အစွန်းရောက်နျူကလီးယားတိုက်ခိုက်မှုများက ကမ္ဘာ့ကြီးကို ပြောင်းလဲပစ်လိမ့်မည်ဟု အိုဘားမား သတိပေး

အစွန်းရောက်နျူကလီးယားတိုက်ခိုက်မှုများက ကမ္ဘာ့ကြီးကို ပြောင်းလဲပစ်လိမ့်မည်ဟု အိုဘားမား သတိပေး

နယူးယောက်၊ ဧပြီ ၂ ။               ။ အစွန်းရောက်များ၏ နျူကလီးယားတိုက်ခိုက်မှုများသည် ကမ္ဘာကြီးအား အမှန်တကယ် ပြောင်းလဲပစ်လိမ့်မည်ဟု သမ္မတအိုဘားမားက သတိပေးပြောဆိုသည်။

နျူကလီးယားအစွန်းရောက်တိုက်ခိုက်မှုများကို ကာကွယ်ရေးအတွက် တစ်ကမ္ဘာလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဝါရှင်တန်တွင် ကျင်းပသည့် နျူကလီးယားလုံခြုံရေးထိပ်သီးအစည်းအဝေးတွင် သမ္မတအိုဘားမားက ပြောခဲ့ခြင်းဖြစ်သည်။

အိုင်အက်စ်ကဲ့သို့ အစွန်းရောက်အဖွဲ့မျိုးတွင် နျူကလီးယားလက်နက်ပိုင်သွားခြင်းသည် ကမ္ဘာလုံခြုံရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်းလည်း အိုဘားမားက ပြောသည်။

အဆိုပါ ထိပ်သီးညီလာခံသို့ ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော် တက်ရောက်ခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းအပေါ် စိုးရိမ်မှုကို ပြသရန် ဝါရှင်တန်က ယခုညီလာခံသို့ ကမ္ဘာ့ခေါင်းဆောင်များက တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး ရုရှနိုင်ငံက တက်ရောက်ခြင်း မရှိပေ။

ရုရှနိုင်ငံ၏ ကျယ်ကျယ်ပြန့်ပြန့်စစ်တပ်တည်ဆောက်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်းလည်း အိုဘားမားက ပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီးညီလာခံသို့ တက်ရောက်ရန် ရုရှသမ္မတ ပူတင်က ငြင်းဆန်ခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်ဝန်ကြီးချုပ်က နိုင်ငံတွင်း လူသေဆုံးမှုများသည့် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားထားသဖြင့် တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။ အဆိုပါ နှစ်နိုင်ငံစလုံးမှာ နျူကလီးယားပိုင်ဆိုင်သော နိုင်ငံများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly