ပုဇွန်တောင်မြို့နယ်၊ ရွှေနန်းထိုက်ရွှေဆိုင်မှရွှေထည်ပစ္စည်းများ ဖောက်ထွင်း ခိုးယူသွားသူကိုဖမ်းမိ

ပုဇွန်တောင်မြို့နယ်၊ ရွှေနန်းထိုက်ရွှေဆိုင်မှရွှေထည်ပစ္စည်းများ ဖောက်ထွင်း ခိုးယူသွားသူကိုဖမ်းမိ

ရန်ကုန် ဇူလိုင် ၁ ။   ။ ပုဇွန်တောင်မြို့နယ်၊ ရွှေနန်းထိုက်ရတနာရွှေဆိုင်တွင် ပြီးခဲ့သည့် ဇွန် ၂၇ ရက်၊ နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် ကျပ်သိန်း၁၅၀ ခန့်တန်ဖိုးရှိရွှေထည်ပစ္စည်းများ ဖောက်ထွင်းခိုးယူသွားသူကို ဇွန်၃၀ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

ကျူးလွန်သူမှာ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် နေထိုင်သည့်အသက် ၂၀ အရွယ် ကိုဇေလင်းထက်ဖြစ်ပြီး ၎င်းကိုဇွန် ၃၀ ရက်၊ ည ၉ နာရီခန့်က သာကေတမြို့နယ်၊ ၁/ ထူပါရုံရပ်ကွက်အတွင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကိုဇေလင်းထက်သည် ပြီးခဲ့သည့်ခြောက်နှစ်ခန့်က ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက် ခိုးယူမှုဖြင့် ထောင်ဒဏ် တစ်နှစ်ကျခံဖူးသည့် ပြစ်ချက်ဟောင်းရှိခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ရွှေနန်းထိုက် ရွှေဆိုင်မှ ဖောက်ထွင်းခိုး ယူထားသည့် ရွှေထည်ပစ္စည်း များကို လည်းပြန်လည်သိမ်းဆည်းရမိခဲ့သည်  ဟု ရန်ကုန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

၎င်းက  " သူ့အမျိုးသမီးကိုကျောင်းအပ်ပေးဖို့အတွက် ငွေလိုနေလို့ခိုးယူတယ်ဆိုပြီး   ကနဦးစစ်ဆေးချက်အရ သိရပါတယ်၊ သက်သေခံရွှေထည်ပစ္စည်းတွေကို   လဲ သူရောင်းချခိုင်းဖို့ အပ်နှံထားတဲ့ဒလမြို့နယ်က အိမ်တစ်အိမ်ကသိမ်း ဆည်းရမိပါတယ်။ " ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကျူးလွန်သူကိုပုဇွန်တောင်မြို့မရဲစခန်း(ပ) ၁၄၀/၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်စစ်ဆေးေဆောင်ရွက်နေပြီး အခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိ၊ မရှိကိုလည်း စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly