လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆင် ရာသီကုန်ထိနားရမည်

လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆင် ရာသီကုန်ထိနားရမည်

ဧပြီ ၉၊ လီဗာပူးလ် ။             ။ လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆင်သည် ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိနားရတော့မည့်အပြင် ယူရို ၂၀၁၆ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း တွင်ပါဝင်ကစားနိုင်ရန်လည်း အရေရာသည့်အနေအထားနှင့်ကြုံနေရသည်။

ဒေါ့မွန်နှင့်ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲတွင် ဒူးအရွတ်ဒဏ်ရာရသွားသော ကွင်းလယ်ကစားသမားသည် ခြောက်ပတ်မှ ရှစ်ပတ်ခန့်အထိ အနားယူရဖွယ်ရှိနေသည်။

အင်္ဂလန်အသင်း၏ ယူရို ၂၀၁၆ အဖွင့်ပွဲမှာ ဇွန် ၁၁ တွင်ကစားမည်ဖြစ်ပြီး ကိုးပတ်သာလိုတော့သည်။ အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်သည် ကစားသမား ၂၃ ဦးစာရင်းကို မေ ၁၂ တွင်ကြေညာမည်ဖြစ်ရာ ကြံ့ခိုင်မှုမပြည့်သောကစားသမားများကို ရွေးရန်မသေချာပေ။
"ပြိုင်ပွဲကာလအတွင်းမှာ ပြန်လည်ကြံ့ခိုင်လာမယ်လို့မျှော်လင့်ရတဲ့ ကစားသမားတွေကို ရွေးရတာကို စိတ်ချမ်းသာမှာမဟုတ်ပါဘူး"ဟု ဟော့ဒ်ဆန်က ပြောသည်။
အသက် ၂၅ နှစ်အရွယ်ရှိ ဟန်ဒါဆင်သည် အင်္ဂလန်အသင်း၏ယူရိုခြေစစ်ပွဲ ၁၀ ပွဲတွင် ခြောက်ပွဲပါဝင်ကစားခဲ့ပြီး မတ်လအတွင်းက ဂျာမနီနှင့် ခြေစွမ်းပွဲ၌လည်း ပါဝင်ခဲ့သည်။
Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly