ဘန်ကောက်မြို့လယ် လမ်းဆုံ၌ ဘေလ်ဘုတ်ထောင်ကာ ယောင်္ကျားရှာသည့် ထိုင်းမင်းသမီး ဒဏ်ရိုက်ခံရ

ဘန်ကောက်မြို့လယ် လမ်းဆုံ၌ ဘေလ်ဘုတ်ထောင်ကာ ယောင်္ကျားရှာသည့် ထိုင်းမင်းသမီး ဒဏ်ရိုက်ခံရ

ထိုင်းနိုင်ငံတွင် အသက် ၄၀ အရွယ်ရှိ တီဗီဇာတ်လမ်းမင်းသမီးတစ်ဦးက လိင်ဆက်ဆံဖက် လင်ယောက်ကျား အလိုရှိကြောင်းကို လမ်းဆုံလမ်းမတွင် ဘီလ်ဘုတ်ထောင်ကာ ကြေညာခဲ့ခြင်းကြောင့် ရဲများက တားမြစ်ကာ ထိုကြေညာဘုတ်အား အတင်းဖြုတ်ချခဲ့ရသည်။

အောင်သွယ်တော်အေဂျင်စီများနှင့် အက်ပရီကေးရှင်းများကို အားကိုးခဲ့သော်လည်း လက်တွဲဖော်ရှာမတွေ့ခဲ့သည့် တီဗီမင်းသမီး အာရန်ယာပူပတ်ဟမ်သွန်က ဘန်ကောက်မြို့လယ်တွင်   နေရာငှားရမ်းကာ ကြေညာဘုတ်ထောင် ယောက်ကျားရှာခြင်းဖြစ်သည်။

ထိုဘီလ်ဘုတ်ကြေညာ ဆိုင်းဘုတ်ကြီးတွင် ပတ်ဟမ်သွန်က ရင်ကြားပေါ်သည့် အဝတ်အစားဖြင့် လိင်ညှိဓာတ်ပြင်းပြင်း ဓာတ်ပုံနှင့်အတူ “သင့်ကို လိုအပ်သည်”ဟု စာသား ရေးသားဖော်ပြထားသည်။

ထိုပြင် သူ့၏ ဖုန်းနံပါတ်ကိုပါ ထည့်သွင်းဖော်ပြထားပြီး “အသက် ၄၀ အပျိုစင် ပတ်ဟမ်သွန်ပါ။ လင်ယောက်ကျားရှာနေပါတယ်။”ဟုလည်း ကြေညာဘုတ်တွင် ရေးသားထားသည်။

“မသေခင်လေး တစ်ခါကြုံခွင့် ရချင်တယ်။”ဟုလည်း ယင်းကြေညာဘုတ်တွင် ရေးထားသည်။

ဒုတိယတန်း မင်းသမီးတစ်ဦးဖြစ်သည့် ပတ်ဟမ်သွန်သည် အမှန်အားဖြင့် အသက် ၄၅ နှစ်ရှိသူဖြစ်ပြီး အိမ်ထောင်ဖက်တွေ့လိုကြောင်းကို မီဒီယာများတွင်လည်း ပြောဆိုထားသူဖြစ်ကာ ယခုကဲ့သို့ ကြေညာဘုတ်ထောင် အိမ်ထောင်ဖက်ရှာခြင်းဖြစ်သည်။

သို့သော်လည်း ရဲများက ထိုဘီလ်ဘုတ်ကြေညာထောင်ပေးသည့် ကြေညာအေဂျင်စီကို အများပြည်သူအနှောင့်အယှက်ဖြစ်စေမှုဖြင့် ဘတ်ငွေ ၅၀၀ ဒဏ်ရိုက်ကာ ကြေညာအား ဖြုတ်ချခိုင်းခဲ့သည်။

“ဒီကြေညာဘုတ်ပေါ်က ပတ်ဟမ်သွန်ကိုလည်း ခေါ်ယူမေးမြန်းဦးမှာဖြစ်ပါတယ်။”ဟု ရဲဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly