AA တပ်ဖွဲ့ဝင် ၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ

AA တပ်ဖွဲ့ဝင် ၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ လွတ်ငြိမ်းခွင့်နှင့် ယနေ့ ဧပြီ ၁၇ ရက်နေ့တွင် အကျဉ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် စစ်တွေမြို့နယ်အကျဉ်းထောင်မှ ရက္ခိုင့်တပ်မတော် AA အဖွဲ့ဝင် ၄ ဦးလည်း ပါရှိခဲ့ကြောင်း သိရသည်။

၎င်း ၄ ဦးမှာ မင်းပြားမြို့နယ်က မောင်ရွေလုံးနှင့် ကျောက်တော်မြို့နယ်က စံအေးမောင်၊ စံမောင်သာနှင့် ဦးတင်ရွှေတို့ဖြစ်ကြပြီး မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နှင့် ထောင် ၃ နှစ်စီ ချမှတ်ခံထားရသူများ ဖြစ်ကြောင်း သိရသည်။

“နောက်ထပ်ထောင်ထဲမှာ ကျန်ခဲ့တဲ့ အဖွဲ့ဝင်တွေ အားလုံးကိုလည်း မကြာခင် လွတ်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေနှင့် ဆက်နွယ်သူတွေကို နိုင်ငံတော်သမ္မတက သူ့လက်ထက်မှာ လွှတ်ပေးမယ်လို့ ပြောထားတာကြောင့်ပါ။ ” ဟု လွတ်ငြိမ်းခွင့်တွင် ပါဝင်သူ AA တပ်ဖွဲ့ဝင် ကိုစံအေးမောင်က မဇ္ဈိမကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလနှင့် ဒီဇင်ဘာလများတွင် ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး AA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးစစ်ဆေးလျှက်ရှိရာ ၃၆ ဦးကို ပြီးခဲ့သည့် မတ်လနောက်ဆုံးသီတင်းပတ်က ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags