ဆိုးလ်၊ ဧပြီ ၄ ။ ။ တောင်ကိုရီးယားမင်းသား ဘေယောင်ဂျွန်းကို “A”ဟု လူသိများသော ဂျင်ဆင်းကုမ္ပဏီက တရားစွဲဆိုထားသော အမှုတွင် ဘေယောင်ဂျွန်း အနိုင်ရရှိခဲ့ကြောင်း ဆိုးလ်ခရိုင်တရားရုံးက ပြောကြားသည်။
ကုမ္ပဏီသည် ဘေယောင်းဂျွန်း နှင့် ၎င်း၏ စားသောက်ဆိုင် စီးပွားရေးလုပ်ငန်းကို မျှတမှုမရှိသော အမြတ်အစွန်းအတွက် ဝမ်ငွေ သန်း ၃၀၀ ပေးဆောင်ရန် တောင်းဆိုခဲ့သည်။
ဘေယောင်ဂျွန်းသည် ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံတွင် ဂျင်ဆင်းထုတ်ကုန်များ၌ ၎င်း၏ အမှတ်တံဆိပ်များကို ဆက်လက် အသုံးပြုခဲ့သည်။ ထို့အပြင် စာချုပ်ချုပ်ဆိုသည့် အချိန်က ဘေယောင်ဂျွန်းသည် အမှတ်တံဆိပ် ပိုင်ဆိုင်ခွင့် မရှိပေ။” A”ကုမ္ပဏီ၏ တရားစွဲဆိုမှုတွင် ဘေယောင်ဂျွန်းထံသို့ ပေးခဲ့သော ဝမ်ငွေ ၂ ဒသမ ၃ ဘီလီယံအနက် ဝမ်ငွေ သန်း ၃၀၀ ကို ဘေယောင်ဂျွန်းတို့ဘက်မှ ပြန်ပေးရန် တောင်းဆိုထားသည်။
၂၀၀၉ ခုနှစ်က ဘေယောင်ဂျွန်းနှင့်” A”ကုမ္ပဏီသည် ဘေယောင်ဂျွန်း၏ ဂျပန်စားသောက်ဆိုင် စီးပွားရေး အမှတ်တံဆပ်ဖြင့် ဂျပန်နိုင်ငံတွင် ဂျင်ဆင်းထုတ်ကုန်များကို တင်သွင်းမည့် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ ကိုယ်စားလှယ် ရောင်းချခြင်းထက် နှစ်စဉ်ရောင်းချရမှု ဝမ်ငွေ ၁၀ ဘီလီယံ ရရှိရန် သဘောတူညီခဲ့ကြောင်း ဘေယောင်ဂျွန်း၏ဘက်မှ ပြောကြားချက်အရ သိရသည်။
” A” ကုမ္ပဏီသည် ထုတ်ကုန်များတွင် ၎င်းတို့၏ အမှတ်တံဆိပ်ကို အသုံးပြုရန် ဝမ်ငွေ ၅ ဘီလီယံ အပြင် ဝမ်ငွေ ၁ ဒသမ ၅ ဘီလီယံပေးရန် သဘောတူညီခဲ့သော်လည်း ဝမ်ငွေ ၂ ဒသမ ၃ ဘီလီယံ သာ ပေးခဲ့ကြောင်း ဘေယောင်ဂျွန်း၏ဘက်မှ ပြောကြားသည်။
သတ်မှတ်ထားသည့် အချိန်တွင် ကျန်ရှိနေသည့် ငွေများကို ပေးဆောင်ခဲ့ခြင်း မရှိသည့်အပြင် ထုတ်ကုန်များကိုလည်း မျှော်မှန်းထားသလောက် ရောင်းချခဲ့ခြင်း မရှိခြင်းကြောင့် တရားဥပဒေကြောင်းအရ ရင်ဆိုင်မှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဘေယောင်ဂျွန်းသည် ယခင်ကလည်း အလားတူ တရားစွဲဆိုမှုတွင် အနိုင်ရရှိခဲ့ဖူးသည်။