မြန်မာ ယူ-၁၅ အသင်း ဂျပန်ကလပ် ကိုဘေးနှင့် ပဥ္စမနေရာလုရမည်

မြန်မာ ယူ-၁၅ အသင်း ဂျပန်ကလပ် ကိုဘေးနှင့် ပဥ္စမနေရာလုရမည်
လာအို ယူ-၁၅ အသင်းနှင့် ယှဉ်ပြိုင်ကစားနေသော မြန်မာ ယူ-၁၅ အသင်းအား တွေ့ရစဉ် (ဓာတ်ပုံ - လာအိုဘောလုံးအဖွဲ့ချုပ်)

ဇူလိုင် ၂၊ ရန်ကုန်။ ။ ဂျပန်နိုင်ငံအိုဆာကာမြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၁၅ ဂျပန်- မဲခေါင် ယူ-၁၅ ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းသည် ဇူလိုင်လ ၃ ရက်တွင် ဂျပန်ကလပ် ကိုဘေးအသင်းနှင့် ပဉ္စမနေရာလုပွဲ ကစားရမည် ဖြစ်သည်။

မြန်မာ့ ယူ-၁၅ အသင်းသည် အဆိုပါပြိုင်ပွဲတွင် အုပ်စု (ခ) ၌ ထိုင်း၊ လာအို၊ ဂျပန်ကလပ် ဟီရိုရှီးမားကလပ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စုအဖွင့်ပွဲတွင် ဟီရိုရှီးမား အသင်းကို ၃-၂ ဖြင့် အနိုင်ရခဲ့သည်။ သို့သော် ဇူလိုင်လ ၂ ရက် ၌ လာအိုအသင်းနှင့် မနက်ပိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားရာ၌ ၁-၁ ဖြင့် သရေ၊ ထိုင်းအသင်းနှင့် နေ့လည်ပိုင်းပွဲစဉ် ကစားရာ၌ ဝ-၂ ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ဆီမီးဖိုင်နယ်လေးသင်းအဆင့် သို့ မတက်ရောက်နိုင်ခဲ့ပဲ ပဉ္စမနေရာလုပွဲ ကစားရခြင်း ဖြစ်သည်။

အခြားပွဲစဉ်များတွင် ဂျပန်ကလပ် ဟီရိုရှီးမား အသင်းက ထိုင်းအသင်းနှင့် လာအို အသင်းတို့ကို အနိုင်ရကာ ရမှတ် ခြောက်မှတ်ဖြင့် အုပ်စု ပထမ ရကာ လာအိုအသင်းက မြန်မာနှင့် သရေ၊ ထိုင်းအသင်းကို နိုင်ကာ ရမှတ် လေးမှတ်ဖြင့် အုပ်စု ဒုတိယ ရကာ ဆီမီးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မောင်ဝင်း၊ လက်ထောက်နည်းပြအဖြစ် ဦးရဲဝင့်သူ တို့က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ကစားသမားများအဖြစ် ထက်ဝေလျံစိုး၊ အောင်မြင့်မြတ်၊ အောင်ဝဏ္ဏစိုး၊ မြင့်မြတ်သူ၊ အောင်အောင်ဇင်၊ ပြည့်ဖြိုးမောင်၊ ဘိုဘိုအောင်၊ သက်ပိုင်ထွေး၊ မြတ်ကောင်းခန့်၊ သီဟဇော်၊ ပြည့်စုံနိုင်၊ ထွန်းဆိုင်၊ ထက်ဖြိုးဝေ၊ ဟိန်းထက်အောင်၊ ဝင်းနိုင်ထွန်း၊ သက်ပိုင်ထူး၊ ကျော်ကျော်ထက် တို့ ပါဝင်ကစားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly