Miss Universe Sittwe 2015 အဖြစ် အလှမယ် ချိုချိုထွန်း ရွေးချယ်ခြင်း ခံရ

Miss Universe Sittwe 2015 အဖြစ် အလှမယ် ချိုချိုထွန်း ရွေးချယ်ခြင်း ခံရ

ရန်ကုန် ၊ ဇူလိုင် ၁ ။    ။ စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ် ခဲ့သည့် Miss Universe Sittwe 2015 ပြိုင်ပွဲတွင် အလှမယ် ချိုချိုထွန်း (ရသေ့တောင်)က ဆုရရှိ ခဲ့ပြီး အောက်တိုဘာလတွင် ရန်ကုန်၌ ကျင်းပသည့် Miss Universe Myanmar 2015 သို့ တိုက်ရိုက် ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိ သွားပြီ ဖြစ်သည်။

Miss Universe Sittwe 2015 winner အဖြစ် ခါးနံပါတ် ၁၆၊ ချိုချိုထွန်း (ရသေ့တောင်)က သရဖူ နှင့် ငွေကျပ် ၁၅ သိန်း ၊ 1st Runner Up ကို ခါးနံပါတ် (၁၀) မင်းပြားမြို့မှ ဝင်ရောက် ယှဉ်ပြိုင်သည့် မခင်ခင်ကြည် ၊ 2nd Runner Upကို  ခါးနံပါတ် (၁၅) ၊ စစ်တွေမြို့မှ ဝင်ရောက် ယှဉ်ပြိုင်သည့် မဆုမြတ်လှိုင် တို့ ရရှိ ခဲ့သည်။

Miss Universe Sittwe Organization မှ City Director ကိုကျော်ကျော်မိုးက  "ရန်ကုန်မှာ လုပ်မယ့် ပွဲ အတွက် သူ့ကို ကျွန်တော်တို့နေပုံထိုင်ပုံတွေကအစ ပုံစံ ပြောင်းလဲ သွားအောင် သင်ကြား ပေးမှာပါ။ ရန်ကုန်ပွဲ အတွက်ကိုလည်း နှစ်လလောက် ကြိုလွှတ်မယ်။ National Costume အတွက် ကိုလည်း ကျွန်တော်တ ို့ဘက်က ပြင်ဆင် ပေးသွားမှာပါ" ဟု ပြောသည်။

Miss Universe Sittwe 2015 ချိုချိုထွန်း အတွက် National Costumeကို ရခိုင်မြို့ကိုယ်စားပြုသည့် ရခိုင်ရိုးရာ ဝတ်စုံပြင်ဆင် ပေးမည် ဖြစ်ပြီး Miss Myanmar Universe 2015 ပြိုင်ပွဲတွင် လေလံရောင်းချမည့် အစီအစဉ် လည်း ပါဝင်မည် ဖြစ်သဖြင့် ၎င်းအတွက်ကိုလည်း စီစဉ် ပေးသွားမည် ဖြစ်သည်။

အဆိုပါ ပွဲတွင် Miss photogenic Award ကို ခါးနံပါတ်(၁၁)၊ ကျောက်ဖြူမြို့မှ ဝင်ရောက် ယှဉ်ပြိုင်သည့် မယဉ်ပိုပိုမြင့် ၊  BSC Cosmetology မှ ချီးမြှင့်သည့် miss healthy skin Award ကို ခါးနံပါတ်(၁၀)၊ မင်းပြားမြို့မှ ဝင်ရောက် ယှဉ်ပြိုင်သည့် မခင်ခင်ကြည်က ရရှိသည်။

Miss Body Beauty ဆုကို ခါးနံပါတ်(၉) ကျောက်တော်မြို့မှ ဝင်ရောက် ယှဉ်ပြိုင်သည့် မဖြိုးဖြိုးကျော် ၊ Miss internet ဆုကို ခါးနံပါတ်(၃)၊ ရသေ့တောင်မြို့မှ ဝင်ရောက် ယှဉ်ပြိုင်သည့် မခင်ယုယုနွယ် ၊ Miss best style ဆုကို ခါးနံပါတ်(၄)၊ စစ်တွေ မြို့မှ ဝင်ရောက် ယှဉ်ပြိုင်သည့် မခင်မြတ်သူ ၊ Miss Congeniality ဆုကို ခါးနံပါတ်(၁၃)၊ ပုဏ္ဏားကျွန်းမြို့ မှ ဝင်ရောက် ယှဉ်ပြိုင်သည့် မငြိမ်းအိအိကျော် တို့က  ရရှိ ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly