ဗီယက်နမ်တွင် ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်

ဗီယက်နမ်တွင် ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်

ဟိုချီမင်းစီးတီး၊ ဧပြီ ၇ ။            ။ ဗီယက်နမ်နိုင်ငံတွင် လွှတ်တော်တွင်း မဲဆန္ဒပေးကာ ဝန်ကြီးချုပ်သစ် ငုယင်စူအန်ပျူအား ရွေးကောက်တင်မြှောက်သည်။

ဝန်ကြီးချုပ်သစ် ငုယင်စူအန်ပျူသည် ဇန်နဝါရီလအတွင်းကလည်း ကွန်မြူနစ်ပါတီညီလာခံတွင် ဝန်ကြီးချုပ်ဟောင်း ငုယင်တန်ဒေါင်းအား အနိုင်ရကာ ပါတီခေါင်းဆောင်ဖြစ်ခဲ့သူဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် အဖွင့်မိန့်ခွန်းပြောကြားရာတွင် ငုယင်စူအန်ပျူက နိုင်ငံအား အောင်မြင်သောလမ်းကြောင်းပေါ်သို့ ဦးတည်စေမည်ဖြစ်ကြောင်း ကတိပြုပြောကြားသည်။

ဝန်ကြီးချုပ်သစ် ငုယင်စူအန်ပျူအနေဖြင့် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ် ငုယင်ပျူထရွန်နှင့် ပြီးခဲ့သည့်နှစ်ကမှ ရာထူးခန့်အပ်ခံရသည့် ဥက္ကဌ ထရန်ဒိုင်းကွမ်တို့နှင့်အတူ တိုင်းပြည်အား စီမံအုပ်ချုပ်သွားမည်ဖြစ်သည်။

ဧပြီ ၆ ရက်က ပြုလုပ်သည့် ရာထူးလက်ခံပွဲအခမ်းအနားတွင် ယခင်ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ငုယင်စူအန်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်တွင် မဲပေးရွေးချယ်ရာ ငုယင်စူအန်က ၉၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly