ဝေလ၏ မိတ်ကပ်မကြိုက်သော သီချင်းများ DVD တွင် MTV သီချင်း ငါးပုဒ် အပိုထည့်ပေးမည်

ဝေလ၏ မိတ်ကပ်မကြိုက်သော သီချင်းများ DVD တွင် MTV သီချင်း ငါးပုဒ် အပိုထည့်ပေးမည်
ဓာတ်ပုံ - မဇ္စျိမ

ရန်ကုန် ၊ ဇူလိုင် ၂ ။   ။ သီချင်းပုံစံ ဆန်းဆန်းများဖြင့် ဂီတလောကတွင် အောင်မြင်မှုရပြီး  ဂီတဆု ခြောက်ဆု ပိုင်ဆိုင် ထားသည့် အဆိုတော် ဝေလ၏ မိတ်ကပ်မကြိုက်သော သီချင်းများ DVD အခွေကို ဇူလိုင် ၁၂ရက်တွင် Bo Bo Music Production က စတင် ဖြန့်ချိ သွားမည် ဖြစ်သည်။

အဆိုတော် ဝေလ၏ မိတ်ကပ်မကြိုက်သော သီချင်းများ DVD အခွေ ထွက်ရှိခြင်းအတွက် စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇူလိုင် ၂ရက်တွင် မွန်းလွဲ ၁နာရီမှ ၃နာရီ အထိ ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ကျင်းပ ပြု လုပ် ခဲ့သည်။

အဆိုတော် ဝေလက "ဒါရိုက်တာ ၁၄ယောက်ရဲ့ ပုံဖော်မှု အတိုင်း ရိုက်ကူး ထားတယ်။ ကျွန်တော် DVD အခွေမှာ Bonus Track အနေနဲ့ MTV သီချင်း ၅ပုဒ် အပို ထည့်ပေး ထားတယ်။ ဝယ်ကြည့်တဲ့ သူတွေ အတွက် တန်အောင် ထည့်ပေး လိုက်တဲ့ သဘော ပါ။ ခင်လေးစိမ်းတယ် ဆိုတဲ့ သီချင်းကို တော့ ကျွန်တော် ဟိုးအရင် ခေတ် က ပုံစံမျိုး ရိုက်ကူး ထားပါတယ်" ဟု ပြောသည်။

ထိုအခွေတွင် သီချင်း စုစုပေါင်း ၁၅ပုဒ် ပါဝင်မည် ဖြစ်ပြီး Featuring အဆိုတော်များ အဖြစ် အောင်ဖြိုး ၊ ညလင်းထယ် တို့က ပါဝင် သီဆို ပေးထားကာ သည်။

DVD တွင် သရုပ်ဆောင် များစွာ ပါဝင် သရုပ်ဆောင် ထားပြီး ဒါရိုက်တာများ အနေဖြင့် သုံးပေါင် ၊ ဏကြီး ၊ ဝင်းလွင်ထက် ၊ သည်ခေတ်နေ ၊ စည်သူချိုကြီး ၊ သီဟ(Dyno) ၊ ထူးပိုင်ဇော်ဦး ၊ Green Box ၊ ချမ်းငြိမ်းစိုး ၊ 9 Production ၊ T-7 ၊ သော်ဇင် ၊ ရဲကို ၊ မေဘရဏီ တို့မှ ရိုက်ကူး ပုံဖော် ပေးထားသည်။

အခွေ ထွက်ရှိမည့် ဇူလိုင် ၁၂ရက်တွင် လှည်းတန်း စိန်ဂေယာ၌ ညနေ ၃နာရီ မှ ၅နာရီ အထိ အဆိုတော် ဝေလ နှင့် featuring အဆိုတော် ၂ဦး တို့မှ သီဆို ဖျော်ဖြေမည် ဖြစ်သည်။ အဆိုတော် ဝေလသည် ယခု DVD အခွေ ထွက်ရှိ ပြီးပါက ၎င်း၏ တတိယ အခွေ အတွက် ဆက်လက် လုပ်ဆောင် မည် ဖြစ်သည်။

အဆိုတော် ဝေလသည် The Best Rock Song of Moonsoon ၊ Special Music Award of Moonsoon ၊ The Best Creative Album of the Year (Rock)၊ The Best Song of the Year (Rock) ၊ The Best Singer of the Year (Rock) ဆု အပြင် ရွှေ FM မှ ချီးမြှင့်သည့် အကောင်းဆုံး ရော့ခ်သီချင်းဆုကိုလည်း ရရှိ ထားသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly