အောင်မြင်တဲ့သူတွေက ကျရှုံးတာကို ကျရှုံးတယ်လို့ မတွေးဘူးဆိုတဲ့ စီးပွားရေးပညာရှင် ကိုပြေခိုင်

07 April 2016
အောင်မြင်တဲ့သူတွေက ကျရှုံးတာကို ကျရှုံးတယ်လို့ မတွေးဘူးဆိုတဲ့ စီးပွားရေးပညာရှင် ကိုပြေခိုင်

စတော့ရှယ်ယာ ဈေးကွက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ပြည်သူလူထုကို အသိပညာမြှင့်တင်ဖို့ သင်တန်းတွေ ဖွင့်လှစ်ပေးနေတဲ့သူ တစ်ဦးကတော့ ကိုပြေခိုင်ဖြစ်ပါတယ်။

သူဟာ myanmar excellent institute ကို စတင်တည်ထောင်ပြီး သူကိုယ်တိုင်ကလည်း စင်ကာပူမှာ စတော့ရှယ်ယာ ဈေးကွက်နဲ့ ပတ်သက်ပြီးတော့ အောင်မြင်လာသူ ဖြစ်ပါတယ်။ သူရဲ့ ဘဝအစမှာတော့ ကွန်ပျုတာ တက္ကသိုလ် ကျောင်းဆင်းတစ်ယောက်အနေနဲ့  သူရဲ့ မွေးရပ်မြေဖြစ်တဲ့ မန္တလေးမြို့မှာ ကွန်ပျုတာ ပြုပြင်တဲ့ လုပ်ငန်းကို လုပ်ကိုင်နေရင်းက နိုင်ငံရပ်ခြားကို သွားရောက်ပြီး ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ အဲသလို ကြိုးစားရင်းကနေ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်အောင်မြင်ခဲ့သူဖြစ်ပါတယ်။ ဘယ်လို ရုန်းကန်ကြိုးစားလာခဲ့ရလည်းဆိုတာ သူက အခုလို စတင်ပြောပြပါတယ်။

“ဟုတ်ကဲ့ ကျွန်တော်ဇာတိက ကျွန်တော်မွေးတာတော့ ပြင်ဦးလွင်မှာ မွေးတယ်ခင်ဗျ။ ကြီးတာကတော့ ကျွန်တော်က ရွှေဘိုသား ရွှေဘိုလို့ ခေါ်တဲ့ အညာဒေသတစ်ခုမှာ ကျွန်တော်မူလတန်းထိ နေခဲ့တယ်။ အဲကနေမှ နောက်ပိုင်း အဖေကနေပြီးတော့ မန္တလေး ရွေ့ကြမယ်ဆိုပြီးတော့ ပြောင်းတဲ့ အခါကြမှ မန္တလေးကိုအလယ်တန်းလောက်က စခဲ့တာပေါ့နော်။ အလယ်တန်းမှာ စပြီးတော့ တက္ကသိုလ်ထိ ကျွန်တော် မန္တလေးမှာပေါ့။ အဲဒီကနေ နောက်ပိုင်း တက္ကသိုလ်ပြီးသွားတော့ စင်ကာပူရောက်သွားတယ်။ ”

အစ်ကို  အခုနကပြောသွားခဲ့သလိုပေါ့နော် အစ်ကို မိသားစုအကြောင်းကိုအကြမ်းဖျဉ်းသိသွားပြီးတဲ့နောက်မှာ အစ်ကိုအနေနဲ့ စင်ကာပူကိုရောက်ခဲ့တယ်ဆိုတဲ့တာကို ကျွန်တော် ဆက်မေးချင်တယ် ခင်ဗျ။ အစ်ကို ဘယ်လိုမျိုး စင်ကာပူနိုင်ငံကို သွားဖို့အတွက်ကို အစ်ကိုအနေနဲ့ ကြိုးစားခဲ့တာလဲ ခင်ဗျ။

“ကျွန်တော် ရှေ့မှာ ပြောခဲ့သလိုပေါ့။ ကျွန်တော် ကွန်ပျုတာ တက္ကသိုလ် မန္တလေးကနေ ဘွဲ့ရတယ်။ ဘွဲ့ရပြီးတဲ့ နောက်ပိုင်းမှာ မိသားစုလုပ်ငန်းတစ်ခုကို ဆက်ပြီးလုပ်တယ်ပေါ့။ မိသားစုလုပ်ငန်းကလည်း လုပ်ငန်းကြီး မဟုတ်ဘူး။ ကျွန်တော်တို့ လက်လုပ်လက်စားပုံစံမျိုးပဲပေါ့။ အဲမှာ ကျွန်တော်က ကျောင်းပြီးပြီးချင်းမှာ စဉ်းစားလိုက်တာ ဘာလဲဆိုတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်မှသာလျှင် ဒီအောင်မြင်တဲ့ လွှတ်လပ်မှု တစ်ခုကို ရမယ်ဆိုပြီးတော့ ကျွန်တော်ငယ်ငယ်တုန်းက စာတွေ အရမ်းဖတ်တယ်။ အဲကနေ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အတွက် ကွန်ပျုတာဆိုင်တစ်ခု စထောင်လိုက်တယ်။ အစဖွင့်ပြီးတော့ ပေးတဲ့ ဝန်ဆောင်မှုတွေက ကွန်ပျုတာ ရောင်းတာ ဝယ်တာ ပြင်တာ နောက် သီချင်းသွင်းတာ အစရှိသဖြင့် အဲဒီဝန်ဆောင်မှုတွေ ကျွန်တော်ပေးတယ်။ နောက် ကျွန်တော် Service  လုပ်ပြီးတော့ သိပ်မကြာဘူး။ ကျွန်တော်ထင်တယ်။ ငါးလ ခြောက်လလောက်နေတော့ အဆင်မပြေတာလေးတွေ ရှိတာ ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ အဲအချိန်တုန်းက မီး အဆင်မပြေတာလေးတွေ ရှိတယ်။ ပြီးတော့ အဲအချိန်မှာ တခြားမိသားစုလုပ်ငန်းကို သွားပြီးတော့ လုပ်ပေးနေရတယ်ပေါ့။ အဲမှာ ကျွန်တော်က ကိုယ်ပိုင်လုပ်ငန်း လုပ်ပေမယ့်လည်း စိတ်တိုင်းကျ မလုပ်ရတဲ့ အခါကြတော့ အဲဒီမှာ ပြန်ပြီးတော့ အတွေးတစ်ခု ဝင်လာတာပေါ့။ တစ်ခြား ဘာတွေ ရှိမလဲပေါ့။ အဲဒီအချိန်မှာ မိသားစုက ငွေကြေးအရ အကျပ်တည်း ဖြစ်နေတဲ့ ကာလပေါ့။ ကျွန်တော်လည်း တစ်ခုခု မဖြစ်ဖြစ်အောင် လုပ်ပေးချင်စိတ်တစ်ခုက ကျွန်တော်ထဲမှာရှိနေတယ်။ အဲဒါနဲ့ ကျွန်တော်စဉ်းစားတယ်။ ဘာလုပ်ရင် ကောင်းမလဲပေါ့။ အမြဲတမ်း ငါဘာလုပ်ရင်ကောင်းမလဲဆိုတာ ကျွန်တော်စဉ်းစားတယ်။

အဓိကကတော့ ငါ့ကျမှ ကံဆိုးရလေခြင်းဆိုပြီးတော့ စဉ်းစားတယ်ဆိုတာထက် ကျွန်တော်တို့ လူတွေက တစ်ခါတလေကျရင် စဉ်းစားတတ်တယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ ရှိပါတယ်။ ငါ့ကျမှ ဖြစ်ရလေခြင်း။ ကံကိုက ငါတို့ ဆိုးလိုက်တာနော်။ အစရှိသဖြင့် တွေးတတ်တယ်။ အဲတော့ အဓိကတော့ အဲလို အတွေးမျိုး အဲဒီအမြင်မျိုးမြင်လိုက်လို့ ရှိရင် ကျွန်တော်တို့ က သာကောင်းဘဝကို ရောက်သွားတယ်ချက်ချင်း သဘောကတော့ အဖြေလို့ခေါ်တဲ့ Solution  ကို ပြန်ရှာလို့ မရတော့ဘူး။ အဲဒီအတိုင်းပဲ  Why  ဆိုတဲ့ ပုံစံမျိုး မမေးပဲ ကျွန်တော်တို့က ဒီဖြစ်ရပ်ကနေ ဘာဆက်လုပ်ရင်ကောင်းမလဲ။ ဒီဖြစ်ရပ်ကြီးကို ကျော်လွှားအောင်လို့ ဒီစိန်ခေါ်မှုတွေကိုဖြတ်သန်းအောင်လို့ အဲမှာ ကျွန်တော်ကလည်း အဲကတည်းက ကျွန်တော်တွေးတာကလည်း ကိုယ့်ကိုကိုယ် ပြန်မေးတာကလည်း ငါဘာလုပ်ရမလဲ။ မိသားစု ငွေကြေး အခက်ခဲဖြစ်နေတဲ့ဟာကော ငါရဲ့ ဘွဲ့ရတာလဲ လေးငါးလလောက် ရှိပြီပေါ့။ ငါရဲ့ ရှေ့လျောက် ဘာလုပ်ရင် ကောင်းမလဲ။ ”

ကိုပြေခိုင်ဟာ သူရဲ့ဘဝကို ပိုမိုကောင်းမွန်တဲ့ အခြေနေတစ်ခု ရရှိလာစေဖို့ အတွက် စင်ကာပူနိုင်ငံကို သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ မိဘတွေက သဘော မတူခဲ့တာကြောင့် သူအနေနဲ့ ရည်မှန်းချက်ကို အကောင်ထည်ဖော်ဖို့အတွက် မရမနေကြိုးစားခဲ့ရပြန်ပါတယ်။

“ကိုယ်သွားချင်တဲ့ခရီးက စင်ကာပူပေါ့။ စင်ကာပူကို မန္တလေးကနေ တိုက်ရိုက်သွားလို့ မရဘူးဆိုရင် ဘာအရင်လုပ်မလဲပေါ့။ အရင်ဆုံး သွားကို သွားရမှာက ရန်ကုန်ကို အရင်သွားရမယ်။ ကျွန်တော့်မှာ ပတ်စပိုစ့် မရှိသေးဘူး။ ရန်ကုန်ကို အရင်သွားပြီးပတ်စပိုစ့် လုပ်ရမယ်။ အဲတာတွေကအစ ကျွန်တော်က တွေ့ရတယ်။ ရည်ရွယ်ချက်တစ်ခု ချပြီဆိုရင်လည်း အဲရည်ရွယ်ချက်ကို ဟုတ်ပြီ ရည်ရွယ်ချက်က ဆရာဝန်ဖြစ်ချင်တယ်။ ဒါမှ မဟုတ်ရင် အင်ဂျင်နီယာ ဖြစ်ချင်တယ်။ အဲတာ လုပ်ဖို့အတွက် အရင်ဦးဆုံး ပထမဆင့်က ဘာလဲပေါ့။ အဲမှာ ကျွန်တော့ ပထမအဆင့်က ဘာလဲဆိုတော့ ရန်ကုန်ကို အရင်ရောက်ဖို့ ဖြစ်မယ်။ အဲတော့ ကျွန်တော်က အဒေါ်တွေနဲ့ လိုက်သွားဖို့ ရန်ကုန်ကို ဘုရားဖူး လိုက်ဖို့ဆိုပြီးတော့ အိမ်ကို ဖွင့်ပြောတယ်။ ခွင့်ပန်တယ်ပေါ့။ အိမ်ကို ပြောပြတော့ အိမ်က အိုကေ သွားပေါ့။ အဲတော့ သူတို့က ကျွန်တော့်ကိုဒီတိုင်း ဘုရားဖူးသွားတယ်လို့ပဲ ထင်တာ။ ကျွန်တော်က စင်ကာပူကို သွားဖို့အတွက် ပြင်တာ။ ကျွန်တော့်ရဲ့ ဒေတာတွေ ကျွန်တော့်ရဲ့ ဟပ်ဒစ်တွေ ထဲမှာ ရှိတဲ့ ကျွန်တော့်ရဲ့ စာရေးထားတဲ့ ဖိုင်တွေ ကျွန်တော့်ရဲ့ လက်တော့ပ်ကို ကျွန်တော်က ခရီးဆောင် အိတ်ထဲ ထည့်ပြီးတော့ ရန်ကုန်ကို သူတို့နဲ့ ကျွန်တော်လိုက်သွားတယ်။ ”

ကိုပြေခိုင်ဟာ သူရဲ့ ရည်မှန်းချက် အတိုင်း စင်ကာပူနိုင်ငံကို ရောက်ရှိခဲ့ပြီးတဲ့နောက် အလုပ်တစ်ခု ရရှိဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အလုပ်ရပြန်တော့ စင်ကာပူနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ အခက်အခဲကို ကြုံတွေ့ခဲ့ရပြန်ပါတယ်။

“ပထမ တစ်လကတော့ အလုပ်ရှာတယ်။ အလုပ်တွေကတော့ ရှိတယ်။ ကိုကိုယ်တိုင်ကလည်း မြန်မာပြည်မှာ အလုပ် မလုပ်ခဲ့ဘူးတဲ့ အခါကျတော့ ပထမတော့ အင်တာဗျုးတွေ ဘာတွေ နည်းနည်း အတွေ့ကြုံယူရတာပေါ့။ အဲကနေမှ တဖြေးဖြေး နောက်ပိုင်းကြတော့ ကိုယ့်ကို ကြိုက်တဲ့ အလုပ်ရှင်နဲ့ ကိုယ့်ကတကယ် လိုလိုချင်ချင်ရှိတော့ နောက်ပြီးတော့ ဘာဖြစ်ဖြစ်လုပ်မယ်ဆိုတဲ့ အဲဟာလေး တွေ ပါတဲ့အခါကျတော့ ကျွန်တော် အလုပ်တစ်ခုနဲ့ ချိတ်မိသွားတယ်။ အဲတာက ဘယ်ချိန်လောက်လဲဆိုတော့ တစ်လ မပြည့်ခင်မှာ ချိတ်မိသွားတယ်။

ချိတ်မိသွားတော့ ကျွန်တော်တို့ အဲမှာ စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနလို့ ခေါ်တာပေါ့။ ကျွန်တော့်ရဲ့ အလုပ်ရှင်ကနေပြီးတော့ အဲလို လှမ်းပြီးတော စာတင်ရတယ်။ ပထမတင်တဲ့ အခါမှာ ကျွန်တော့်ရဲ့ ဖောင်က Cancel  ဖြစ်သွားတာပေါ့။ အဲတော့ ကျွန်တော့်ရဲ့ အလုပ်ရှင်က ကျွန်တော့်ကိုလှမ်းပြီး ပြန်ပြောတယ်။ ပြည်ခိုင်ပေါ့ မင်းကို ငါတို့ အလုပ်တင်ပေးတယ်။ Cancel ဖြစ်တယ်ပေါ့။ အဲတာ ကျွန်တော့်မှာ တစ်လ ကျော်ကျော်လောက်မှဖြစ်သွားတာ။ ကျွန်တော့်မှာ စိတ် နည်းနည်းညစ်တာပေါ့။ အဲတုန်းက လူက မိသားစု ငွေကြေးကြောင့်မို့ ရောက်လာတာလဲ ပါတယ်။ နောက် သူငယ်ချင်းတွေ ရှိတယ်ဆိုပေမယ့် တစ်ယောက်တည်း ပထမတော့ အများကြီးခံရတာပေါ့။

အဲတုန်းက မသိတာလေးတစ်ခု ဘာလဲဆိုတော့ အဲတာ ဖြစ်သွားပေမယ့် တစ်ခြား ကုမ္ပဏီ တစ်ခုနဲ့ ဆက်ပြီးလျှောက်လို့ ရသေးတယ်။ အဲတာကို ကျွန်တော်က မသိဘူး။ မသိတော့ သိမယ်ထင်တဲ့သူတွေကို မေးတော့လည်း အဲလူတွေက ဟာမရဘူး မလုပ်နဲ့ဆိုတော့ ကျွန်တော့်မှာက တစ်ခြားကုမ္ပဏီတွေကနေပြီးတော့ ကျွန်တော့်ကို အလုပ် Offer  ပေးတယ်။ ကျွန်တော်က မယူဘဲနဲ့ လုပ်ခဲ့တာလဲ ရှိတယ်။ ဘာဖြစ်လို့ ဆိုတော့ ဟိုဘက်မှာ ကျွန်တော့်ရဲ့ ဖောင် reject ဖြစ်သွားတယ်ဆိုတာကိုး အဓိက အကြောင်းရာတစ်ခုကို ဂဃနဏ သိဖို့လိုတယ်။ ကျွန်တော်ရတဲ့ သင်ခန်းစာက အဲတာပေါ့။ အကြောင်းရာတစ်ခုကို ဂဃနဏ သိဖို့လိုတယ်။ ”

နောက်ဆုံးမှာတော့ ဗီဇာ အခက်အခဲကြောင့် အားလုံးကို လက်လျော့ခဲ့ရပြီး မြန်မာနိုင်ငံကို ပြန်ရတော့မယ့် အခြေနေ ရောက်ရှိလာပါတယ်။ အဲဒီအချိန်မှာ အားမလျော့သေးဘဲ နောက်ဆုံးအကြိမ် ကြိုးစားမှု အဖြစ် နည်းလမ်းသစ်တစ်ခုကို ကြိုးစားကြည့်ခဲ့ပြန်ပါတယ်။

“မြန်မာတွေ စုပြီးတော့ အမြဲတမ်းနေကြတဲ့ ပင်နစူးလာ ပလာဇာ ဆိုတာ ရှိတယ်။ အဲမှာ ကျွန်တော် လေယာဉ်လက်မှတ်သွားပြီးတော့ ဖြတ်လိုက်တယ်။ တနင်္ဂနွေနေ့ ပြန်မယ့် လက်မှတ်ကို သွားပြီးတော့ ဘိုကင်လုပ်လိုက်ပြီ။ သူငယ်ချင်းတွေ အားလုံးလည်း ကျွန်တော် ပြောထားပြီးပြီ။ ငါပြန်ရတော့မယ်။ တကယ်တမ်း လည်း ပြန်ရတော့မယ်။ အင်တာဗျုးတွေက လာနေတုန်းပဲ နောက်ဆုံးပြန်ရတော့မယ့် အခြေနေထိ။ ဒါပေမယ့် အလုပ်သမားတွေ ရေးဝန်ကြီးဌာနက aproof မဖြစ်ဘူး။ အဲတုန်းက ကျွန်တော်က သောကြာနေ့ကြတော့ ဘာစဉ်းစားလိုက်လဲ ဆိုတော့ ဘာဖြစ်ဖြစ်ပေါ့ တစ်ခုခုတော့ လုပ်မယ်ပေါ့။ အဲမှာ ကျွန်တော် ဘာလုပ်လဲဆိုတော့ ကျွန်တော်တို့ ကုမ္ပဏီမှာရှိတဲ့ သူဌေး အကြီးဆုံးကို သွားတွေ့တယ်။ အဓိကတော့ ကျွန်တော့် မန်နေဂျာကို ကျွန်တော် အရင်ပြောတယ်။ သူဌေး အကြီးဆုံးနဲ့ တွေ့ချင်တယ်။ အကြောင်းအရာက နှုတ်ဆက်ချင်တယ်။ ဘာလို့ဆိုတော့ ငါ တနင်္ဂနွေနေ့ ပြန်တော့မှာ အဲတော့ မန်နေဂျာ ကျွန်တော့်ကို ခေါ်သွားတယ်။ သူဌေး အခန်းကို ဝင်တယ်။ သူဌေးနာမည်က မယ်ကီတဲ့။ အမျိုးသမီးပါပဲ။ သူကို လက်ဆွဲနှုတ်ဆက်ပြီးတော့ ဒီတစ်ခေါက်ကတော့ ဒီလိုအခြေနေကြောင့်မို့ မင်းတို့ ကုမ္ပဏီက ငါ့ကို အီးပီ လျှောက်ပေးတဲ့ အတွက် အလုပ်မရဘူးပေါ့။ ပါမစ်မကျဘူးပေါ့။ အဲတော့ ငါခံစားရတာတော့ မင်းတို့ ငါကို တကယ် မလိုချင်ဘူးလို့ ခံစားရတာပေါ့။ အဲတော့ ငါပြန်မယ်။ မြန်မာနိုင်ငံကို ပြီးရင် သေချာပေါက် ပြန်လာမယ် အလုပ်ကိုလည်း သေချာပေါက် ရအောင် ပြန်ရှာမယ်။ ရမယ်လို့လဲ ငါ့ကိုယ်ငါ ယုံကြည်မှု အပြည့်ရှိတယ်။ ဒါပေမယ့် မင်းတို့ ကုမ္ပဏီမှာ တစ်သက်လုံး ပြန်မလုပ်ဘူး.။

ကျွန်တော်အဲဒီၤတုန်းက အဲစကားကို သူ့ရှေ့မှာ ဒေါသနဲ့ ပြောတာ မဟုတ်ဘူး။ သူ့ကို သေချာကြည့်ပြီးတော့ ဒဲ့ ကျွန်တော် ပြောခဲ့တာ။ ပြောခဲ့ပြီးတော့ အဲတုန်းက ကျွန်တော် လုပ်လေ့ လုပ်ထ ရှိတာလေး တစ်ခုက ဘာလဲဆိုတော့ အလေ့အကျင့်လေးပေါ့။ မြန်မာနိုင်ငံက အရင်တုန်းက ပိုစ့်စကပ်လေး ရှိတယ်။ ဘုရားပုံလေးတွေတို့ ပုဂံတို့ အဲဒီ ပို့စ်ကပ်လေး တွေ ရှိတယ်။ ကျွန်တော်က စင်ကာပူသွားတုန်းက အဲတာလေး ယူသွားတယ်။ သူ့ကိုလည်း ကျွန်တော် နာမည်နဲ့ လိပ်စာနဲ့ လုပ်ထားတာလေး သူ့ကို လက်ဆောင် ပေးလိုက်တယ်။ ဒါက မင်းအတွက် လက်ဆောင် ဆိုပြီး ပေးခဲ့တယ်။ ပြီးရင် ခုနက စကားတွေ အပြတ်ပြောခဲ့တယ်။ အဲလို ပြောလိုက်တော့ စိတ်က ပေါ့သွားတယ်။

အဲနေ့က သောကြာနေ့ အိမ်ပြန်လာတယ်။ အိမ်ပြန်လာပြီးတော့ သောကြာနေ့ ညမှာပဲ မန်နေဂျာက ဖုန်းဆက်တယ် ကျွန်တော့်ကို ပြည်ခိုင် မနက်ဖြန် စင်ကာပူမှာက စနေ့နေ့ နေ့ တစ်ဝက်ပဲ အလုပ် လုပ်ကြတယ်။ တစ်ချို့ ရုံးတွေက အဲမှာ အလုပ်သမားရေး ဝန်ကြီးဌာနကလည်းအဲထဲမှာ ပါတယ်ပေါ့။ ပြည်ခိုင်လာတဲ့ မနက်ဖြန် အလုပ်သမားရေး ဝန်ကြီးဌာနကို သွားမယ်တဲ့။ မင်းအတွက် ပြန်လျောက်ပေးမယ်တဲ့။ အဲတော့ ကျွန်တော်က ဝမ်းသာသွားတယ်။ ဟာ ဟုတ်ပြီပေါ့။ အဲတာနဲ့ အဲနေ့ မနက်ပဲ ရုံးကိုသွားတယ်။ ၁၀နာရီလောက် ဖောင်တင်ပြီးတော့ အားလုံး အွန်လိုင်းကနေ လျောက်လိုက်တယ်။ လျောက်ပြီးတဲ့အခါ ကျွန်တော့်ရဲ့ ပတ်စပိုစ်ကိုလည်း သူတို့က သက်တမ်းတိုးပေးလိုက်တယ်ပေါ့။ အဲတော့ ကျွန်တော်က နောက်ထပ် နှစ်ပါတ် ထပ်နေလို့ ရသွားပြီ။ ပုံမှန်လူက နှစ်လပဲ ရတာ။ ကျွန်တော်က နှစ်လနဲ့ နှစ်ပါတ် ရသွားပြီ။ အဲကနေ ဆယ်နာရီလောက် တင်လိုက်တဲ့ အခါ ၁၁ ခွဲလောက်ကြတော့ မန်နေဂျာက ဖုန်းပြန်ဆက်တယ်။ မင်းဟာ ရသွားပြီတဲ့။ အဲမှာ ကျွန်တော်က အရမ်းပျော်သွားတာပဲ။ ပျော်ပြီးတော့ အလုပ်ရတဲ့နေကလဲ အရမ်းပျော်တယ်။

 အဲမှာ သင်ခန်းစာရသွားတာ ဘာလဲဆိုတော့ တကယ်လိုချင်တယ်ဆိုလို့ ရှိရင် နောက်ဆုံး အခြေနေထိ ကျွန်တော်တို့ လုပ်ဖို့ လိုတယ်။ စွဲစွဲမြဲမြဲ လုပ်ဖို့ လိုတယ်။ အဲတော့ အဲဒီမှာ နောက်ထပ် သင်ခန်းစာရတာ အဲတာပေါ့။ ”

ကိုပြေခိုင်ဟာ စင်ကာပူနိုင်ငံမှာ အလုပ်တစ်ခု ရရှိခဲ့ပြီး နေထိုင်ခွင့် ရရှိခဲ့ပေမယ့်လည်း နောက်ထပ် တစ်ဆင့် တက်လှမ်းနိုင်ဖို့ အတွက် ကြိုးစားခဲ့ပါတယ်။ သူဟာ စတော့ရှယ်ရှာ ဈေးကွက် အရောင်းအဝယ်ကို စတင် စိတ်ဝင်စားခဲ့ပြီးတော့ လေ့လာ ဖြစ်ခဲ့ပါတယ်။

“အဲနောက်ပိုင်းမှာ အိမ်ကိုလည်း ရတဲ့လစာနဲ့ ထောက်ပံ့တယ်။ ဒါပေမယ့် ခုနကပြောသလို လုံလုံလောက်လောက် မရဘူးပေါ့။ ကျွန်တော် ဘာစဉ်းစားလဲဆိုတော့ သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကို မိတ်ဆက်ပေးရာကနေပြီးတော့ စင်ကာပူ စတော့ အိပ်ချိန်းနဲ့ ပတ်သက်ပြီး ရင်းနှီးသွားတယ်ပေါ့။ စတော့ အိပ်ချိန်းဆိုတာ စတော့ ရှယ်ယာတွေ ရောင်းတဲ့ ဝယ်တဲ့ နေရာပေါ့။ အဲဒီကနေပြီးတော့ စတော့ရှယ်ယာနဲ့ ပတ်သက်တဲ့ နည်းပညာတွေ သင်တယ်။ အဲကနေမှ တစ်ဆင့် world perfect တို့ နောက်ပြီးတော့ ဂျွန်တန်တန်တို့၊ အစရှိတဲ့ World famous  ခေါ်တာပေါ့။ သူတို့တွေဆီကနေ သင်ယူခဲ့တယ်ပေါ့။ နောက်ပြီးတော့ ကိုယ်တိုင်လည်း သေချာ လေ့လာတယ်။ စာအုပ်တွေလည်း ဖတ်တယ်။ သင်တန်းတွေလည်း တက်တယ်။ အဲကနေပြီးတော့မှ နောက်ပိုင်း စတော့ရှယ်ယာနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်တဲ့ အဆင့်ထိတော့ ရောက်လာတာပေါ့ဗျ။

အဓိကတော့ အဲဟာ လုပ်ဖြစ်သွားတာ ဘာလဲဆိုတော့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေပေါ့။ အဲစာအုပ်လေးကို ကျွန်တော် ငယ်ငယ်လေးကတည်းက ဖတ်ဖူးတယ်။ ငယ်ငယ်လေးကတည်းက ဖတ်ဖူးတော့ အဲစာအုပ်ထဲမှာ ရှင်းပြထားတာ ဘာလဲဆိုတော့ E S B I E ဆိုတာ ဘာလဲဆိုတော့ employing ဆိုတာက ပုံမှန် အလုပ်လုပ်ပေးတဲ့သူပေါ့။ ပြောရမယ်ဆိုရင်တော့ ဝန်ထမ်းပေါ့ဗျာ။ S ကဘာလဲဆိုတော့  self-employing  ပေါ့။ ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့သူပေါ့။ ကျွန်တော် မိဘထဲမှာ ကျွန်တော်အဖေသည် ဘာလဲဆိုရင် သူသည် လုပ်ငန်းရှင် မဟုတ်ဘူး။ သူသည် self-employing   ဘာဖြစ်လို့လဲဆိုတော့ သူလုပ်ငန်းကြီးက သူမရှိဘူးဆိုရင် ရပ်သွားမှာ။ နောက်ပြီးတော့ သူလုပ်ငန်းကြီးက သူမရှိဘူးဆိုရင် ဝင်ငွေ ဘာတွေ လည်ပတ်မှာ မဟုတ်တော့ဘူး။ အဲတာမျိုးကိုကျတော့ ကျွန်တော်တို့က self-employing   လို့ ခေါ်တာပေါ့နော်။ နောက်တစ်ခုက  B  က ဘာလဲဆိုတော့ Business  စီးပွားရေး လုပ်နေတဲ့ သူတွေ ကျွန်တော်တို့ သိတဲ့ တစ်ချို့ business လုပ်ငန်းတွေဆိုရင် သူတို့သည် ခရီးသွားနေတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှ မဟုတ် တစ်ခြားတစ်ခြား  နေရာတစ်ခုမှာ ရောက်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ငန်းကြီးက လည်ပတ်နေတယ်။ သူတို့လုပ်ငန်းကြီးက ဆက်ပြီး လည်ပတ်နေတယ်။ အဲတာသည် ဘာလဲဆိုတော့ business ပေါ့။ နောက် investment ဘာလဲဆိုတော့ အခုနတုန်းကပြောတဲ့ ငွေရှိတဲ့ သူတွေကနေပြီးတော့မှ သူတို့ရဲ့ ငွေကို ကျွန်တော်တို့ သေသေချာချာ စဉ်းစားပြီးတော့ ဘယ်နေရာမှာ ဘယ်လို investment လုပ်သင့်တယ်ဆိုတာ စဉ်းစားပြီးတော့ ကျွန်တော်တို့ ခေါ်တော့ ROI လို့ခေါ်တယ်။ return of investment ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် ဘဏ်မှာ စုထားရင် ဘဏ်ရဲ့ return of investment ဘယ်လောက်လဲ။ ဘဏ်တိုးနှုန်းက ၈ကျပ်ခွဲဆိုရင် ကျွန်တော်တို့ တစ်ရာဆိုရင် အတိုးနှုန်းက ၈ကျပ်ခွဲရမယ်။ အဲတာကို ကျွန်တော် ဘဏ်ရဲ့ ROI လို့ခေါ်တာပေါ့။ ပထမတစ်ခုက ဝန်ထမ်းရှိမယ်။ ဒုတိယ တစ်ခုက self-employing ရှိမယ်။ နောက်တစ်ခုက business ရှိမယ်။ နောက်တစ်ခုက investment လုပ်တဲ့ သူတွေ ရှိမယ်။ အဲမှာမှ business နဲ့ investment မှာ  level  ခြောက်ခု ရှိသေးတယ်။ ဒါကတော့ ကျွန်တော် သင်တန်းတစ်ချို့မှာ သင်တယ်ပေါ့။ အဲကနေ အဲစာအုပ်လေးထဲမှာ ဖတ်ခဲ့တဲ့ ဟာရောပဲ အဲကနေတစ်ဆင့် စဉ်းစားတာ ဘာလဲဆိုတော့ ငါဝန်ထမ်းဘဝနဲ့ သွားနေလို့တော့ မဖြစ်ဘူးပေါ့။ အဲတော့ financial freedom ရအောင် တစ်ခုခု လုပ်မှ ဖြစ်မယ်ပေါ့။ financial freedom ဆိုတာ ဘာလဲဆိုတော့ ကျွန်တော် အဲအကြောင်းမပြောခင် passive income ဆိုတာလေး ပြောချင်တယ်။

 passive income ဆိုတာ ဘာလဲဆိုတော့ ကိုယ်တကယ် ကိုယ်တိုင်လုပ်ရတာ မဟုတ်ပဲနဲ့ ဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေ ဥပမာဆို ဆိုကြပါစို့ အိမ်ဝယ်ထားတယ်။ ပြီးရင် ကျွန်တော်တို့ ပြန်ပြီးတော့ ငှားတယ်။ အဲတာဆို ကျွန်တော်တို့က ပုံမှန်အိမ်ငှားတဲ့ လခ ဝင်နေတယ်ပေါ့။ နောက်တစ်ခုက လုပ်ငန်းတစ်ခုမှာ ရှယ်ယာဝင်ထားတယ် ဆိုလို့ ရှိရင် ကိုယ်က အဲလုပ်ငန်းကြီးကို လုပ်စရာမလိုဘူး။ ကိုယ်က ပိုက်ဆံနဲ့ ရှယ်ယာဝင်ထားတဲ့အတွက် အဲလုပ်ငန်းရဲ့ အကျိုးမြတ်က ကိုယ့်ဆီကိုယ် ပုံမှန်လာတယ်ပေါ့။ ကျွန်တော်က အဲမှာ အဲတာကို သေချာလေ့လာတယ်။ လေ့လာတဲ့အချိန်မှာ ကျွန်တော်က ဘယ်သူကို ကျွန်တော်မေးရမလဲပေါ့။ ဘယ်သူကိုယ် ဆရာတင်ရမလဲဆိုတော့ ကျွန်တော်စဉ်းစားတယ်ပေါ့။ အဲမှာ အကောင်းဆုံးက ဘယ်သူလဲဆိုတော့ ဒီစာအုပ်ကို ကိုယ်တိုင်ရေးတဲ့ robert kiyosaki ဆို အကောင်းဆုံးပေါ့။ ၂၀၁၀ လောက်ကနေ စပြီးတော့ အဲဝန်းကျင်ပေ့ါ။

အဲစာအုပ်ဖတ်ဖူးတာက ငယ်ငယ်လေးကတည်းက ဖတ်ဖူးတာ။ ငယ်ငယ်လေးကတည်းကဆိုတာ ကျွန်တော်ထင်တယ်။ ၆တန်း ၇တန်း အဲဝန်းကျင်လောက်က ဖတ်ဖူးတာ။ အဲကနေ  ကျွန်တော်က စင်ကာပူရောက်ပြီး သိပ်မကြာခင်မှာပဲ ဒီအကြောင်းကို သိပြီးတော့ ဘယ်သူဆီက ဆက်လေ့လာရင် ကောင်းမလဲဆိုတော့ အဲမှာ စဉ်းစားမိတာ ဒီစာအုပ်ကို ရေးတဲ့ robert kiyosaki အကောင်းဆုံးပဲ။ အဲကြောင့် သူကို လှမ်းမေးတယ်။ လှမ်းမေးတော့ သူရဲ့ Team  နဲ့ ဆက်သွယ်မိပြီးတော့  အီးမေး အဆက်သွယ်ရတယ်ပေါ့နော်။ အဲကနေ တစ်လျောက် သူနဲ့ လိုက်ပြီးတော့ ပညာလေ့လာခဲ့တယ်။ အဲတော့ သူလုပ်တဲ့ Comfram  တွေ သွားတယ်။ အစရှိသဖြင့် သူနဲ့ တွေ့တယ်။ သူရဲ့ teaching တွေ လုပ်တယ်။ အဲကနေ တစ်ဖြေးဖြေးနဲ့ နောက်ပိုင်း ဘာကို သိလိုက်လဲဆိုတော့ financial freedom လို့ခေါ်တာပေါ့။ အဓိက passive income များလာလို့ ရှိရင် ကိုယ်ပေးတဲ့ expenses တွေ ဥပမာ နေ့စဉ်ရှိနေမှာပေါ့။ ဘာလဲဆိုတော့ ဥပမာ ကားဆိုရင် ဓာတ်ဆီ ဖြည့်ရတာ ရှိမယ်။ အိမ်ဆိုရင် ရေဖိုးမီးဖိုး ရှိမယ် အစရှိသဖြင့် ဒါ တွေကို ကျွန်တော်တို့က expenses လို့ခေါ်တယ်။ ကုန်ကျစရိတ်ပေါ့။ ကျွန်တော်တို့ အခုနတုန်းက passive income လို့ခေါ်တဲ့ သူဘာသူ ရင်းနှီးမြှုပ်နှံ ထားတဲ့ ကိုယ်အလုပ် တကယ်လုပ်စရာ မလိုပဲနဲ့ ရင်းနှီးမြှုပ်နှံမှု ဝင်တဲ့ငွေဟာကျွန်တော်တို့ ဒီဘက်မှာရှိတဲ့ အသုံစရိတ်ကို ကာမိတယ်ဆိုလို့ ရှိရင် ပိုသွားတယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ဘာရတယ်ဆိုလို့ရှိရင် financial freedom ဆိုတာရတယ်။ ”

သူရဲ့ဘဝမှာ robert kiyosaki ဆိုတဲ့ စီးပွားရေး ပညာရှင်နဲ့ တွေ့ခွင့် ရခဲ့ခြင်းဟာ ကံကောင်းခြင်းတစ်ခု ဖြစ်စေခဲ့ပါတယ်။ သူရဲ့ဆရာ robert kiyosaki ရဲ့ သင်ကြားပြသမှုတွေကို လေ့လာရင်းနဲ့ပဲ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေကို စတင်ရင်းနဲ့ပဲ လုပ်ကိုင် ဖြစ်ခဲ့ပုံအကြောင်းကိုလည်း ဆက်လက် ရှင်းပြခဲ့ပါတယ်။

“Robert kiyosaki ကျွန်တော်ကို အမြဲတမ်းပြောတဲ့ စကားတစ်ခွန်းရှိတာ ဘာလဲဆိုတော့ ဆင်းရဲတဲ့သူတွေဟာ ငွေအတွက် အလုပ်လုပ်ကြတယ်။ ပိုက်ဆံက သူတို့အတွက် ပြန်ပြီးတော အလုပ်လုပ်ပေးတယ်။ အဲစာကို စဖတ်တုန်းက ကျွန်တော်နားမလည်ဘူး။ အဲကျမှ သူနဲ့ အဲလို ပြန်တွေ့ပြီးတော့ လူချင်းတွေ့တာကတော့ ၂၀၁၂ လောက်မှာ ဖြစ်လိမ့်မယ်။ လူချင်းမတွေ့ခင်ကတည်းက အဲလို သင်ခန်းစာတွေ လုပ်ရင်းကနေပြီးတော့ သိလိုက်တာ ဘာလဲဆိုတော့ စတော့တစ်ခု ဝယ်ထားတယ်ဆိုလို့ရှိရင် ဒီဟာက ပိုက်ဆံကို အလုပ်လုပ်ခိုင်းလိုက်တာ။ ကျွန်တော် ညပိုင်းအိပ်နေတဲ့ အချိန်မှာ ဒီစတော့ တက်သွားတယ်ဆိုလို့ ရှိရင်လည်း ဒါဟာ ပိုက်ဆံက ကျွန်တော့် အတွက် အလုပ်လုပ်ပေးနေတာ။ ဘယ်နေရမှာဖြစ်ဖြစ် rich rerock ဆိုတာ အမြဲရှိတယ်။ ”

အစ်ကို အခုနတုန်းက ပြောသွားတဲ့ အထဲမှာ robert kiyosaki အကြောင်းကို ပြန်ကောက်မယ်ဆိုရင် အစ်ကိုဘဝကလည်း အရင်တုန်းက employing ထဲမှာ ပါခဲ့တာပေါ့။ အခု ကျွန်တော်တို့ လူငယ်တွေထဲမှာလည်း ရှိပါတယ်။ တစ်ချိန် သူတို့က investors လည်း ဖြစ်ချင်တယ်။ အဲဒီလို လူမျိုးတွေ အတွက်ကော သူတို့ဘဝမှာ တစ်ဆင့်ထက် တစ်ဆင့် ဒီလိုမျိုးဖြစ်အောင် ဘယ်လိုမျိုး ကြိုးစားသင့်လဲ အစ်ကို။

“ဒီမေးခွန်းက ကျွန်တော် robert kiyosaki ကို မေးတဲ့ မေးခွန်း။ လွန်ခဲ့တဲ့ ၆နှစ်ဝန်းကျင်လောက်ကပေါ့။ ကျွန်တော် သူကို တိုက်ရိုက်မေးတဲ့ မေးခွန်း။ သူဖြေတဲ့ အဖြေက ရှင်းတယ်။ သူဖြေတာ နှစ်မျိုးဖြေတယ်။ ပထမတစ်ခုက ဘာလဲဆိုတော့ ကျွန်တော်တို့ ဘုရင့်နောင် ဖောင်ဖျက်ပြီး သွားတဲ့ ပုံစံပေါ့။ သဘောကတော့ ဒီနေရာ ရောက်ပြီဆိုတာနဲ့ လှေဖျက်ပြီးတော့ မရရအောင်တိုက်မယ်ဆိုတဲ့ ပုံစံမျိုး။ အဲတာဆိုတော့ဘာလဲဆိုတော့ အခုနကပြောသလို ကျောင်းပြီးကတည်းက ငွေကြေးလည်း သူဘာနဲ့သူ ရှိတာပဲ ဖြစ်ဖြစ် မရှိတာပဲ ဖြစ်ဖြစ် အစောကြီးကတည်းက အဆုံးဖြတ်က ဝန်ထမ်းမလုပ်ဘူး။ interpretership သွားရင်လည်း ပထမပိုင်းကတော့ self employment ပုံစံနဲ့ သွားရမှာပဲ။ ဒါပေမယ့် ဝန်ထမ်းကို သူက ကျော်သွားတာပေါ့။ self employment ကနေပြီးတော့ သူက self  ကို အရင်သွားလိုက်တယ်။ ပြီးမှ လုပ်ရင်းလုပ်ရင်းကနေပြီးတော့ ဝန်ထမ်းတွေ ထပ်ခန့်တယ်။ နောက် ကျွမ်းကျင်တဲ့သူတွေကို ထပ်ငှားတယ်။ အဲကနေမှ တစ်ဆင့်တစ်ဆင့် တက်သွားတယ်ပေါ့။ နောက်ထပ် တစ်ခု robert kiyosaki ပြောတာ ဘာလဲဆိုတော့ employing ပေါ့။ သဘောကတော့ employing အရင်ဦးဆုံးလုပ် သူကတော့ ဝန်ထမ်း အရင်လုပ်ရင်းကနေပြီးတော့ ငွေစုမိသွားပြီဆိုလို့ ရှိရင် ကျွန်တော်တို့က investment ကို ပြောင်းချင်ပြောင်း ဒါမှမဟုတ်ရင် ထပ်ပြီးတော့ business ဘက်ကို ပြောင်းချင်ပြောင်း။”

ချမ်းသာတဲ့ သူတွေဟာငွေကြေးကို သူတို့အတွက် အလုပ် လုပ်ခိုင်းစေတာ ဖြစ်ပြီးတော့ ဆင်းရဲတဲ့ သူတွေကတော့ ငွေကြေးအတွက် သူတို့ကိုယ်တိုင် အလုပ်လုပ်နေကြရပါတယ်။

အစ်ကို အခုနတုန်းက ပြောသွားတဲ့ အထဲမှာ အစ်ကို ဘဝမှာလဲ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာတွေလည်း တွေ့ရတယ်ပေါ့နော်။ ကျွန်တော်တို့ လူငယ်တွေထဲမှာလည်း တစ်ခါတလေကျရင် သူတို့ ဖြစ်ချင်တာတွေက မဖြစ်သေးဘူးအစ်ကိုရယ်။ ဒီလိုလူမျိုးတွေအတွက်ကော သူတို့ဘဝမှာ ဘယ်လိုမျိုး ရှေ့ဆက်သင့်လည်း အစ်ကို။

“သူတို့ဆီမှာ အခုနက ကျဆုံးနေတယ်ဆိုတာလေးကို ကျွန်တော် နည်းနည်းလေး စကားလုံးလေး ပြောင်းချင်တယ်ပေါ့။ ကျဆုံးတယ်ဆိုတာ အောင်မြင်တဲ့ သူတွေက ကျဆုံးတာကို ဘယ်လိုတွေးလည်း ဆိုတော့ ကျဆုံးမှုလို့ မတွေးဘူး။ သူတို့က အမြဲတမ်းသုံးတာ ဘာလဲဆိုတော့ သင်ခန်းစာတစ်ခုလို့ အမြဲတမ်းမြင်တယ်။ မြင်ပြီးတော့ သူတို့က သင်ခန်းစာ ဘာလဲဆိုတာ ဖြစ်ပျက်တစ်ခု ဖြစ်သွားရင် အဲက သင်ခန်းစာက ဘာလဲဆိုတာ အမြဲတမ်းမေးတယ်။ ပြီးရင် အဲတာ ပြင်ပြီးတော့ နောက်တစ်ခေါက် ပြန်ပြီးတော့ လုပ်တယ်။

ကျွန်တော်တို့ ပန်းတိုင် တစ်ခု ရှိတယ်။ အဲရည်ရွယ်ချက် ကို ဖြစ်မြောက်အောင်လုပ်ဖို့ဆိုတာ အခုနကပြောတဲ့ strategy ဆိုတာ လိုတယ်။ သွားချင်တာက မန္တလေးသွားချင်တယ်ဆိုရင် strategy က လေယျာဉ်နဲ့  သွားလို့ ရတယ်။ ကားနဲ့ သွားလု့ိ့ရတယ်။ ဒါမှ မဟုတ်ရင် ဆိုင်ကယ်နဲ့ သွားလို့လည်း ရတယ်။ ဝေးတော့ ဝေးတာပေါ့။ အမျိုးမျိုး ရှိတဲ့ strategy ထဲကနေပြီးတော့ တစ်ခုခုကိုရွေးရတယ်ပေါ့။ သဘောကတော့ ကျွန်တော်က မန္တလေးကို သွားမှာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် strategy က ကားနဲ့ သွားမယ်ဆိုပြီး ကားလက်မှတ်တော့ ဝယ်ပြီးသွားပြီ။ ပြီးရင် နောက်ဆုံးတစ်ခုက ဘာလဲ ကားဂိတ်တစ်ခုကိုတော့ သွားရအုံးမယ်။ အဲတာကို ကျွန်တော်တို့ ခေါ်တာ အက်ရှင်လို့ ခေါ်တယ်။ အလုပ်လုပ်တာပေါ့။ တကယ်လုပ်တယ်ဆိုတာပေါ့။ အဲတော့ ကားဂိတ်ကို  မသွားဘူးဆိုရင်လည်း ကားလက်မှတ် မသွားဘူးဆိုရင်လည်း အလကားပဲ။

တစ်ချို့ လူငယ်တွေက ဘယ်မှာ စဖြစ်လည်း ဆိုတော့ strategy မှာ စဖြစ်တယ်။ လုပ်ငန်းတစ်ခုကို မလုပ်ခင်မှာ အရင်ဆုံး တွေးတယ်။ စဉ်းစားတယ်။ ဒါဘယ်လိုလုပ်ရင် ကောင်းမလဲ အစ်ကို မေးတယ်။ ဒါလေး အစ်ကို ပြောပြပါ။ ပြီးရင် အခုခောတ်က အင်တာနက်မှာလည်းပေါနေတာဆိုတော့ အင်တာနက်ပေါ် တက်ကြည့်တယ်။ ဥပမာဆိုပါစို့ အောင်မြင်တဲ့ သူတွေက တကယ်လုပ်တာ ဘာတွေလဲ။ အောင်မြင်တဲ့ သူတွေရဲ့ မနက်ခင်း လုပ်တဲ့ အချက်ငါးချက်။ ဒါတွေကို Note  လုပ်တယ်။ အဲတာတွေ အကုန်လုံးကို လိုက်မှတ်တယ်။ သဘောက strategy တွေကို လိုက်စုတာ။ strategy လိုက်စုပြီးတော့ အခုနက ပြောတဲ့ အက်ရှင်ဆိုတာ ပါမလာဘူး။ အဲတာက လူငယ်အများစုမှာ တွေ့ရတာ အများစု ကိုကိုယ်တိုင်လည်း ဖြစ်ခဲ့ဖူးတယ်။

အကောင်းဆုံး အကြံဉာဏ်ပေးချင်တာက လူငယ်တွေကို အက်ရှင်များများယူပါ။ အခုခေတ်က ဖေ့ဘုတ်ဆိုရင်လည်း ရေးတဲ့ Page တွေ အများကြီးရှိတယ်။ အရမ်းကောင်းတယ်။ စာတွေက အဲမှာ သွားသွားပြီးတော့ အဲစာကောင်းလေးတွေပဲ ဖတ်ပြီးတော့ ရှယ်ပြီးတော့ အဲစာတွေထဲမှာပဲ ဝေ့မနေဖို့ strategy ကြားထဲမှာပဲ ဝေ့မနေဖို့ အရေးကြီးဆုံးက အက်ရှင် အက်ရှင်ယူလို့ ရှိရင် ဖြစ်လာတာက နှစ်ခုတော့ ဖြစ်လာလိမ့်မယ်။

ပထမတစ်ခုက အောင်မြင်သွား ဖြစ်ချင်ဖြစ်မယ်။ ဒုတိယ တစ်ခုက ကြတော့ ကျဆုံးသွားတာပေါ့။ ကျဆုံးသွားတဲ့နေရာမှာ ကျဆုံးတယ်လို့ မသုံးပဲနဲ့ သင်ခန်းစာလို့ သုံးပြီးတော့ သင်ခန်းစာဘာလဲ ပြန်မေး ပြန်မေးပြီးတော့ strategy ပြောင်းသင့်လား ပြန်စဉ်းစား ပြောင်းသင့်တယ်ဆိုရင် အဲကျမှ ပြန်ပြောင်း အစောကြီးကတည်းက strategy တွေ သွားစုပြီးတော့ ဘာမှ မလုပ်ဖြစ်တာထက် စာလို့ ရှိရင် အက်ရှင် အရင်ယူလိုက် လူငယ်တွေကို ပေးချင်တာကတော့ strategy လို့ခေါ်တဲ့ ဘာလုပ်သင့်တယ်။ အဲဟာတွေထဲမှာ အများကြီး အချိန်မကုန်မိပါစေနဲ့။ အက်ရှင်များများယူပါ။ ”

Mizzima Weekly