ပါကစ္စတန်တွင် မိသားစု ဂုဏ်သိက္ခာထိခိုက်သည်ဟုဆိုကာ အမျိုးသမီးများအား သတ်ဖြတ်ခြင်းများ များပြားလာ

ပါကစ္စတန်တွင် မိသားစု ဂုဏ်သိက္ခာထိခိုက်သည်ဟုဆိုကာ အမျိုးသမီးများအား သတ်ဖြတ်ခြင်းများ များပြားလာ

ကရာချိ၊ ဧပြီ ၂ ။             ။ ပါကစ္စတန်နိုင်ငံတွင် မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အမျိုးသမီးပေါင်း ၁၁၀၀ ကို ပြီးခဲ့သည့်နှစ်က သတ်ဖြတ်ခြင်းများ ရှိခဲ့ကြောင်း နိုင်ငံတွင်းရှိ လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင်က ပြောသည်။

ကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာတွင် အမျိုးသမီး ၉၀၀ ကျော်ထက်မနည်း လိင်အကြမ်းဖက်မှုအား ခံစားရပြီး ၈၀၀ နီးပါးမှာ အဓမ္မကျင့်သတ်ဖြတ်ခြင်းခံရကြောင်း ဖော်ပြသည်။

၂၀၁၄ ခုနှစ်အတွင်းက မိသားစုဂုဏ်ထိခိုက်မှုကြောင့်ဟုဆိုကာ သတ်ဖြတ်ခံရသည့် အမျိုးသမီးပေါင်း ၁၀၀၀ နီးပါးရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်မူ ၈၆၉ ဦး ရှိခဲ့သည်။

ပါကစ္စတန်နိုင်ငံအတွင်း လူမသိသူမသိ ဖြစ်နေသည့် ထိုကဲ့သို့ ဂုဏ်သိက္ခာအတွက် အမျိုးသမီးများ သတ်ဖြတ်ခံရမှုများ အများအပြားရှိကြောင်းလည်း သတင်းထောက်များက ပြောသည်။

မိသားစု၏ ဂုဏ်သိက္ခာအတွက်ဟုဆိုကာ သတ်ဖြတ်ခြင်းက အစ္စလာမ်အယူမဟုတ်ကြောင်း ဝန်ကြီးချုပ် နာဝက်ရှာရစ်က ပြောသည်။

ဂုဏ်သိက္ခာအတွက်ဟုဆိုကာ အမျိုးသမီးများ ၁၀၉၆ ဦး သတ်ဖြတ်ခံရခြင်းဖြစ်ပြီး အက်ဆစ်ဖြင့် တိုက်ခိုက်ခြင်းများလည်း ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly