ဒီကေဘီအေ နှင့် အစိုးရတပ်တို့ ညနေ လေးနာရီထိ တိုက်ပွဲများဖြစ်နေပွားနေဟု ဗိုလ်မှူးကြီး စောဆန်းအောင်ပြော

ဒီကေဘီအေ နှင့် အစိုးရတပ်တို့ ညနေ လေးနာရီထိ တိုက်ပွဲများဖြစ်နေပွားနေဟု ဗိုလ်မှူးကြီး စောဆန်းအောင်ပြော

ကရင်ပြည်နယ် အာရှလမ်းမကြီး၏ မြဝတီနှင့် ကော့ကရိတ်မြို့ကြားလမ်းပိုင်း ကော့နွဲ့ရွာနှင့် တစ်မိုင်ခန့်အကွာတွင် အစိုးရတပ်မတော်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ ဇူလိုင်လ ၂ ရက် ညနေ လေးနာရီ အချိန်ထိ တိုက်ပွဲများဖြစ်ပွားနေပြီး ဒီကေဘီအေအဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ဒီကေဘီအေမှ ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္ဈိမကိုပြောသည်။

ဗိုလ်မှူးကြီး စောဆန်းအောင်က “အခု လွန်ခဲ့တဲ့ မိနစ် ၂၀အထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ မနက် ငါးနာရီခွဲကတည်းက သူတို့က စပစ်တာ။
ဒီကေဘီအေ ဘက်က ၉ နာရီလောက်ကမှ စပစ်တာ။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တာ အလုံး လေးငါးဆယ်လောက်ရှိပြီ။ စက်သေနတ်တွေလည်းပါတယ်” ဟု ဇူလိုင်လ ၂ ရက် ညနေ၄နာရီခွဲ အချိန်က ပြောသည်။

အစိုးရ စစ်တပ် တပ်ရင်း ၂၃၀၊ ၂၃၁ နှင့် ဒီကေဘီအေတို့ တိုက်ပွဲဖြစ်နေပြီး အာရှလမ်းမကြီး၏ မြဝတီ-ကော့ကရိတ်
မြို့ကြားလမ်းပိုင်းရှိ ဒီကေဘီအေ တပ်များကို အစိုးရစစ်တပ်က ဖယ်ရှားခိုင်းရာမှ တိုက်ပွဲများဖြစ်ပွားခြင်း ဖြစ်သည်ဟုဆိုသည်။ 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာငြိမ်ချမ်းရေးစင်တာ (MPC)၏ တာဝန်ရှိသူထံသို့ အကြောင်းကြားထားသည်ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags