၂၀၁၅ခုနှစ်၊ ပထမ ခြောက်လအတွင်း ဒုက္ခသည် ၁၃၅,၀၀၀ကျော် ပင်လယ်ကိုဖြတ်ကာ ဥရောပသို့ရောက်ရှိခဲ့

၂၀၁၅ခုနှစ်၊ ပထမ ခြောက်လအတွင်း ဒုက္ခသည် ၁၃၅,၀၀၀ကျော် ပင်လယ်ကိုဖြတ်ကာ ဥရောပသို့ရောက်ရှိခဲ့

ဝါရှင်တန်၊ ဇူလိုင်၁ ။       ။ ၂၀၁၅ခုနှစ်၏ ပထမခြောက်လအတွင်း ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူ ၁၃၅,၀၀၀ကျော်သည် ပင်လယ်ကိုဖြတ်ကာ ဥရောပသို့ရောက်ရှိခဲ့ပြီး ဝန်ထုပ်ဝန်ပိုးအများစုကို ဥရောပတောင်ပိုင်းနိုင်ငံများက ခံနေရသည်ဟု ကုလသမဂ္ဂ  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးUNCHR၏ အစီအရင်ခံစာသစ်က ဖော်ပြခဲ့သည်။

၂၀၁၅ခုနှစ်၏ ပထမခြောက်လအတွင်း ဥရောပသို့ရောက်ရှိခဲ့သော ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူ အရေအတွက်မှာ ၂၀၁၄ ခုနှစ် အလားတူကာလထက် ၈၀ရာခိုင်နှုန်းမြင့်မားလာခဲ့သည်ဟု UNHCR ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းအခြေချမှုအကျပ်အတည်းကြီးထွားမှုအား ဖြေရှင်းရာတွင် အကောင်းဆုံးဖြေရှင်းရေးနှင့် ပတ်သက်၍ အီးယူခေါင်းဆောင်များကြား သဘောထားကွဲလွဲနေဆဲဖြစ်သည်။

၂၀၁၅ခုနှစ်၏ ပထမဆုံးခြောက်လအတွင်း ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူအများဆုံးဝင်ရောက်ခဲ့သော ဂရိနိုင်ငံမှာ စီးပွားရေး ရုန်းကန်နေရသည့်နိုင်ငံဖြစ်ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့သို့ ချေးငွေများ မဆပ်နိုင်သေးပေ။

ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများသည် ဂရိမှ ဘော်လ်ကန်ကျွန်းဆွယ်အနောက်ပိုင်းသို့ အများအပြားဝင်ရောက်လျက် ရှိနေသည်။ ဇွန်လအစကတည်းက လူ ၁,၀၀၀ကျော်မှာ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လွန်ခဲ့သည့် သီတင်းတစ်ပတ်အနည်းငယ်က လူ ၂၀၀ခန့်မှာမူ တခြားလမ်းကြောင်းမှ ဝင်ရောက်ခြင်းဖြစ်သည်ဟု အစီအရင်ခံစာတွင် ဖော်ပြထားသည်။

အီတလီနှင့် ဂရိမှ ခိုလှုံရှာသူ ၄၀,၀၀၀ ကိုခွဲဝေလက်ခံရေးနှင့် ပတ်သက်သည့် အစီအစဉ်တစ်ခုကို သဘောတူညီမှုမရရှိသေး သည့်အတွက် အီတလီဝန်ကြီးချုပ် မတ်တီယိုရင်းဇွက အီးယူခေါင်းဆောင်များကို လွန်ခဲ့သည့်သီတင်းပတ်က ပြင်းထန်စွာဝေဖန် ခဲ့သည်။

"ခိုလှုံခွင့်ရှာဖွေသူတွေမြင့်မားလာတာနဲ့ လက်ခံနိုင်တဲ့ အခြေအနေဟာ ဆိုးဆိုးဝါးဝါးမလုံလောက်မှုတွေရှိလာမှာပါ"ဟု UNHCR ပြောခွင့်ရပုဂ္ဂိုလ် ဘရိုင်ယန်ဟန်ဆော့က ပြောကြားခဲ့သည်။ ဒုက္ခသည် ၄၄,၀၀၀ခန့်မှာ ၂၀၁၁ ခုနှစ်ကတည်း က ပြည်တွင်းစစ်ဖြစ်နေခဲ့သော ဆီးရီးယားနိုင်ငံမှ ဖြစ်သည်။

၎င်းတို့မှာ ဥရောပ၏ ကမ်းခြေများသို့ ရောက်ရှိခဲ့သည့် အကြီးဆုံးအုပ်စုဖြစ်သည်။ ထိုအအပြင် လစ်ဗျားနိုင်ငံ၏ မတည်ငြိမ်မှု ကလည်း ဒုက္ခသည်ဦးရေးမြင့်မားခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်သည် ။ အာဖဂန်နှင့် အီရစ်ထရီးယားတို့သည် ဒုက္ခသည်များနှင့်ရွှေ့ပြောင်းအခြေချသူများ  ဒုတိယနှင့် တတိယမြောက်စတင်ပေါ်ထွက်ရာ နေရာများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly