သူတို့ပြောတဲ့ နှစ်သစ်ဆုတောင်းစကား

သူတို့ပြောတဲ့ နှစ်သစ်ဆုတောင်းစကား

ခူဦးရယ် ဒုဥက္ကဌ

(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)

 

သြင်္ကန်က ဗုဒ္ဓဘာသာရကြည့်ရင်တော့ အတာသြင်္ကန်ပြီးရင်တော့ နှစ်သစ်ကူးတာပေါ့နော်။ အဲတော့ တစ်နှစ်ပတ်လုံး အညစ်အကြေးတွေ ဆေးကြောပြီးတော့ ဘဝသစ်၊ စိတ်သစ် လူသစ် ပတ်ဝန်းကျင်သစ် ကျနော်တို့ သွားကြမယ်ဆိုတဲ့ အမြင် သဘောမျိုးလည်း အားလုံးရှိကြတယ်လို့ ကျနော်မြင်တယ်။ အဲဒါကြောင့် ကျနော်တို့ မြန်မာပြည်မှာလည်း အစိုးရသစ်လည်း တက်လာပြီပေါ့နော်။ မတူကွဲပြားတဲ့အစိုးရ ပုံစံတခုရောက်လာတယ်လို့ ပြောလို့ရတယ်ဆိုတော့ ၂၀၁၆ နှစ်သစ်ကူး နောက်ပိုင်း မှာတော့ ကျနော်တို့ မြန်မာပြည်ရဲ့ လူမှုဘဝအခြေအနေ တစ်စုံလုံးပေါ့နော်။ တဖြည်းဖြည်းချင်း ကောင်းတဲ့ဘက် ဦးတည်ပြီးတော့ ပြောင်းလဲလင့်မယ်လို့ ကျနော်တို့မျော်လင့်တယ်။ တကယ်တမ်း ဒီမျှော်လင့်ချက် ပြည့်မီဖို့ဆိုတာ ကျနော်တို့နိုင်ငံသားတိုင်း တစ်ဦးချင်းစီကလည်းပဲ ပုံစံသစ်၊ စိတ်သစ်၊ လူသစ်၊ စည်းကမ်းတကျ ရိုင်းပင်းကြဖို့ လိုတယ်။ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်။

 

ဘဝသစ်ကို ထူထောင်ချင်တယ်ဆိုရင် မကောင်းတာတွေကိုတော့ သင်ခန်းစာအဖြစ် ထားပြီးတော့ ကောင်းတဲ့ နည်းလမ်းကို ရှာကြံပြီးတော့လူမှုဘဝ တစ်ခုလုံး သာယာဝပြောနိုင်တဲ့ အေးအတူ ပူအမျှ ယှဉ်တွဲ နေထိုင်နိုင်တဲ့ လမ်းကြောင်းကိုဘဲ ကျနော်တို့ ရှုမြင်ပြီးတော့ အတူတကွ ယှဉ်တွဲ နေထိုင်ဖို့လိုတာပေါ့ဗျာ။ သူတို့လုပ်မှ၊ သူလုပ်မှ၊ ဒီအစိုးရ လုပ်မှ၊ ဒီအစိုးရလုပ်မှ ဟို ဘာသာလုပ်မှ ဒီဘာသာလုပ်မှဆိုတာထက် အားလုံးကျနော်တို့နိုင်ငံသား ဖြစ်ကြပြီဆိုတော့ နိုင်ငံတစ်ခုလုံးရဲ့ အရေးအရာ ကိစ္စအားလုံး တကယ်တမ်း ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တာက ကျနော်တို့နိုင်ငံသားတဦးဆီတိုင်းမှာ တာဝန်ရှိတယ်လို့ ကျနော်ထင်တယ်။ အဲတော့ ဒီအတာသြင်္ကန်ကာလမှာရော၊ လွန်သွားပြီးတဲ့နောက်မှာလည်းဘဲ ကျနော်တို့မြန်မာပြည်မှာရှိတဲ့ ပြည်သူတစ်ရပ်လုံးအနေနဲ့ ကျန်းမာချမ်းသာဖို့၊ အတွေးသစ်၊ အမြင်သစ်နဲ့ ဘဝလှပဖို့ ကျနော်တို့မျော်လင့်ပါတယ်။ နှစ်ပေါင်း ၆၀၊ ၇၀ ကျော်နီးပါး ဒီစစ်ရေးပဋိပက္ခကြောင့် ကျနော်တို့ ဘဝတွေဟာ တော်တော်လည်း အရုပ်ဆိုးခဲ့တယ်။ အကျီးတန်ခဲ့တယ်။ ဘဝတွေ နွန်ချာခဲ့တယ်။ ဒီဘဝကနေ လွတ်မြောက်ပါစေလို့ ကျနော်ဆုတောင်းပါတယ်။

 

နိုင်ဟံသာ ဒုဥက္ကဌ

မွန်ပြည်သစ်ပါတီ(MNSP)

 

အစိုးရသစ်လက်ထက်မှာ အထိုက်အလျှောက်တော့ တိုးတက်မှု ရှိလာလိမ့်မယ်လို့တော့ ယုံကြည်တယ်။ မျှော်လင့်တယ်။ တဖက်က နိုင်ငံသားအားလုံး အမြန်အေးချမ်းပါတယ်။ တဖက်က အေးချမ်းပြီးရင် တိုးတက်ဖို့ ဆက်တိုက် လိုက်လာလိမ့်မယ်။ အေးချမ်းဖို့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့၊ နိုင်ငံရေး ပြသနာကို စားပွဲခုံပေါ်မှာ အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်း မွန်မွန် ဖြေရှင်းနိုင်ဖို့ အဲဒါ အဓိကဘဲ။ လူထုက ဆုတောင်းနေရုံနဲ့ မပြီးဖို့ တဖက်က ဝိုင်းဝန်းအားပေးပါလို့ ပန်ကြားချင်ပါတယ်။

 

စစ်ပြေးဒုက္ခသည်တွေကလည်း စစ်ပြေးဒုက္ခသည်စခန်းမှာ အကြာကြီး ဒုက္ခရောက်နေတဲ့ကိစ္စကလည်း မြန်မြန်ကင်းလွတ်ပါစေ၊ လာမဲ့ နှစ်သစ်မှာ နှစ်ဟောင်းက အခက်အခဲ ပြဿနာတွေအားလုံး ပြေလည်ပြီးတော့မှ သာယာချမ်းမြေ့တဲ့ နှစ်သစ်ဖြစ်ပေစေ၊ နေရပ်အိမ်ကို မြန်မြန်ပြန်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါစေ။

 

ဗိုလ်ချုပ် ဂွမ်မော် ဒုဥက္ကဋ္ဌ (၂)

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)

 

အတာသြင်္ကန်မှာ ကျနော်တို့ လွန်ခဲ့တဲ့အချိန်က ကျနော်တို့အားလုံးရဲက မကောင်းမှုတွေ ကွယ်ပျောက်ပြီးမှ နှစ်သစ်မှာ အားလုံး ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်ပါစေလို့ ဆုတောင်းလိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကောင်းလာမယ်လို့ဘဲ မျော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လွန်ခဲ့တဲ့ အစိုးရ သက်တမ်းတစ်လျှောက်မှာလည်းပဲ ကြိုးစားခဲ့ကြတယ်။ အခုလည်း ပြည်သူကနေ ရွေးကောက်တင်မြောက်လိုက်တဲ့ အနိုင်ရပါတီ ဆက်လက် ဦးဆောင်သွားမယ်ဆိုတော့ ဆက်လက် ကောင်းလာမယ်လို့ဘဲ မျော်လင့်ပါတယ်။

 

၂၀၁၃ ခုနှစ်မှာလည်း ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နဲ့ UPWC တို့သဘောတူညီထားတဲ့အချက်တွေကို ပြန်ပြီး အကောင်အထည်ဖော်လို့ ရှိရင် IDP တစ်ချို့ စံပြအနေနဲ့ လုပ်နိုင်တဲ့ နေရာတွေကို စပြီး အကောင်အထည်ဖော်နိုင်ဖို့ ဆိုတဲ့ မျော်လင့်ချက်ရှိပါတယ်။ အဲဒီကနေ အစပြုပြီး ကျနော်တို့ IDP များလည်း မိမိနေရပ်ကို ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလို ဖြစ်နိုင်ဖို့ ကြိုးစားဖို့ စီစဉ်လျက်ရှိပါတယ်။

 

တာပန်လ နိုင်ငံခြားရေးဌာနမှူး (ပလောင်လွတ်မြောက်ရေးတပ်ဦး (PSLF)

 

နှစ်သစ်မှာ အထူးသဖြင့် စစ်ဘေးရှောင်နေရတဲ့ ကျနော်တို့ပြည်သူတွေအတွက် အထူးဘဲ ဆုတောင်းပေးချင်ပါတယ်။ လာမဲ့ မြန်မာနှစ်သစ်မှာ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် အမြန်ဆုံး ချုပ်ငြိမ်းပြီးတော့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ၊ တောထဲမှာ၊ တောင်ထဲမှာ၊ ဒုက္ခဘေးရှောင်စခန်းတွေမှာ နေနေရတဲ့ ပြည်သူတွေ အမြန်ဆုံး သူတို့ရဲ့ အိမ်ကို ချောချောမွေ့မွေ့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်သွားနိုင်ကြပါစေလို့ ကျနော်ဆုတောင်းပေးချင်ပါတယ်။

 

ဗိုလ်မှူးချုပ် စပ်စိုင်ထူး(ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)

 

တက်လာမယ့် အစိုးရသစ်ကို ကြိုဆိုပါတယ်။ ကျနော်တို့ ရည်မှန်းထားတဲ့ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စုရေးကို ဖြစ်မြောက်အောာင် ကျနော်တို့UNFC နဲ့သော်လည်းကောင်း တက်လာမဲ့အစိုးရနဲ့ ပူးပေါင်းပြီးတော့ အကောင်အထည်ဖော်သွားရန်၊ သမ္မတကြီးနဲ့ လွှတ်တော်ကိုယ်စာလှယ်များ၊ တိုင်းရင်းသားများ အားလုံး၊ ပြည်သူလူထုအားလုံး ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပါရန် မျော်မှန်းထားပါတယ်။

 

ကိုထွန်းဇော် အထွေထွေအတွင်းရေးမှူး (ရခိုင်အမျိုးသားကောင်စီ (ANC)

 

နှစ်သစ်မှာ ကျနော်တို့ မြန်မာပြည်သူ၊ ပြည်သားအပေါင်း အကုန်လုံး စိတ်သစ်၊ လူသစ်တွေနဲ့ပေါ့ဗျာ နှစ်ဟောင်းက ရှိခဲ့တဲ့ ရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေ အကုန်လုံး ပျောက်ကင်းပြီးတော့မှ နှစ်သစ်မှာ လိုအင်ဆန္ဒတွေနဲ့ ပြည့်ဝဖို့ ကျနော်တို့ ဆုတောင်းမေတ္တာပို့တလိုပါတယ်။ နောက်ပြီးတော့ ကျနော်တို့ တိုင်းပြည်ကြီးရဲ့ ဖြစ်ရှိနေတဲ့ နှစ်ပေါင်း ၇၀ နီးပါး ပြည်တွင်းကြီးလည်း အမြန်ဆုံး ချုပ်ငြိမ်းနိုင်ပြီးတော့မှ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့တလိုပါတယ်။

 

ဦးသိန်းအောင် 
လွတ်လပ်သော တောင်သူလယ်သမား အသင်းချုပ် (ဥက္ကဌ)

အားလုံးပဲ နှစ်သစ်၊ အစိုးရသစ်မှာ ကြုံတွေ့နေရတဲ့ အချိန်အနှစ်နှစ်အလလ က မျော်လင့်တောင်းတ တဲ့အစိုးရ၊ လွတ်လပ်တဲ့ ပေါ်လစီ၊ မှုဝါဒတွေကို ချပေးနိုင်တဲ့သန့်ရှင်းတဲ့ အစိုးရဖြစ်ပါစေ၊ ပြည်သူမျက်နှာကြည့်တဲ့ အစိုးရတစ်ရပ် ဖြစ်မယ်လို့လည်း မျှော်လင့်တယ်။ နှစ်သစ်မှာ ပြည်သူတွေ အားလုံးလို့ချင်တဲ့ အစိုးရနဲ့ ကြုံတွေ ပါရစေ။ လယ်သမားတွေ ဘဝကို စာနားနားလည်ပေးတဲ့ အစိုးရဖြစ်ဖို့ မျှော်လင့်ပါတယ်။ နှစ်သစ်မှာ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်ကြပါစေလို့ ဆုတောင်းပါတယ်။

နန်းလင်း (တက္ကသိုလ် ကျောင်းသားများသမဂ္ဂ)

တိုင်းသူပြည်သူ၊ပြည်သားအားလုံး အဆင်မှီတဲ့ လူနေမှု ဘဝ၊ ဖက်ဒရယ် ဒီမိုကရေစီ ဘဝရဖို့ အားလုံးကြိုးစား ဖြစ်လာဖို့ကို နှစ်သစ်မှာ ဆုတောင်းပါတယ်။  နှစ်သစ်မှာ ထောင်ထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အချိန်မဆိုင်းလွှတ်ပေးဖို့ကို အစိုးရကို ပြောချင်ပါတယ်၊ ပြည်တွင်းစစ်တွေ ငြိမ်းချမ်းပေးဖို့ကို မျှော်လင့်ပါတယ်။ ဒီနှစ်သြင်္ကန်ကို ဒေါင်းတို့မျိုးဆက် သံချပ်ထိုးမယ်။ ရန်ကုန်နဲ့ ပဲခူးကို ဧပြီ ၉ရက်ကရင် ဧပြီ ၁၇ထိ မဏ္ဍပ်တွေမှာ သြင်္ကန်ဖျော်ဖြေသွားပါမယ်။

ဒေါက်တာ အောင်ထွန်းသက် (စီပွားရေး အကြံပေး) 

ဒီနှစ်ကတော့  လူတိုင်းပျော်ရမယ် နှစ်ဖြစ်ပါတယ်။ နိုင်ငံရေးမှာ လူတိုင်း လိုချင်တယ် နှစ်ဖြစ်လာတယ်။  စိတ်သစ် လူသစ်အားလုံးတောင်တတဲ့ နှစ်ဖြစ်တယ်။ စီးပွားရေး၊ ကျန်းမားရေး၊ လူမှုရေးရောပေါ့။ အားလုံးထူးထးူခြားခြား ပျော်ရပါတယ်။ အစိုးရကိုလည်း သူလုပ်ငန်းတွေမှာ ဝေဖန်နေတာထက် အပြုသဘောဆောင်တဲ့ လိုအပ်တာတွေ တိုင်ပင်ဆွေးနွေးရင်  လိုအပ်တာတွေ ဝိုင်းဝန်းပံ့ပိုးပေးကြပါလို့ပြောချင်ပါတယ်။   

ချစ်သုဝေ (အနုပညာရှင်)

၂၀၁၆ ခုနှစ်မှာ ကျရောက်တဲ့ မြန်မာနှစ်သက်ကူး သြင်္ကန်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့  အတိုက်အခိုက်အနှောက်အယှက် ကင်းတဲ့ဘဝမှာ မကောင်းတဲ့အဟောင်းတွေ အဆိုးညစ်တာတွေထားခဲ့နိုင်ပါစေ။ ပို၍ ပို၍ ကောင်းတဲ့ ဘဝလေးမှာ အဓိပ္ပါယ်ရှိစွာ လန်းဆန်းတက်ကြွပြီး သန့်ရှင်းတဲ့အနဂါတ်ကို စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် တည်ဆောက်နိုင်ပါစေ။ တစ်ဦးနဲ့ တစ်ဦး မေတ္တာထားပြီး နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။ 

ဆလိုင်းအိုက်ဇက်ခင် (ချင်းပြည်နယ်) စည်ပင်၊ လျှစ်စစ် နှင့် စွမ်းအင်းဝန်ကြီး

မြန်မာပြည်သူ၊ပြည်သားအားလုံး စိတ်ချမ်းသာ၊ကိုယ်ချမ်းသား အားလုံးနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်ဆောင်ထားတဲ့ သမ္မတ ဦးထင်ကျော်တို့ ဦးဆောင်နေတဲ့ နိုင်ငံတော်သစ်ကြီးမှာ အနှစ်နှစ်အလလက မျှော်လင့်တောင့်တတဲ့ လူ့အခွင့်အရေး  အပြည့်အဝရရှိပြီး လိုအင်ဆန္ဒပြည့်ဝကြပါစေ။ကျွန်တော်အနေနဲ့ ချင်းပြည်နယ် အစိုးရဖြစ်လာတဲ့အတွက် ပြည့်သူလူထုက တာဝန်ပေးတာခံထားရတဲ့ အတွက်  လူထုကတာဝန်ပေးထားတာ တာဝန်ကျေစွာ ထမ်းဆောင်ပါမယ်။ ချင်းပြည်နယ်အတွက် အကောင်းဆုံး လုပ်ဆောင်သွားပါမယ်လို့ ကတိပေးပါတယ်။

မသီတာ (စမ်းချောင်း) စားရေး ဆရာမ

အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အားလုံးပဲ တိုင်းပြည်ရဲ့ အေးချမ်းသားယာအောင်တည်ဆောက်တဲ့ နေရာမှာ တာဝန်ရှိတယ်။ အားလုံးပဲ ဝိုင်းဝန်းဆောင်ရွက်နိုင်ကြပါစေ၊  လွှတ်တော်အသစ်ကြီးလည်း ရှိလာပြီးဆိုတော့ အစိုးရသစ်တာဝန်ယူရတဲ့ အချိန်မှာ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်တဲ့ အစိုးရ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်၊ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဝေဖန်မှု ရှုံချမှုတွေကို ကင်းလွှတ်ပါစေ။ အစိုးရအပေါ် ချစ်သောသူမေတ္တာများ ရရှိသလို့  မချစ်သောသူများရဲ့ မေတ္တာတွေလည်းရပါစေလို့ နှစ်သစ်မှာဆု တောင်းပေးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly