သူရဦးရွှေမန်းဦးဆောင်သည့် ကော်မရှင်တွင် ဦးဝင်ထိန်လည်း တာဝန်ယူ

သူရဦးရွှေမန်းဦးဆောင်သည့် ကော်မရှင်တွင် ဦးဝင်ထိန်လည်း တာဝန်ယူ

သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်ကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်း ယနေ့(ဧပြီ ၅ရက်တွင်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သည်။

ဦးဝင်းထိန်အပါအဝင် သုံးဦးကို ကော်မတီတွင် မူလတာဝန်ထမ်းဆောင်နေရာမှ တစ်ဆင့် အစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရသည့် အတွက် နှုတ်ထွက်သွားသည့် ဒုတိယဥက္ကဌ (၂) ရာထူး နှင့် အဖွဲ့ဝင်သုံးဦးနေရာတွင် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

“ဒေါက်တာသန်းဝင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) အားဒုတိယ ဥက္ကဌ (၂) အဖြစ် လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းထိန် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ဦးညီထွန်း (အဖွဲ့ဝင်ငြိမ်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့) ၊ ဦးဘိုဝင်း (ညွှန်ကြားရေးမှူးချုပ်ငြိမ်း၊ ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီးဌာန ပညာရေးဝန်ကြီးဌာန) တို့အားခန့်အပ်တာဝန်ပေးမှာဖြစ်ပါတယ် ” ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာသည်။

ပြည်ထောင်စုအဆင့်အဖြစ်တာဝန်ထမ်းဆောင်ရန် မတ်လ (၃၀) ရက်တွင် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့် ဒေါက်တာဝင်းမြတ်အေး (ဒုတိယဥက္ကဌ ၂) ၊ ဒေါက်တာမြင့်ထွေး (အဖွဲ့ဝင် ) ၊ ဦးစိုးရယ် (အဖွဲ့ဝင် ) ၊ ဦးအောင်မြင့် (အဖွဲ့ဝင်) တို့လေးဦးသည် ၎င်းတို့ဆန္ဒအရ သူရဦးရွှေမန်း ဥက္ကဌ တာဝန်ယူထားသည့် ကော်မတီမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီတွင် အဖွဲ့ဝင်အသစ်လေးဦးခန့်အပ်ခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိသဖြင့် အတည်ပြုခန့်အပ်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly