မန္တလေးတွင် ဆေးဆိုင်များကို လိုက်လံစစ်ဆေး

မန္တလေးတွင် ဆေးဆိုင်များကို လိုက်လံစစ်ဆေး
ဓာတ်ပုံ - ဇာမဏီ

မန္တလေး၊ ဧပြီ ၁ ။               ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)ရဲစခန်းအပိုင် နယ်မြေအတွင်းရှိ ဆေးဆိုင်များကို စခန်းမှူး ရဲအုပ်မြတ်ကျော်သူ ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေးနေသည်ကိုတွေ့ရသည်။

သြင်္ကန်ကာလ၌ မှုခင်းများလျှော့နည်းကျဆင်းစေရန် အတွက် တားမြစ်ဆေးဝါးများ၊ ကာမစိတ်ကြွဆေးဝါးများ နှင့်မူးယစ်ဆေးဝါးများ ရောင်းချခြင်းမပြုလုပ်နိုင်ရန် ဧပြီလ ၁ ရက်၊နံနက် ၉ နာရီက လိုက်လံ စစ်ဆေးနေခြင်းဖြစ်သည်။
 
အဆိုပါ အပိုင်ရဲစခန်းနယ်မြေအတွင်း အမရဌာနီ အရှေ့ရပ်ကွက်နှင့်အမရဌာနီ အနောက်ရပ်ကွက်တို့ရှိ "ဘေသဇ္ဇ၊ချမ်းဝိမ့်ရွှေ၊ မင်းမဟာ၊မြင့်မိုဃ်၊ မင်းထက်၊ဟိန်းဦး၊ အလင်းသစ်နှင့် သီတာအေး"ဆေးဆိုင် တို့ကို ဝင်ရောက်စစ်ဆေးခဲ့ရာ တားမြစ်ဆေးဝါး၊ ကာမစိတ်ကြွဆေးနှင့် မူးယစ်ဆေးများ ရောင်းချခြင်းမရှိကြောင်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ထံက သိရသည်။

အမှတ်(၄)ရဲစခန်းအပိုင်နယ်မြေအတွင်း ကျန်ရှိနေသေးသည့် ညောင်ကွဲရပ်ကွက်၊ပြည်လုံးချမ်းသာရပ် ကွက်နှင့်ပြည်ကြီးရန်လုံ ရပ်ကွက်တို့ရှိ ဆေးဆိုင်များကိုလည်း ဝင်ရောက်စစ်ဆေးမှု များပြုလုပ် သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly