ဟောလီးဝုဒ်မင်းသမီး ဒရူးဘယ်ရီမိုးတို့ ဇနီးမောင်နှံ ကွာရှင်း ပြတ်စဲတော့မည်

ဟောလီးဝုဒ်မင်းသမီး ဒရူးဘယ်ရီမိုးတို့ ဇနီးမောင်နှံ ကွာရှင်း ပြတ်စဲတော့မည်

ဟောလီးဝုဒ်မင်းသမီး ဒရူူးဘယ်ရီမိုးနှင့် ခင်ပွန်းဖြစ်သူ ဝဲလ်ကိုပဲလ်မန်တို့ ကွာရှင်းပြတ်စဲတော့ မည်ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက People မဂ္ဂဇင်းသို့ ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

“ကျွန်မတို့ မိသားစုဝင်တွေ ဥပဒေအရတော့ သီးခြားစီနေရမယ်။ ဒါပေမဲ့ ကွာရှင်းပြတ်စဲတာ ဟာ ကျွန်မတို့ မိသားစုတွေ ဖြစ်တယ်ဆိုတဲ့အချက်ကို ပယ်ဖျက်နိုင်တယ်လို့ ကျွန်မတို့ မခံစားရပါဘူး” ဟု ၎င်းတို့နှစ်ဦးက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“ကွာရှင်းပြတ်စဲတာဟာ ရှုံးနိမ့်မှုတစ်ခုလို့ တစ်ယောက်ယောက်ကို ခံစားရစေနိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘဝကို ဘယ်လိုဆက်လက် ရုန်းကန်သွားမယ်ဆိုတဲ့ အကြံဉာဏ်ကောင်းကို စတင် ရှာရတော့မယ်။ ကျွန်မတို့ရဲ့ သားသမီးတွေဟာ ကျွန်မတို့ရဲ့ ကမ္ဘာပါပဲ။ ကျွန်မတို့ သူတို့နဲ့အတူ ကျန်ရှိနေတဲ့ ဘဝကို ရှင်သန်ဖို့ ပထမ ဦးစားပေးတစ်ရပ်အဖြစ် လှမ်းမျှော်ကြည့်လိုက်ပါတယ်” ဟု ၎င်းတို့နှစ်ဦးက ပြောကြားခဲ့သည်။

ဘယ်ရီမိုးနှင့် ကိုပဲလ်မန်တို့သည် ၂၀၁၂ ခုနှစ်က လက်ထပ်ခဲ့ပြီး သားသမီးနှစ်ယောက် ထွန်းကားခဲ့သည်။ ဘယ်ရီမိုးသည် ၁၉၉၄ ခုနှစ် မတ်လက ဘားပိုင်ရှင် ဂျီရီမီသောမက်စ်နှင့် လက်ထပ် ခဲ့ပြီးနောက်  နှစ်လအကြာတွင် ကွာရှင်းပြတ်စဲခဲ့သည်။ ဘယ်ရီမိုးသည် ၂၀၀၁ ခုနှစ် ဇူလိုင်လက  ဟာသ သရုပ်ဆောင် တွမ်ဂရင်းနှင့် လက်ထပ်ခဲ့ပြီးနောက် ခြောက်လအကြာတွင် ကွာရှင်းပြတ်စဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly