AFC Cup အုပ်စုလက်ကျန်နှစ်ပွဲတွင် ခြောက်မှတ်ရရန် မလွယ်ကူတော့ ဟု ဧရာဝတီနည်းပြ သုံးသပ်

AFC Cup အုပ်စုလက်ကျန်နှစ်ပွဲတွင် ခြောက်မှတ်ရရန် မလွယ်ကူတော့ ဟု ဧရာဝတီနည်းပြ သုံးသပ်
၂၀၁၆ AFC Cup အုပ်စုအဆင့်တွင် ဘန်ဂါလူရာအသင်းကို ရှုံးနိမ့်ပြီးနောက် ကွင်းပြင်သို့ ထွက်လာသည့် ဧရာဝတီအသင်းအား တွေ့ရစဉ် (ဓာတ်ပုံ - ရွှေဘုတ်)

ဧပြီ ၁၈ ၊ ရန်ကုန် ။            ။ ဧရာဝတီယူနိုက်တက်အသင်းအနေဖြင့် ၂၀၁၆ AFC Cup အုပ်စုအဆင့် လက်ကျန်နှစ်ပွဲတွင် ခြောက်မှတ်ရရန် မလွယ်ကူနိုင်တော့ ဟု နည်းပြ ဦးကျော်လွင်က ဘန်ဂါလူရာ အသင်းကို ၅-၃ ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် AFC Cup အုပ်စုလက်ကျန်နှစ်ပွဲအဖြစ် ဧပြီ ၂၇ ရက်တွင် လက်ရှိချန်ပီယံ ဂျိုဟိုးအသင်နှင့် အိမ်ကွင်း၊ မေ ၁၁ ရက်တွင် လာအိုတိုယိုတာအသင်းနှင့် အဝေးကွင်းပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

“ ပြီးခဲ့တဲ့ ဘန်ဂါလူရာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲက အသင်းကို အရမ်းနစ်နာစေခဲ့ပါတယ်။ ဒီအရှုံးကြောင့် နောက်တစ်ဆင့်တက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် ဘန်ဂါလူရာအသင်းက နောက်ပွဲမှာ လာအို တိုယိုတာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။ ဒါက သူတို့အသင်းအတွက် အခွင့်အရေးကောင်းပါပဲ။ ကျွန်တော်တို့အသင်းကတော့ ဂျိုဟိုးကို အိမ်ကွင်းမှာ လက်ခံကစားရမယ်။ ပြီးရင်တော့ လာအိုတိုယိုတာအသင်းကို အဝေးကွင်းကစားရမှာပါ။ ဒီနှစ်ပွဲမှာ အသင်းအနေနဲ့ ရမှတ် ခြောက်မှတ်ပြည့် ရဖို့ဆိုတာ မလွယ်ကူတော့ပါဘူး ” ဟု ဧရာဝတီနည်းပြ ဦးမျိုးဝင်းက သုံးသပ်ခဲ့သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၆ AFC Cup အုပ်စု (ဇ) တွင် အိန္ဒိယကလပ် ဘန်ဂါလူရာအသင်း၊ လာအိုကလပ် လာအိုတိုယိုတာအသင်း၊ မလေးရှားကလပ် ဂျိုဟိုးအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။ ဧရာဝတီအသင်းသည် လက်ရှိတွင် အုပ်စုပွဲစဉ် လေးပွဲကစားပြီးချိန်၌ တစ်ပွဲသာ အနိုင်ရပြီး သုံးပွဲအထိ ရှုံးနိမ့်ထားကာ ရမှတ် သုံးမှတ်ဖြင့် အမှတ်ပေးဇယား အဆင့် သုံးနေရာတွင်သာ ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly