လုံခြံုရေးအကူအညီအဖြစ် အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၃၃၅ သန်းပေးမည်

လုံခြံုရေးအကူအညီအဖြစ် အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၃၃၅ သန်းပေးမည်

ဝါရှင်တန်၊ ဧပြီ ၁ ။            ။ လုံခြုံရေးအကူအညီအဖြစ် ယူကရိန်းသို့ နောက်ထပ် ဒေါ်လာ ၃၃၅ သန်းပေးရန် အမေရိကန်က ရှေ့တိုးဆောင်ရွက်လျက်ရှိကြောင်း အမေရိကန် ဒု-သမ္မတ ဂျိုးဘိုက်ဒင်က ယူကရိန်းသမ္မတ ပက်ထရိုပိုရိုရှင်ကို အား မတ် ၃၁ ကပြောကြားခဲ့သည်ဟု အိမ်ဖြူတော်၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

နျူကလီးယားလုံခြုံရေးထိပ်သီးဆွေးနွေးပွဲတစ်ခု၏ ကြားကာလအချိန်တွင် ဘိုက်ဒင်နှင့် ပိုရိုရှင်ကိုတို့ တွေ့ဆုံခဲ့ကြပြီး ပြုပြင်ပြောင်းလဲရေးကို ရှေ့ရှုသော အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန် ကိဗ်၏ ကြိုးပမ်းမှုများက အမေရိကန်၏ တတိယမြောက် ဒေါ်လာ ၁ ဘီလျံချေးငွေအာမခံအပါအဝင် နိုင်ငံတကာစီးပွားရေးအကူအညီလမ်းပွင့်ရေးအတွက် အလွန်အရေးကြီးကြောင်း ဘိုက်ဒင်က ပိုရိုရှင်ကိုအား ပြောကြားခဲ့သည် ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly