မြောက်ကိုရီးယားအပေါ် တရုတ်က ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့

မြောက်ကိုရီးယားအပေါ် တရုတ်က ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့

ပေကျင်း၊ ဧပြီ ၆ ။                  ။ ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်အရ တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံမှ ရွှေနှင့် ရှားပါးသတ္ထုတင်သွင်းခြင်းနှင့် ဒုံးကျည်ပစ်လွှတ်မှုများတွင် အသုံးပြုနိုင်သည့် ဂျက်လေယာဉ်ဆီနှင့် ရေနံလောင်စာဆီများ မြောက်ကိုရီးယားသို့ တင်ပို့မှုအား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြဌာန်းလိုက်ကြောင်း ဧပြီ ၅ ရက်က ကြေညာသည်။

ဇန်နဝါရီလအတွင်းက လေးကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုနှင့် ဖေဖော်ဝါရီလအတွင်းက တာဝေးဒုံးကျည်ပစ်လွှတ်မှုတို့ကို မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်ခဲ့ပြီးနောက် ၎င်း၏ နျူကလီးယားနှင့် ဖျက်အားပြင်းဒုံးကျည်များ စမ်းသပ်မှုအစီအစဉ်အတွက် ရန်ပုံငွေအား ချည်နဲ့သွားစေရန် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုသစ်မျာ ချမှတ်ခြင်းကို လုံခြုံရေးကောင်စီက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ် သဘောတူခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ အဓိက ဝင်ငွေသည် သတ္ထုတူးဖော်မှုမှဖြစ်ပြီး ကမ္ဘာ့သတ္ထုထွက်ရှိမှု၏ ပမာဏများများမှာ မြောက်ကိုရီးယားနိုင်ငံမှဖြစ်သည်။ ထိုသတ္ထုကဏ္ဍမှ ဝင်ငွေဖြင့် မြောက်ကိုရီးယားနိုင်ငံသည် ဖော်ပြခြင်းမရှိသော စစ်အသုံးစရိတ်ကို သုံးစွဲကုန်ကျခံနေသည်ဟု ပညာရှင်များက ပြောသည်။

ဒဏ်ခတ်ပိတ်ဆို့မှုတွင် လွတ်ငြိမ်းခွင့်ရသည့် မြောက်ကိုရီးယားနိုင်ငံက ကျောက်မီးသွေးတင်ပို့မှုကိုလည်း တရုတ်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့စာရင်းသွင်းကြောင်း ကြေညာသည်။ ပြည်သူတို့၏ ဘဝအတွက်နှင့် နျူကလီးယား သို့မဟုတ် ဒုံးကျည်စီမံကိန်းများတွင် ထည့်ဝင်ခြင်း မပြုနိုင်ရန်အတွက် ယင်းသို့ ကျောက်မီးသွေးတင်သွင်းမှုကိုလည်း ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းက မြောက်ကိုရီးယားနိုင်ငံသည် တရုတ်သို့ ကျောက်မီးသွေးတန်ချိန် သန်း ၂၀ နီးပါး တင်ပို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly