှင့် ရဲသွေးနီတို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဧပြီ ၁၉ ၊ ရန်ကုန် ။               ။ ထိုင်းနိုင်ငံတွင် လာမည့် မေလအတွင်း ကျင်းပပြုလုပ်မည့် (ဘက်စုံကိုယ်ခံပညာသုံး) MMA ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကစားသမားနှစ်ဦး သွားရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါ MMA ပြိုင်ပွဲကို မေ ၂၇ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကစားသမားနှစ်ဦးမှာ ကြယ်လင်းအောင်နှင့် ရဲသွေးနီ တို့ ဖြစ်ကြသည်။

ကြယ်လင်းအောင်နှင့် ရဲသွေးနီတို့သည် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သည့် MMA ပြိုင်ပွဲတွင် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ယင်းပွဲ၌ ကြယ်လင်းအောင်က ရဲသွေးနီအား အနိုင်ရခဲ့သည်။

လာမည့် ထိုင်းနိုင်ငံ MMA ပြိုင်ပွဲတွင်မူ ကြယ်လင်းအောင်နှင့် ရဲသွေးနီ တို့သည် ထိုင်းနိုင်ငံမှ MMA ကစားသမားများနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ကစားသမားစာရင်းမှာမူ လက်ရှိအထိ ထွက်ပေါ် လာခြင်းမရှိသေးပေ။ MMA ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှစတင်ကာ ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာကစားသမားများအနေဖြင့်လည်း ပြည်ပနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ထိုးသတ်ခြင်းမှာ ပထမဆုံး ဖြစ်သည်။

MMA ပြိုင်ပွဲကို နှစ်စဉ်နိုင်ငံတကာ၌ တစ်နှစ်လျှင် ၂၄ ပွဲခန့် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၅ ခုနှစ်အတွင်း နှစ်ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ပရိသတ်များ စိတ်ဝင်စားမှု မြင့်တက်လျက် ရှိသည်။ ပြီးခဲ့သည့် မတ် ၁၈ ရက် MMA ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံ၌ နာမည်ကျော်ကြားနေသည့် ကချင်တိုင်းရင်းသား MMA ကစာသမား အောင်လအန်ဆိုင်း ပါဝင်ခဲ့သည့်အတွက် ပရိသတ်များ တခဲနက် လာရောက်အားပေးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly