အိုင်အက်စ်အကြမ်းဖက်များက ဆိုင်းနိုင်းကျွန်းဆွယ်ပေါ်ရှိ အီဂျစ်စစ်တပ် စစ်ဆေးရေးဂိတ်များကို တိုက်ခိုက် အီဂျစ်စစ်သား ၆၀ သေဆုံး

အိုင်အက်စ်အကြမ်းဖက်များက ဆိုင်းနိုင်းကျွန်းဆွယ်ပေါ်ရှိ အီဂျစ်စစ်တပ် စစ်ဆေးရေးဂိတ်များကို တိုက်ခိုက် အီဂျစ်စစ်သား ၆၀ သေဆုံး

တီဟီရန်၊ ဇူလိုင်-၁ ။      ။ နိုင်ငံ၏ အကြမ်းဖက်မှု တင်းကြမ်းပြည့်နေသော ဆိုင်းနိုင်းကျွန်းဆွယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်များကို အိုင်အက်စ် စစ်သွေးကြွများက တစ်ခုပြီးတစ်ခု ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် အနည်းဆုံး အီဂျစ်စစ်သား ၆၀ သေဆုံးခဲ့ရပြီး အခြား သုံးလေးဆယ်ခန့်မှာလည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြသည်ဟု သိရှိရသည်။

Sky News Arabia ဂြိုဟ်တုသတင်းကွန်ရက်က ပေးပို့လာသည့်သတင်းတစ်ရပ်အရ ဇူလိုင်လ ၁ရက်နေ့က မြို့တော်ကိုင်ရို၏ အရှေ့မြောက်ဘက်တွင်ရှိ ရှိက်ဇူဝိတ်မြို့အနီးတွင် အိုင်အက်စ်စစ်သွေးကြွများက ဗုံးများတပ်ဆင်ထားသည့် ကားတစ်စီးကိုဖောက် ခွဲခဲ့သောကြောင့် ဆယ်ဂဏန်းအရေအတွက်ရှိသည့် တပ်သားများ သေဆုံးခဲ့ရပြီး အခြားအများအပြားလည်း ဒဏ်ရာရရှိသွားခဲ့ သည်ဟု အမည်မဖော်လိုသည့် လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်သွေးကြွများက အယ်ဂျူရာ့ အဘူ ရီဖာအယ်နှင့် ရှိက်ဇူဝိတ်မြို့ပြင်ပိုင်းပေါ်မှ ဆီဒရာ့ရပ်ကွက်ရှိ စစ်တပ် စစ်ဆေးရေး ဂိတ်များကိုလည်း စိန်ပြောင်းများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ ပစ်ခတ်မှုများကြောင့် အီဂျစ်အစိုးရတပ်ဖွဲ့များနှင့် အိုင်အကစ်အကြမ်းဖက် သမားများကြားတွင် ပြင်းထန်သည့် သေနတ် တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် အီဂျစ်လေတပ်က စစ်ရဟတ်ယာဉ်များဖြင့် ဆိုင်းနိုင်းကျွန်းဆွယ်ပေါ်ရှိ အကြမ်းဖက်သမားများ ပုန်းခိုရာနေရာ များကို တိုက်ခိုက်ခဲ့သောကြောင့် စစ်သွေးကြွ ၁၀ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ အခြားနှစ်ဆယ် သုံးဆယ်ခန့်မှာလည်း ဒဏ်ရာရ သွားခဲ့ကြသည်ဟုဆိုသည်။ အီဂျစ်စစ်တပ်က ဆိုင်းနိုင်းကျွန်းဆွယ်ကို အစွန်းရောက်များ ပုန်းခိုရာနေရာတစ်ခုအဖြစ် ယူဆထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly