စားသုံးသူအပေါ် သစ္စာရှိရမယ်လို့ဆိုတဲ့ ငါးသေတ္တာလုပ်ငန်းရှင် ဦးမိုးမြင့်ကျော်

01 April 2016
စားသုံးသူအပေါ် သစ္စာရှိရမယ်လို့ဆိုတဲ့ ငါးသေတ္တာလုပ်ငန်းရှင် ဦးမိုးမြင့်ကျော်

မြန်မာနိုင်ငံမှာ ငါးသေတ္တာကို နိုင်ငံခြားမှ တင်သွင်း စားသုံးနေတဲ့ အချိန်မှာ ပြည်တွင်း ထုတ်ကုန်တစ်ခု ဖြစ်လာဖို့ ကြိုးစားရင်းက ဦးမိုးမြင့်ကျော်ဟာ Ready  ငါးသေတ္တာလုပ်ငန်းကို စတင်ခဲ့သူ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ Ready  ငါးသေတ္တာဟာ မြန်မာပြည် စားသုံးသူတွေရဲ့ ယုံကြည်အားပေးမှုကို အပြည့်အဝ ရရှိနေပြီ ဖြစ်ပါတယ်။  အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပေါ်လာဖို့အတွက် ဘယ်လို စတင်ကြိုးစားခဲ့ရသလဲဆိုတာ ဦးမိုးမြင့်က အခုလိုရှင်းပြပါတယ်။

ကျွန်တော်က အစပိုင်းမှာ ပညာသင်တဲ့ အပိုင်းပေါ့နော်။ ကျွန်တော်က RIT  ကနေ mathematical 87  မှာ ဘွဲ့ရတယ်။ ပြီးတော့ Master  ထိ ယူဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆက်တက်တာပေါ့နော်။ ဒီတစ်လျောက်ကတော့ ပညာရေးပိုင်းတွေ ဆက်လုပ်ဖြစ်တာပေါ့။ အဲဒီလို နိုင်ငံခြားမှာ ပညာသင်ကြားရင်းနဲ့ပဲ ကျွန်တော်တို့က တကယ့် ပြင်ပမှာ လုပ်ကိုင်နေကြတာလေးတွေ ပိုသိလာရတယ်။ ကျွန်တော်တို့ ကျောင်းတွေကနေ စက်ရုံတွေ သွားလေ့လာတဲ့ အခါမှာ သူတို့ လုပ်ကိုင်တဲ့ ဟာတွေ ကျွန်တော်တို့ လေ့လာပြီးတော့ အားကျစရာတွေ ကျွန်တော်တို့ တွေ့လာရတာပေါ့နော်။ ဒီမှာတင် ကျွန်တော်တို့ စပြီး ပြင်ဆင်ဖြစ်တာပေါ့။ ပြင်ဆင်ဖြစ်ပြီးတော့ ဆက်သွယ်ကောင်းတွေ ရအောင်ယူတယ်။ စက်ရုံတွေနဲ့ ချိတ်တယ် နောက်တစ်ခါ သူတို့ လုပ်ပုံကိုင်ပုံတွေကို ကျွန်တော်တို့ လေ့လာသင်ယူပြီးတော့ ကျွန်တော်တို့ အဆက်သွယ်တွေ ယူကြရတာပေါ့နော်။ အဲလိုနဲ့ ကျွန်တော်တို့ စခဲ့တာပါ။ အဲဒီပြီးနောက်မှာမှ ကျွန်တော်က မြန်မာပြည်ကို ပြန်ဖြစ်လာတာပေါ့။ ပြန်လာပြီးတဲ့နောက်မှာ စပြီးကုမ္ပဏီကို စထောင်တာပါပဲ။

ငယ်စဉ်တုန်းက ပညာသင်နေတဲ့အရွယ်မှာပေါ့နော်။ ဆရာအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းပဲ လုပ်ဖို့ စိတ်ကူး ရှိခဲ့တာလား ဒါမှမဟုတ် ဝန်ထမ်းလုပ်ဖို့ စိတ်ကူးတွေကော ရှိခဲ့သေးလား ခင်ဗျ။

ကျွန်တော်တို့ အဲဒီအချိန်ကာလက ဆိုရှယ်လစ် ခေတ်ကာလရယ်။ မိဘတိုင်းကလည်း သားသမီးတိုင်းကို ရာထူးကြီးကြီးနဲ့ အေးအေးဆေးဆေးနဲ့ မြင်တဲ့ အိမ်မက်လောက်ပဲ ရှိခဲ့ကြတဲ့ ကာလ ဖြစ်တာကိုး။ ကျွန်တော်က အဲဒီအချိန်မှာတကယ်ဝါသနာပါခဲ့တာကတော့ ကျောင်းဆရာ လုပ်တာပေါ့နော်။ ဒါကြောင့် ကျွန်တော်က ကျောင်းပီးပီးချင်းမှာပဲ ကျောင်းဆရာ ဝင်လုပ်ခဲ့သေးတယ်။ အရေးခင်း မတိုင်ခင်လေးပေါ့နော်။ အဲလို အိမ်မက်တော့ ရှိခဲ့တာပါပဲ။

ကျွန်တော် ရည်ရွယ်ချက်ကတော့ ပညာကို ဆုံးခန်းတိုင်အောင် သင်မယ်။ ကျွန်တော်တို့ တက္ကသိုလ်တွေမှာတကယ့် ဆရာကြီးအနေနဲ့ ပညာသင်ပေးမယ်။ အစသဖြင့် အိမ်မက် ခဲ့တာပေါ့။ ဒါပေမယ့် အဲဒီအချိန်ကာလတစ်ခု ရောက်တဲ့အခါမှာ ကျွန်တော်တို့လည်း ကံအားလျော်စွာ အရေးအခင်း နဲ့ ကြုံတယ်။ နောက်တစ်ခါ တကယ့် တကယ် အဲဒီအချိန်ကျောင်းတွေ ပိတ်တာနဲ့ ဖြစ်လာတဲ့ အခါမှာ ဘဝကို စဉ်းစားလာတယ်။ အဲဒီအချိန်မှာ ကျောင်းပြီးနောက်ပိုင်းမှာ နောက်ထပ် ဘွဲ့တစ်ခု တက်ဖို့ဆိုပြီးတော့ ဆုံးဖြတ်ပြီးတော့ နိုင်ငံခြား တက္ကသိုလ် စလျှောက်ဖြစ်တာပေါ့နော်။

အဲဒီအချိန်တုန်းက ဆရာရဲ့ မိဘတွေကကော ဆရာဘဝမှာ ရှေ့ဆက်သွားရမယ့် ခြေလှမ်းတွေအတွက် ဘယ်လိုမျိုး လမ်းပြမှုတွေ လုပ်ခဲ့သေးလဲ။ ဒါမှ မဟုတ် ဆရာကိုယ်တိုင်ကိုယ် စိတ်ကြိုက် ရွေးချယ်ခွင့် ပေးခဲ့ကြရဲ့လား ခင်ဗျ။

တကယ်တော့ ကျွန်တော်တို့ ဒီလိုအောင်မြင်နိုင်တာ မိဘတွေ ရဲ့ ပံ့ပိုးမှုက အများဆုံးပါတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မိဘတွေ ပံ့ပိုးမှုကကျတော့ ကျွန်တော်တို့ ကို လွတ်လွတ်လပ်လပ် စဉ်းစားပြီး လုပ်ပိုင်ခွင့် ပေးထားတယ်။ နောက်ကနေ သူတို့ ဘာပဲ ပံ့ပိုးရ သူတို့ဘက်က ရအောင် လုပ်ပေးတဲ့ ပံ့ပိုးမှုမျိုးကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က ကိုယ်လုပ်ချင်တဲ့ ဟာကို လမ်းကြောင်းပေါ့ကို တည့်ရင်းနဲ့ ကိုယ့်ရဲ့ တွေ့လာတဲ့ အတွေ့ကြုံတွေ ဗဟုသုတတွေနဲ့ပဲ ချိန်ထိုးပြီး လမ်းကြောင်းတွေကို ရွေးခဲ့ကြတာပေါ့နော်။

ဦးမိုးမြင့်ကျော်ဟာ တက္ကသိုလ်ကျောင်းပြီးသွားတဲ့ နောက်ပိုင်း နိုင်ငံခြားမှာ ပညာဆက်လက် သင်ယူနေတဲ့ အချိန်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကိုင်ဖို့အတွက် စတင်စဉ်းစားနေခဲ့ပါတယ်။ private sector လို့ ခေါ်တဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ကို လုပ်ကိုင်နိုင်မှသာ မိမိနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လှမ်မှ အထောက်အကူ  ပြုနိုင်မယ်လို့လဲ စတင် သဘောပေါက်လာခဲ့ပါတယ်။

အဲချိန်မှာ လုပ်နေတဲ့အချိန်မှာ ကိုယ်က တစ်ချိန်ကျရင် ဒီမြန်မာနိုင်ငံ ပြန်လာပြီးတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း လုပ်ဖို့အတွက်ကို ဆရာအနေနဲ့ စပြီးတော့ စဉ်းစားဖြစ်နေပြီးလာ ခင်ဗျ။

ကျွန်တော်တို့ နိုင်ငံခြား တက္ကသိုလ် စလျောက်ပြီဆိုကတည်းက  စပြီး စဉ်းစားနေပါပြီ။ အဲချိန်မှာကတည်းက လမ်းကြောင်းက ကျွန်တော်တို့တွေဟာ ဒီဘက် ရောက်လာတဲ့ အခါမှာ pre sector တွေမှာ ဝင်လုပ်မှပဲ ပိုပြီးတော့ ကျွန်တော်တို့ serve  ဖြစ်မယ်။ ပြီးတော့ နိုင်ငံရဲ့ တိုးတက်မှုကိုလည်း ပံ့ပိုးနိုင်မယ်ဆိုတဲ့ အမြင်ကို မြင်လာကြပြီပေါ့နော်။ အဲဒီမတိုင်ခင်က pre sector ရယ်လို့ ဘာမှ မရှိခဲ့ဘူး။ ကိုယ်ပိုင် တီထွင်မှုတွေဟာ မရှိနိုင်သလောက် ကိုယ်ပိုင်တီထွင်ခဲ့တာကြတော့ ဒီဘက်လည်း ပွင့်လာတဲ့ အခါမှာ ဒါကို စပြီးတော့ စိတ်ကူးယဉ်လို့ ရသွားတယ်။ ကျွန်တော် Master  ဘွဲ့ယူတဲ့ အခါမှာ ဒီဟာ very determined ဖြစ်နေတာပေ့ါနော်။ အဲဒီအတွက် ဒီဟာကိုပဲ တစ်စိုက်မတ်မတ် လုပ်ခဲ့တာပါ။ အဲနောက်ယူခဲ့တဲ့ ဘွဲ့ဟာလည်း ဒီလုပ်ငန်းကိုပဲ လုပ်နိုင်အောင် ယူခဲ့တဲ့ ဘွဲ့မျိုး ပဲ မေဂျာကို ကျွန်တော်တို့က ယူခဲ့တာပေါ့နော်။

အဲတော့ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံကို စရောက်ရောက်ချင်းမှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စလုပ်မယ်ဆိုတော့ ဆရာအနေနဲ့ ဒီနိုင်ငံမှာလည်း  ကိုယ့်ထက် ခြေလှမ်းသာတဲ့ အောင်မြင်နေပြီးသား လူအများကြားကို ဝင်ပြီးတော့ ဆရာအနေနဲ့ ဝင်တိုးရတယ်ဆိုတော့ ဆရာစိတ်ထဲမှာ စိုးရိမ်စိတ်တို့ နောက်ပြီးတော့ ကြောက်တဲ့ စိတ်တို့ ဘာတို့ ဖြစ်ခဲ့သေးလား။

ကျွန်တော်တို့က အင်ဂျင်နီယာ ဖြစ်တဲ့ အခါကျတော့  ကျွန်တော်တို့က ပေါ်ပင်တွေ လုပ်ရတာကို သိပ် Perfect  မဖြစ်ဘူး။ ကိုယ့်ပညာကို သုံးချင်တယ်။ ကျွန်တော်တို့ စိတ်ကူးယဉ်တာတွေက စက်ရုံကြီးတွေ ဖြစ်ချင်တယ်။ ဒါ အလုပ်သမားတွေ အများကြီးလုပ်ချင်တယ်။ ဒါတွေက အဲဒီအချိန်ကာလကဆိုရင် ဒါဟာ လူမိုက်ပေါ့နော်။ တစ်ယောက်တည်းနဲ့ လွယ်လွယ်ကူကူ ပိုက်ဆံတွေ ရှာတဲ့ နည်းလမ်းတွေ ကြားထဲမှာ အဲဒါ အလုပ်သမားတွေ အများကြီးခန့်ပြီးတော့ ကျွန်တော်တို့က ဒီဟာတွေ အားလုံးကို ပြဿနာပေါင်းစုံဖြေရှင်း ဖြေရှင်းနေရတဲ့ အားလုံးဟာ တကယ့်ကို ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေပါပဲ။

ဆိုတော့ ပြောချင်တာက ကျွန်တော်တု့ိက မကြောက်တာ ဘာလဲဆိုရင် အဲဒီလိုလုပ်ဖို့ တကယ် အင်အားကြီးတဲ့ သူက မလုပ်ကြဘူး။ ဘာလို့လဲဆိုတော့ အမြတ်အစွန်းနည်းမယ်။ အလုပ်ရှုပ်တယ်။ သူ့မှာ ပြဿနာ ပေါင်းစုံ ရှိမယ်။ ကုန်ကြမ်းမရရင်လည်း ပြဿနာ၊ အလုပ်သမားတွေ မကျွမ်းကျင်ရင်လည်း ပြဿနာ၊ အလုပ်သမားတွေ ကြာကြာမနေရင်လည်း ပြဿနာ ဒါတွေကို အစသဖြင့် ပြဿနာပေါင်းစုံ ဖြေရှင်းတဲ့ အလုပ် မလုပ်ဖြစ်ကြဘူး။ ကျွန်တော်တို့ အဲချိန်မှာ ပိုက်ဆံရှိနေတဲ့သူ အများစုက လွယ်လွယ်ကူကူ ပဲလှောင်မယ်။ စသဖြင့်  ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်မယ်အစသဖြင့်ပေါ့နော်။ အဲလို လွယ်လွယ်ကူ ကူ တစ်ချို့ဆိုရင် သစ်လုပ်ငန်းတို့ ဒီလိုမျိုးတွေကိုဝင်ကြတဲ့ သူတော်တော်များများက ငွေအားနဲ့ သူတို့ လုပ်ကိုင်ကြတဲ့ ဟာမျိုးတွေ ကို လုပ်ကြတာပေါ့။

ကျွန်တော်တို့က ကြောက်ဖို့ မလိုတာက ဒီဘက် Production  လို လုပ်ငန်းမျိုး အမြတ်အစွန်းနည်းမယ်။ ထွက်လာတဲ့ ပစ္စည်းက ဒီတိုင်းမနေသေးဘူး။ တစ်နိုင်ငံလုံး လှည့်ပြီးတော့ သူများနဲ့ ယှဉ်ရမယ်။ အဲဒီအချိန်မှာ နိုင်ငံခြားက ဝင်လာတဲ့ ပစ္စည်းတွေ အဲဒါတွေကို ယှဉ်နိုင်အောင် လုပ်တဲ့ marketing တကယ့်အားစိုက်ရတာတွေက တကယ့် struggle လုပ်ရတာ။ ဒါကြောင့် ကျွန်တော်ပြောရရင် အဲဒီအချိန်မှာ ကျွန်တော်တို့က ဒါတွေဟာ ကျွန်တော်တို့အတွက် ကြောက်စရာ မကောင်းဘူးလို့ ပြောရမှာပေ့ါနော်။

ဈေးကွက်ထဲမှာ ရှိနေပြီးသားပြည်ပက တင်သွင်းလာတဲ့ ထုတ်ကုန်တွေကို မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ အပေါ်မှာ စိုးရိမ်စိတ် မရှိခဲ့ဘဲနဲ့ ကိုယ်လုပ်နိုင်တဲ့ အပိုင်းတွေကိုပဲ ကြိုးစားပြီးတော့ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ခဲ့လို့သာ အောင်မြင်မှုကို ရရှိလာတာ ဖြစ်ပါတယ်။ ဒါအပြင် ပထမဦးဆံး ဈေးကွက်ထဲကို ထိုးဖောက်နိုင်ဖို့ ဆိုရင် စီးပွားရေးနည်းဗျုဟာတွေကို မှန်ကန်အောင် စဉ်းစာနိုင်ခဲ့လို့သာ အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။  အဲဒီ အချိန်ခါတုန်းက သူလုပ်ဆောင်ခဲ့တဲ့ အတွေ့ကြုံတွေကိုလည်း အခုလိုမျိုး ရှင်းပြခဲ့ပါတယ်။

တကယ်တော့ ကျွန်တော်တို့ နိုင်ငံခြားက ပြန်လာပြီးပြီးချင်းမှာ ကျွန်တော်တို့ စက်ရုံက တော့ ကိုယ်အိမ်မက် ခဲ့တာပေါ့။ ဒါပေမယ့် တကယ့်တကယ် စက်ရုံတစ်ရုံ ထောင်ဖို့ဆိုရင် ငွေအားကော နည်းပညာပိုင်းကော နောက်တစ်ခါ ဈေးကွက် ခိုင်မာမှုပေါ့ ဒါဟာ အများကြီးလေ့လာရတာပါ။ ဒါကလည်း ကျွန်တော်တို့ သင်ခဲ့တဲ့ ပညာတွေအရ ဒါတွေ သိရှိလာတာပေါ့နော်။

စစချင်းမှာ ကျွန်တော်က ဘာလုပ်ခဲ့လဲဆိုရင် စက်ရုံထောင်မယ့် အစား ဈေးကွက်ခိုင်မာမှု ဘယ်လောက်ရှိလဲ။ ကိုယ့် Brand  ကို ဘယ်လို တည်ဆောက်မလဲဆိုတာကို ကျွန်တော်တို့ စခဲ့တာပေါ့။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ဘာလုပ်သလဲဆိုရင် ကိုယ်ပိုင် ကိုယ့် Brand  ကို နိုင်ငံခြားမှာ ထုတ်ဖြစ်တာပေါ့။ နိုင်ငံခြား စက်ရုံတွေမှာ ကိုယ့်  Brand  နဲ့ ထုတ်ခိုင်းတယ်။ ကျွန်တော်တို့ Brand  နဲ့ နိုင်ငံခြားက သွင်းလာပြီးတော့ စက်ရုံပိုင်းနဲ့ ထုတ်လုပ်မှုပိုင်းကို ပူစရာ မရှိတော့ဘူး။ ဈေးကွက်ကိုပဲ ကျွန်တော်တို့က ပူရတော့မယ်။ တစ်ခြမ်းသာသာပဲ ပူရတော့မယ်။ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ သုံးလာရင်လည်း အလီလီသွင်းတဲ့ အတွက်ကြောင့်  သုံးတဲ့ငွေအား မြှုပ်မသွားဘူး။ ငွေကို လှည့်နိုင်ရင် ကိုယ့်ရဲ့ အမြတ်အစွန်းနဲ့ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုက တိုးလာတယ်။

လူတိုင်းလည်း လေ့လာသင့်တယ်။ တစ်ခုလုပ်မယ်ဆိုတိုင်း တစ်ပြိုင်တည်း ပြုံထည့်လိုက်ရင် အဲဒီကနေ ဆက်ပြီးတော့ လာတဲ့  outcome  က လိုသလောက်မဖြစ်ရင် အဲမှာတင် ကျဆုံးကြတာ များတယ်။ ကျွန်တော်တို့ က ဒီသင်္ခန်းစာလေးကိုလေ့လာလို့ရရင် ကျွန်တော်တို့က စတင်ခဲ့တာ အဲလိုပါ။ နိုင်ငံခြားကနေ ပစ္စည်းသွင်းလာတယ်။ အင်ပို့လုပ်တယ်။ ဒါပေမယ့် ကျွန်တော်တု့ိက စကတည်းက ကိုယ့် Brand  ကိုတည်ဆောက်ရတော့မယ်ဆိုတာ သိတဲ့ အတွက်ကြောင့် ကျွန်တော်  Brand  တွေကို စတည်ဆောက်ပါတယ်။ ပြီးတော့ တစ်နိုင်ငံလုံး ဖြန့်တဲ့ လုပ်ငန်းတွေကိုစလုပ်တယ်။ လုပ်တဲ့ အခါမှာ ဈေးကွက်အခြေအနေ ပိုသိလာတယ်။ ပြီးတော့ ဒီမှာရှိတဲ့ ဘယ်ဟာကို ကြိုက်တယ်။ ဘယ်ဟာဆို မကြိုက်ဘူးဆိုတာ လေ့လာလို့ရတယ်။ ဘယ်လိုမျိုးမှ လက်ခံနိုင်တယ်ဆိုတာ ကျွန်တော်တို့ လေ့လာရတယ်။ ဒါတွေလေ့လာပြီးတဲ့ အခါမှာ ဈေးကွက်ကလည်း အရှိန်ရလာတယ်။ ပစ္စည်းကလည်း ပေါက်လာတဲ့အခါမှာ ကျွန်တော်တို့က နောက်တစ်ဆင့် စက်ရုံသွားဖို့ အတွက် လုပ်ဖြစ်တာပါ။ အဲခါမှ ကျွန်တော်တို့က ငါးသေတ္တာ စက်ရုံကို စလုပ်ဖြစ်တာပါ။

အဲဒီချိန် အဲဒီအခါတုန်းက ဆရာရဲ့ Brand  ကို ဖောက်နေတဲ့ အချိန်တုန်းက ပြည်ပက အလားတူ ကုန်ပစ္စည်းတွေလည်း ရှိတယ် ခင်ဗျ။ သူတို့ကြားထဲမှာ ဆရာအနေနဲ့ ဝင်ပြီးတော့ ထိုးဖောက်ရတဲ့ အခါမှာ အခက်အခဲတွေပေါ့နော်။ ဘယ်လိုမျိုး အခက်ခဲတွေ ရှိခဲ့သေးလဲ ခင်ဗျ။

အဲဒီအချိန်မှာ ကွာတာဘာလဲဆိုတော့ တစ်ခြား Brand  က သူ့ဘာသူ နဂိုကတည်းက သွင်းနေကြ ပစ္စည်းတွေမို့လို့ ကုန်သည်တွေက နယ်စပ်ကယူပြီး သွင်းနေကြတယ်။ ဒီပစ္စည်းကို ဈေးကွက် မရှိဘူး။ ကျွန်တော်တို့က ကိုယ့် Brand  ကိုယ် ဖောက်တဲ့ အခါကျတော့ ကျွန်တော်တို့က ကိုယ်တိုင်လည်း ကြေငြာလို့ရတယ်။ ကိုယ်တိုင်လည်း ဈေးကွက်ထဲ ဝင်လို့ရတယ်။ ကျွန်တော်တို့က ခိုင်ခိုင်မာ ကျွန်တော်တို့ ကုမ္ပဏီက အင်ပို့လုပ်လာတာ။ backup  လည်း ပေးနိုင်တယ်။ တစ်ခြားဟာကျတော့ နိုင်ငံခြားက သူ့ဘာသူ ကုန်သည်တွေက ယူတဲ့ အခါကျတော့ ဘယ်စက်ရုံက သူ့ပစ္စည်း ရောင်းနေမှန်းတောင် မသိဘူး။ မသိတော့ ဈေးကွက်မှာလည်း ကိုယ်ပိုင် Brand  မဟုတ်တဲ့ အခါကျတော့ ဝယ်လိုအားရှိရင် သွင်းလာတယ် ရောင်းလိုက်တယ်။ ဖြစ်တော့ ဒီလူတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့က ကိုယ်တိုင် အားစိုက်တဲ့ အတွက်ကြောင့် ဈေးကွက်မှာ အသာစီးရပါတယ်။

ကျွန်တော်တို့ လုပ်ငန်းတစ်ခုကို လုပ်တဲ့ နေရာမှာပေါ့နော်။ လူငယ်တွေထဲမှာလည်း အလုပ်တစ်ခု စပြီးတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တယ်ဆိုရင် ဘယ်အချက်တွေက အရေးကြီးဆုံး ဖြစ်မယ်ထင်လဲ ဆရာ။

အရေးကြီးဆုံးကတော့ ကျွန်တော်တို့ business trading ပါပဲ။ ဥပမာဆိုပါစို့ ကိုယ်က ကိုယ့်ရဲ့ အားသာချက်တွေ ကိုယ့်ရဲ့ အားနည်းချက်တွေ ကိုယ့်အပေါ်ကို ပံ့ပိုးနိုင်တဲ့ အချက်တွေ ဒါတွေက လူတိုင်းက ကိုယ့်ကိုကိုယ် ပိုသိတယ်။ သိနေရင် ကျွန်တော်တို့က ကိုယ်လုပ်ရမယ့် ဟာမှာ ကိုယ့်လမ်းကြောင်းပေါ့နော်။ စီးပွားရေးဆိုတာလည်း ခဏ ခဏ ဟိုတာပြောင်းလိုက် ဒီဟာ ပြောင်းလိုက် လုပ်လို့ မကောင်းဘူး။ ရေရှည်လုပ်မယ်ဆိုရင်ပေါ့နော်။ အရင်တုန်းကတော့ လူတော်တော်များများတောင် ပေါ်ပင် အကျိုးရှိတာ ချက်ချင်း ထလုပ်ဆိုတဲ့ အလုပ်တွေတော့ လုပ်ကြတာပေါ့နော်။ ဒီဟာဆိုရင်တော့ အခုနကလို ငွေရှာလို့ ရကောင်းရမယ်။ ဒီအတွေ့ကြုံသည် ကြာလေ သန်မာလေဆိုတဲ့ဟာမျိုး မရဘူးပေါ့နော်။ လုပ်ငန်းတစ်ခုကနေ နောက်တစ်ခုပြောင်းလိုက် အတွေ့ကြုံပြောင်းလိုက် ဒီလိုနဲ့ပဲ လည်သွားရင်းနဲ့ ပိုက်ဆံ ချမ်းသာချင် ချမ်းသာလာနိုင်မယ်။ နောက်တစ်ခုက တကယ့် ခိုင်မာတဲ့ စီးပွားရေး ဖြစ်လာဖို့ သိပ်မလွယ်ဘူး။

 ကျွန်တော်အကြံပေးချင်တာက ဘာလဲဆိုရင် ဒါဟာ လူငယ်တိုင်းက ဘာလုပ်သင့်လဲဆိုရင် ကိုယ့်ရဲ့ opportunity ကိုယ့်ရဲ့ ဈေးကွက်မှာ ရှိနေတဲ့ အနေထား ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အနေထား သုံးသပ်မယ်။ ကိုယ်ကိုယ်တိုင်ရဲ့ အားနည်းချက် အားသာချက်တွေ သိလာပြီ။ ကိုယ့်ရဲ့ capacity ကအစ ကိုယ့်ရဲ့ education အစ ကိုယ့်ရဲ့ network ကအစ ကိုယ့်ရဲ့  finance ကအစ ဒါတွေအားလုံး သူကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ။ အဲပေါ်မူတည်ပြီး လမ်းကြောင်းတစ်ခုပေါ်ရှာမှ structure လမ်းကြောင်းလာမယ်။ ဒီဟာ ရှိနေပြီဆိုရင် ဘယ်ကနေစမယ်ဆိုတာ ပေါ်လာပြီ။ အဲအချိန်မှာ ဘယ်ကစရင် အကောင်းဆုံးဖြစ်မလဲ။ ကိုယ့်တစ်ပိုင်တစ်နိုင်ရှိမလဲ။ ဒါပေမယ့် ရေရှည်တော့ ကိုယ့်ရဲ့ လမ်းကြောင်းက ပေါ်ပြီးသား။ အဲလိုဆိုရင်တော့ တစ်ဆင့်ပြီးတစ်ဆင့် သွားရင်း သွားရင်းနဲ့ နောက်ဆုံး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုယ် ရောက်လာရတာပါပဲ။

အလုပ်တစ်ခုကို လုပ်ကိုင်တော့မယ်ဆိုရင် မိမိရဲ့ အားနည်းချက် အားသာချက်တွေကိုထည့်သွင်း စဉ်းစားပြီးတော့ အောင်မြင်အောင် ဘယ်လိုကြိုးစားရမယ်ဆိုတဲ့ နည်းဗျုဟာတွေကို အသေးစိတ်ချမှတ်ပြီး လုပ်ကိုင်ခဲ့တာကြောင့်လဲ သူရဲ့ ကုန်ပစ္စည်းကို ဈေးကွက်အတွင်းမှာနေရာတစ်ခုရအောင် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်တဲ့ အခါ စွန့်စားရမယ့် အပိုင်းတွေမှာ အမှားယွင်းနည်းနိုင်စေဖို့အတွက် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကိုလည်း ရှင်းပြခဲ့ပါတယ်။

စွန့်စားတာကတော့ နေရာတကာမှာရှိတာပေါ့နော်။ ဒါကြောင့်လဲ ကျွန်တော်တို့က interpretership ဆိုတာ ခေါ်ထားတာပေါ့နော်။ interpreter တစ်ခု ဖြစ်လာဖို့ဆိုရင် ကျွန်တော်ပြောတဲ့ risk  တွေကို ယူကြရတာပဲ။ ယူတဲ့ အခါမှာ အခုနကပြောသလို risk အနည်းဆုံး အများဆုံး ဆိုတာကတော့ ကိုယ့်ရဲ့ စဉ်းစားဝေဖန် သုံးသပ် နိုင်တဲ့ အပေါ်မူတည်တာပေါ့နော်။ လုပ်ငန်းစတဲ့ စကေးတစ်ခုပေါ်မှာမူတည်ပါတယ်။ ကျွန်တော်တို့က နောက်ပိုင်းမှာ ခေတ်စားလာမယ့် စီးပွားရေးပုံစံတွေကတော့ ဘာလဲဆိုရင် ကျွန်တော်တို့ ကိုယ့်ရဲ့ အသိပညာ အတတ်ပညာကို အခြေခံပြီး လုပ်ရတဲ့ လုပ်ငန်းတွေ အထူးသဖြင့် innervation ပေါ့နော်။ innervation နဲ့ ပတ်သက်တဲ့ ဟာတွေဟာ ကျွန်တော်တို့ ပိုပြီး ခေတ်စားလာမယ်လို့ မျှော်လင့်တယ်။ အစတုန်းကတော့ မြန်မာစကားနဲ့ ခပ်ကြမ်းကြမ်းပြောရင်တော့ ဂွင် တို့ ဘာတို့ ဆိုတာ နောက်ပိုင်းမှာနည်းသွားမှာပါ.။ ဒါတွေဟာ အခုနကလို မသေချာတဲ့ အချက်လက်တွေပါ။ ဒါပေမယ့် ဒီလို စီးပွားရေးတွေဟာလည်း မြန်မာပြည်မှာကြီးထွားခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော့်အနေနဲ့ အားပေးချင်တာ လူငယ်တွေ အနေနဲ့ကတော့ risk ကိုအားကိုးပါ။ ကိုယ့်ရဲ့ လေ့လာမှုကိုလည်း လုပ်ရမယ်။ တတ်နိုင်သမျှ လူတွေဟာ ပညာသင်ရပါမယ်။ ဖြစ်နိုင်တယ်ကြိုးစားနိုင်တယ်။ အခြေနေပေးရင် Master  တက်ပါ။ စီးပွားရေးကိုတကယ် ဦးဆောင်ပြီး လုပ်ချင်တဲ့ သူတွေ ဆိုလို့ရှိရင် လိုအပ်တယ်။ နိုင်ငံတကာသွားကြ လာကြမှာပဲ ဖြစ်ဖြစ် တွေးခေါ်တာပဲ ဖြစ်ဖြစ် Network  ကျယ်ပြန့်လာတာပဲ ဖြစ်ဖြစ် ဒီလောက်ထိ လေ့လာသင့်ပါတယ်။ အဲတာကိုတော့ တတ်နိုင်တဲ့သူပေါ့နော်။ ကျားကုတ်ကျားခဲ အခုဆိုရင် scholarships ပေါ်လာပြီ ဒါမျိုးကျွန်တော်တို့ လိုက်ကြရမယ်။ တကယ် အပူတပြင်းလိုက်ရင် ဖြစ်ကို ဖြစ်ပါတယ်။ ပိုက်ဆံရှိမှ မရှိမှ မဟုတ်ဘူး။ သွားနိုင်ရင်တော့ အလိုလို ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်တာက အစ ကိုယ့်ရဲ့ အတွေ့ကြုံတွေက အစ အရေးကြီးဆုံးက စီးပွားရေးမှာ relationship နဲ့ Network ပါ။ ကိုယ့်ရဲ့ ပါတနာပဲ ဖြစ်ဖြစ်။ ကိုယ့်ရဲ့ ဖောက်သည်ပဲ ဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ဒီခေတ်က relationship ကောင်းမှ စီးပွားရေးက နောက် လိုက်တာပါ။ အဲဒီအတွက်ကို တည်ဆောက်ဖို့ အတွက် အခုနက တတ်နိုင်သမျှ ပညာသင်ဖို့ လိုတယ်။

တစ်ချို့ဆိုရင် သူများချမ်းသာတာကို မြင်တယ်။ ချက်ချင်း အလုပ်တစ်ခုဝင်လုပ်ပြီး ပိုက်ဆံ ဝင်လာတာကို မျှော်လင့်တယ်။ ဒါမျိုးဆိုရင် ကိုယ့်ရဲ့ စဉ်းစားတာ တွေးခေါ်တာ Network  ကသေးပြီးရင် သူလုပ်တဲ့ လုပ်ငန်းက သေးသွားမယ်။ ကျယ်ပြန့်လာတာနဲ့ အမျှ သူ ကြီးကြီးတစ်ခုကို လှမ်းနိုင်မယ်။ အဲအချိန်မှာလည်း opportunity ပေါ်လာနိုင်တာပေါ့နော်။

ကျွန်တော်တို့ လူငယ်တွေထဲမှာလဲ အလုပ်တစ်ခု လုပ်တဲ့အခါမှာ ကျဆုံးသွားတာတို့ ဆုံးရှုံးသွားတာတို့ အမှားတွေတော့ ရှိပါတယ်ခင်ဗျ။ အဲဒီလိုမျိုး လူငယ်တွေ အတွက်ကော ဆရာ အနေနဲ့ ကိုယ့်ရဲ့ အတွေ့ကြုံနဲ့ ယှဉ်ပြီးတော့ပေါ့နော်။ ဘယ်လိုမျိုး ရှေ့ဆက်ပြီးတော့ သူတို့အနေနဲ့ ကြိုးစားသင့်လဲ ခင်ဗျ။

ကျွန်တော်တို့ အောင်မြင်ခြင်း ကျဆုံးခြင်းဆိုတာက အလုပ်တိုင်း နေရာတိုင်းမှာ ရှိပါတယ်။ ကျွန်တော်တို့က ဘယ်လောက်ပဲ ကျဆုံးကျဆုံး ကျွန်တော်တို့ ကုန်းရုန်း ထရမှာပဲ။ ဒီချိန်မှာ ကျွန်တော်တို့ စိတ်လျော့လိုက်လို့ မရဘူး။ ဒါတွေက သဘာဝတရားပဲ။ ကျွန်တော်တို့ စီးပွားရေးလုပ်တယ်ဆိုလဲ ဒီတိုင်းပါပဲ ရှုံးတာနဲ့ မြတ်တာ နှစ်ခုပဲ ရှိတယ်.။ ကျွန်တော်တို့က ရှုံးရင် အကြိမ်ကြိမ် ပြုပြင်ပြီးတော့ မြတ်အောင်ကြိုးစားမယ်။

နောက်တစ်ခါ လုပ်ငန်းတွေကို လုပ်တဲ့ အခါမှာ လုပ်ငန်းရှင်ကြီးကြီး ဖြစ်တဲ့သူ တော်တော်များများဆို အတွေ့ကြုံရှိပါတယ်။ သူလုပ်ခဲ့တဲ့ လုပ်ငန်းတိုင်းမှာ တစ်ချို့ စီမံကိန်းတွေ စွန်းစားပြီးလုပ်ကိုင်တယ်။ ဆိုပါစို့ အဲထဲက အနည်းစုသာလျှင် အောင်မြင်ပါတယ်။ အများစုကတော့ လုပ်လိုက် ကျဆုံးလိုက် လုပ်လိုက် မအောင်မြင်လိုက်နဲ့ လုပ်လို့ မရလိုက်နဲ့ ကြုံတဲ့ဟာတွေကို အတွေ့ကြုံရင့်လာတဲ့ လုပ်ငန်းလုပ်တဲ့ သူတွေ အကြီးကြီးတွေ လုပ်တဲ့ သူဆို ဒီအတွေ့ကြုံကောင်း ရှိပါတယ်။ လူငယ်တွေ အနေနဲ့ ကျွန်တော်တို့က ဒါကို ကြိုတင် နားလည်ထားဖို့လိုတယ်။ အဲလိုပြန်လည် ရုန်းထတဲ့အခါမှာ မှန်တယ်။ ပြောရတာတော့ လွယ်တာပေါ့နော်။ ဘာတော့ စဉ်းစားရမလဲဆိုရင် ကျွန်တော်တို့က စဉ်းစားဝေဖန် သုံးသပ်နိုင်တဲ့ တစ်ခုကျဆုံးသွားရင် သင်ခန်းစာအဖြစ် ယူနိုင်ရမယ်။ အဲတာတွေကိုလည်း အောင်မြင်နိုင်ဖို့ နည်းလမ်းရဲ့ အစသည် ကြိုတင်မျှော်တွေး စဉ်းစားနိုင်တာပါပဲ။ ဒါကြောင့် strategy ဆိုတာ အရေးကြီးလာတာပေါ့။ ကိုယ့်ရဲ့ business strategy ဘာလဲ။ ဘယ်လိုသွားမလဲ။ ဒီဟာကို ကျွန်တော်တို့ Risk  အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ တကယ်လို့ လောလောဆည် ကျဆုံးခဲ့ရင်တောင် ကိုယ့်ရဲ့ strategy ရဲ့ components လေးတစ်ခု ဖြစ်မယ်။ ကျန်တဲ့ဟာ သူရဲ့ သွားနိုင်တဲ့  way out  ကို ကိုယ့်မှာ စဉ်းစားပြီးသား ရှိရမယ်။  Plan A Plan B  ရှိလာရမယ်။ ပြီးရင် အခုနကပြောသလိုပေါ့ ကိုယ့်ရဲ့ Network  နဲ့  တကယ့်ကိုပဲ ဒီ relationship ကောင်းကောင်း ရှိလာရင် ဒါတွေ အကုန်လုံး ကျွန်တော်တို့က လွယ်လွယ်ကူကူ အောင်မြင်နိုင်ပါတယ်။

အောင်မြင်မှုတစ်ခု မရခင် အကြိမ်တော်တော်များများမှာ ကျဆုံးမှုတွေ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း ပြန်လည်ကြိုးစားဖို့အတွက် ဆင်ခြင်တုံတရားတွေ မှန်ကန်တဲ့ နည်းဗျုဟာတွေ ကောင်မွန်တဲ့ ပတ်ဝန်းကျင် အသိုင်းဝိုင်းတွေကလည်း အထူး အရေးပါလာလှပါတယ်။ ဒါကြောင့်မို့လို့ အောင်မြင်မှုကို ရရှိဖို့အတွက် မိမိရဲ့ လုပ်ငန်းပေါ်မှာ ထားရှိသင့်တဲ့ သဘောထားတွေကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။

အခုဆိုရင် လက်ရှိမှာဆိုရင် ဆရာရဲ့ ဒီလုပ်ငန်းဟာ မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ အနေထားမှာ ရှိပါတယ် ခင်ဗျ။ ဆရာအနေနဲ့ ဒီလိုမျိုး လုပ်ငန်းတွေကို အောင်မြင်ဖို့ အတွက်ဆိုရင် ဆရာရဲ့ လုပ်ငန်းပေါ်မှာ ဘယ်လိုမျိုး ခံယူချက်ထားပြီးတော့ ဆရာ ရှေ့ဆက်နေလဲ ခင်ဗျ။

အဓိက  ကတော့ ကျွန်တော်တို့ ကိုယ်လုပ်တဲ့ လုပ်ငန်းရဲ့ အဓိက သော့ချက်ကို နားလည်ရမှာပေါ့နော်။ ကျွန်တော်တို့ ထုတ်ကုန်နဲ့ ကျွန်တော်တို့ လုပ်ငန်းသော့ သော့ချက်ဟာ ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ ထုတ်ကုန် အရည်သွေးပဲ။ ကျွန်တော်တို့ စက်ရုံတွေမှာ ထုတ်တဲ့ ပစ္စည်းကို စားသုံးသူက စိတ်ချလက်ချ မျက်စီမှိတ်ပြီး ဘာမှ စဉ်းစားစရာ မလိုပဲ စားသုံးနိုင်အောင် ကျွန်တော်တို့က နောက်ကွယ်မှာ ဖြစ်နေပါစေ သေချာအောင် လုပ်ရတယ်။ အဲဒါက ဘာလဲဆိုတော့ ဒါ နိုင်ငံတကာမှာလည်း ကျင့်သုံးနေတယ်။ ဒီစနစ်တွေ ကျွန်တော်တို့က မလွဲမသွေ ကျင့်သုံးရတယ်။

နောက်တစ်ခါ ကျွန်တော်တို့ ဝန်ထမ်းတွေကိုလည်း အမြဲတမ်း သွန်သင် ဆုံးမတာ ဘာလဲဆိုတော့ ဒီလို ကွာလတီတွေ အရည်သွေးကောင်းအောင်လို့ လိုက်နာကျင့်သုံး လုပ်ရမယ့် ဟာတွေ ကျွန်တော်တို့  သူတို့ လုပ်ကိုင်တဲ့ နေရာမှာ အထက်က လူကြီးကို ကြောက်လို့ မန်နေဂျာကိုကြောက်လို့ လိုက်လုပ်တာမျိုးမဟုတ်ဘဲနဲ့ ဒီဟာက ငါတို့ သူများစားဖို့ ထုတ်တာ သေချာ စေတနာအပြည့်နဲ့ သန့်ရှင်းအောင် ဒီသတ်မှတ်ထားတဲ့ ကွာလတီ စံနဲ့ မှီအောင် ထုတ်ခြင်းအားဖြင့် ကုသိုလ်ယူခိုင်းတာပေါ့နော်။ ဒါကုသိုလ်ရနေကြတာပါပဲ။ အလားတူပဲ ကျွန်တော် သူတို့ကို အမြဲပြောတယ်။ သူတို့တွေသည် ဘယ်သူကို သစ္စာရှိရမလဲ ကျွန်တော် အမြဲမေးတယ်။ စက်ရုံပိုင်ရှင်ကို သစ္စာ ရှိရမှာလား ကုမ္ပဏီကို သစ္စာရှိရမှာလား ဘာလဲ ကျွန်တော် အမြဲတမ်းပြောတယ်။ သူတို့သည် စားသုံးသူကို သစ္စာ ရှိရမယ်။ စားသုံးသူကို သစ္စာရှိမှ ခုနပြောတဲ့ စေတနာဆိုတာ ပေါ်လာမယ်။ စေတနာပေါ်လာမှ ကိုယ့်ရဲ့ နေ့စဉ်လုပ်နေတဲ့ ဟာမျိုး ကိုယ့်စရိုက်လို့ လုပ်လာမယ်။ အကျင့်စရိုက်လို ဘယ်သူ ရှိရှိ  ဒီအကျင့်စရိုက်တစ်ခု ကို လိုက်နာ ကျင့်သုံးနေတာကိုး။ အဲလို ဖြစ်အောင် ကိုယ့်ဘက်က အမြဲတမ်း လုပ်ဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဒီအစီစဉ်ကို ကြည့်နေတဲ့ လူငယ် ပရိတ်သတ်များ အတွက်လည်း ဘဝမှာ အောင်မြင်မှုကို ရရှိဖို့ဆိုရင် သူတို့အနေနဲ့ ဘယ်လိုမျိုးစိတ်ကို ထားပြီးတော့ ဘယ်အချက် တွေက အရေးကြီးမယ် ထင်လဲ ခင်ဗျ။

အဓိက အရေးအကြီးဆုံးက အောင်မြင်ခြင်ရင် ကျွန်တော်တို့က ပညာသင်ပါ လေ့လာပါ။ စီးပွားရေးကိုအောင်မြင်ခြင်ရင်တော့  Nework  ကို တည်ဆောက်ရမယ်။ နောက်တစ်ခါ relationship ကောင်းအောင် လုပ်ရမယ်။ ဆက်ဆံရေးကောင်းအောင် လုပ်ရမယ် ဒါတွေကတော့ ကိုယ့်ရဲ့ Personal  ကို ပြုပြင်ရမှာပေါ့နော်။

နောက်ဆုံး အချက်ကတော့ ဘာအရေးကြီးတာလဲဆိုတော့ ခုနကလို လေ့လာသင်ကြား တတ်မြောက်လာတဲ့ အချိန်မျိုးမှာ တွေးခေါ်လာရတော့မယ်။ အဲချိန်မှာ အရေးကြီးတာကတော့ ခုနကပြောတဲ့ strategy ပါပဲ။ ကိုယ့်ဘဝကိုယ် အဖြစ်ချင်ဆုံးပုံစံနဲ့ ဒီဈေးကွက်မှာ ကိုယ့်ရဲ့ လုပ်ချင်တဲ့ လုပ်ငန်းမှာ ပြိုင်ဆိုင်မှုတွေကို နားလည်ရင် ဘယ် strategy ဘယ်လမ်းကြောင်းကို သွားမယ်ဆိုတာကို ခိုင်ခိုင်မာမာ တွေးတတ်ဖို့ လိုပါတယ်။ ဒါတွေအားလုံးက ပိုက်ဆံ တစ်ပြားမှ မကုန်သေးဘူး။ ကိုယ်ဘာကို လေ့လာ စူးစမ်း ပြင်ဆင် လုပ်ကိုင်ရမယ် အပိုင်းပါ။ အဲဟာပေါ်လွင်သွားပြီဆိုရင်တော့ တစ်စိုက်မတ်မတ် လုပ်ဖို့ပဲ လိုတော့မယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ ကျွန်တော် ဒီမှာလို လွယ်လွယ်ကူကူ မြန်မြန် ဆန်ဆန် ချမ်းသာချင်တယ်။ ချက်ချင်းကြီး သူဌေးဖြစ်ချင်တယ်ဆိုတာကိုတော့ ရချင်မှ ရမယ်။ အဲဒါကို ကျော်လွှားနိုင်ဖို့ ဆိုရင်တော့ သီးခံရမယ်။ စိတ်ရှည်ရမယ်။

Mizzima Weekly