မြန်​မာနိုင်​ငံတွင်​ နိုင်​/ကျဉ်း လုံးဝမရှိ​စေရဟု ​ဒေါ်​အောင်​ဆန်​းစုကြည်​​ပြော

မြန်​မာနိုင်​ငံတွင်​ နိုင်​/ကျဉ်း လုံးဝမရှိ​စေရဟု ​ဒေါ်​အောင်​ဆန်​းစုကြည်​​ပြော
က​နေဒါနိုင်​ငံခြား​ရေးဝန်​ကြီး STEPHANE DION၏ သတင်​းစာရှင်​းလင်​းပွဲကို ဧပြီလ ရရက် ညက ရန်​ကုန်​မြို့ ချက်​ထရီယန်​ဟိုတယ်​တွင်​ ကျင်​းပခဲ့စဉ်။ (ဓာတ်​ပုံ-သက်​ကို၊မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၇ ။  ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိစေရဟု ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stephane Dion နှင့် ဧပြီ ၇ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း Stephane Dionက သတင်းထောက်များအား ပြောသည်။ 

ကနေဒါနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Stephane Dionက ရန်ကုန်မြို့၊ Chatrium Hotelတွင် ဧပြီ ၇ရက်က ပြည်တွင်း သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိစေရဘူးလို့ ဒေါ်စုပြောတဲ့အခါ ကြားလိုက်တာနဲ့ မြန်မာ့နိုင်ငံရေးအပေါ် အကောင်းမြင်မှုတွေ တွေ့ရပါတယ်" ဟု မစ္စတာ Stephane Dionက ထုတ်ဖော်ပြောကြားခဲ့သည်။

ဧပြီ ၈ရက်တွင်လည်း ဖမ်းဆီးခံကျောင်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသား လေးထောင်ကျော်ကို ပြန်လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ 

မစ္စတာ Dionသည် မြန်မာနိုင်ငံတွင် ဧပြိ ၆ရက်မှ ၈ရက်အထိ သုံးရက်ကြာ ရှိနေမည်ဖြစ်ပြီး ခရီးစဉ်အတွင်း သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်ဖက်အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံရန် ရှိနေသည်။ 

နှစ်ငါးဆယ်တွင်း မြန်မာနိုင်ငံတွင် ပထမဆုံး ဒီမိုကရေစီ အစိုးရ အာဏာရလာပြီးနောက် ပထမအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly