တရုတ်သို့ ဆန်တင်ပို့မှု သင်္ကြန်ကာလနောက်ပိုင်း တိုးမြင့်လာဖွယ်ရှိ

တရုတ်သို့ ဆန်တင်ပို့မှု သင်္ကြန်ကာလနောက်ပိုင်း တိုးမြင့်လာဖွယ်ရှိ
ရန်ကုုန်မြို့ ဘုုန်းကြီးလမ်းရှိ စဉ့်အိုုးတန်းဆိပ်ကမ်းတွင် ဆိုုက်ကပ်သည့် ဧရာဝတီတိုုင်းမှ ဆန်တင်သင်္ဘာများမှ ဆန်အိပ်များကိုု ကမ်းပေါ်သိုု့သယ်ဆောင်နေကြသည့် ဆိပ်ကမ်းအလုုပ်သမားများအား ဇူလိုင်လ ၂၈ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

သြင်္ကန်ကာလနောက်ပိုင်းတွင် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု တိုးတက်လာဖွယ်ရှိသည်ဟု ဆန်ကုန်သည်များက မျှော်မှန်းထားကြောင်း နိုင်ငံပိုင်သတင်းတွင် ဧပြီ ၈ ရက်က ဖော်ပြသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် မူဆယ်မှ ကုန်သည်များက သြင်္ကန်နောက်ပိုင်း နွေစပါးသစ်များ ဈေးကွက်အတွင်း ဝင်ရောက်လာမည်ဟု ပြောသည်။

ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးတက်နေခြင်းကြောင့် ကုန်သည်များအနေဖြင့် အဝယ်နည်းမှုနှင့် ရင်ဆိုင်နေရသည်။ မူဆယ်ကုန်သွယ်ရေးဇုန်တွင် ဆန်ဈေးက ၂၀ ဒသမ ၉ ကီလိုဂရမ်ကို ကျပ် နှစ်သောင်းအထိ မြင့်တက်နေသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်နှင့် ငါးလုပ်ငန်းထွက်ကုန်များအား အဓိကအားဖြင့် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့ပြီး ကုန်စည်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် စက်ကိရိယာများအား တင်သွင်းသည်။

မြန်မာနိုင်ငံက အိမ်နီးချင်းနိုင်ငံများသို့ ဆန်တင်ပို့မှုသည် တန်ချိန် ၁ ဒသမ ၄ သန်းကျော် ရှိပြီး အဓိကအားဖြင့် တရုတ်သို့ တင်သွင်းသည်။ နယ်စပ်ကုန်သွယ်ရေးစုစုပေါင်းတန်ဖိုးက ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၄ ဘီလီယံအထိ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly