ဂျပန်တွင် အလုပ်အလွန်အကျွံလုပ်ရမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်

ဂျပန်တွင် အလုပ်အလွန်အကျွံလုပ်ရမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်

တိုကျို၊ ဧပြီ၊ ၃ ။             ။ ဂျပန်နိုင်ငံတွင် အလုပ်ချိန်ကြာမြင့်စွာ ပင်ပင်ပန်းပန်းလုပ်ဆောင်ရမှုနှင့် ဆက်နွယ်ပြီးသေဆုံးသူအရေအတွက်မြင့်တက်လာ လျှက်ရှိကာ ထိုကဲ့သို့သေဆုံးမှုမှာ ငယ်ရွယ်သူများနှင့်အမျိုးသမီးများတွင် ပိုမိုအဖြစ်များလျှက်ရှိသည်။

လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၌ အလုပ်လုပ်နိုင်သူအရေအတွက်နှင့် အလုပ်အကိုင်အရေအတွက် အချိုးချပါက အလုပ်အကိုင်အရေအတွက်ကများပြားနေပြီး အလုပ်သမားလိုအပ်မှုမှာ လူတစ်ယောက်လျှင် အလုပ် ၁. ၂၈ ခု ထိရှိနေသသည်။

ထိုကဲ့သို့ အလုပ်သမားလိုအပ်မှုမြင့်တက်ခြင်းကြောင့် အလုပ်လုပ်ကိုင်သူအရေအတွက်မြင့်တက်လာသည်မှာ မှန်သော်လည်း အလုပ်သမားဥပဒေများလျော့ရဲမှုကြောင့် အချို့အလုပ်ရှင်များသည် အလုပ်သမားများကို မတန်တဆစေခိုင်းမှုများရှိနေပြီး လူသေဆုံးသည်အထိကြေကွဲစရာဖြစ်ရပ်များပါ ရှိနေခဲ့သည်။

ပြီးခဲ့သည့် တစ်နှစ်တာအတွင်းအတွင် အလုပ်အလွန်အကျွံလုပ်ရမှုနှင့် ဆက်နွယ်ပြီးသေဆုံးသူအရေအတွက်မှာ ၁၄၅၆ ယောက်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး အလုပ်သမားပြတ်လပ်မှုဖြစ်ပေါ်နေသော ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဝန်ဆောင်မှု၊ ရေကြောင်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်များတွင် အဓိကဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အလုပ်အကျွံလုပ်ရမှုကြောင့် သေဆုံးမှုများနှင့်ပတ်သတ်ပြီး အစိုးရအာရုံစိုက်သင့်သလောက မစိုက်သဖြင့် ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားအဖွဲ့အစည်းများက   ဝေဖန်လျှက်ရှိသည်။

အလုပ်အလွန်အကျွံလုပ်ရမှုနှင့်ဆက်နွယ်ပြီး သေဆုံးရမှုများနှင့်ပတ်သတ်၍ ဂျပန်အလုပ်သမားရေးရာဝန်ကြီးဌာနကမူ မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly