ပါကစ္စတန်တွင် မိုးသည်းထန်ခြင်းကြောင့် လူပေါင်း ၅၃ ဦး သေဆုံး

ပါကစ္စတန်တွင် မိုးသည်းထန်ခြင်းကြောင့် လူပေါင်း ၅၃ ဦး သေဆုံး

ကရာချိ၊ ဧပြီ ၄ ။              ။ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းနှင့် ကတ်ရှ်မီးယားဒေသတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ကာ အိမ်ဒါဇင်များစွာ ပြိုလဲမှုများဖြစ်ပြီး လူပေါင်း ၅၃ ဦး သေဆုံးကာ ၆၀ ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ဧပြီ ၂ ရက် ညပိုင်းမှ စတင်ကာ မိုးသည်းထန်ခြင်းကြောင့် ခိုင်ဘာပြည်နယ်နှင့် ပါကစ္စတန်ပိုင် ကတ်ရှ်မီးယားဒေသ နီလမ်တောင်ကြားတို့တွင် လူသေဆုံးမှုများ ဖြစ်ပွားခြင်းဖြစ်သည်။

ခိုင်ဘာပြည်နယ်အတွင်း သေဆုံးသူဦးရေက ၄၅ ဦးထိ ရှိကြောင်း၊ အစွန်အဖျားဒေသများမှ သတင်းများကို စောင့်နေကြောင်း ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူကပြော သည်။

အဆိုးဆုံးဘေးကြုံသည့် ဒေသမှာ ရှန်ဂလာခရိုင်တွင်ဖြစ်ပြီး သေဆုံးသူ ၁၄ ဦးရှိသည်။ ခိုဟီစတန်ဒေသသည် ဒုတိယအဆိုးဆုံးဖြစ်ကာ ၁၂ ဦးသေဆုံးသည်။

မိုးစတင်ရွာသည့် ဧပြီ ၂ ရက်က ကာရှီမီရီကျေးရွာတွင် မြေပြို၍ အိမ်နှစ်လုံး ပြိုလဲရာ ကလေးငယ် ငါးဦးနှင့် အမျိုးသမီး သုံးဦးသေဆုံးကြောင်း ဒေသတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly