လေဒီဂါဂါ၏ တေးသီချင်းထုတ်လုပ်သူ အမေရိကန်ဒေါ်လာ ၁၅၀၀၀ တန်ဖိုးရှိ အသုံး အဆောင်ပစ္စည်းများ ခိုးယူခံရ

လေဒီဂါဂါ၏ တေးသီချင်းထုတ်လုပ်သူ အမေရိကန်ဒေါ်လာ ၁၅၀၀၀ တန်ဖိုးရှိ အသုံး အဆောင်ပစ္စည်းများ ခိုးယူခံရ

လေဒီဂါဂါ၏ တေးသီချင်းထုတ်လုပ်သူ ဒီဂျေဝှိုက် ရှဲဒိုးသည် လေဒီဂါဂါ၏ အသက် ၃၀ ပြည့် မွေးနေ့ပွဲ ကျင်းပရာ ကလပ်မှထွက်လာစဉ် အမေရိကန်ဒေါ်လာ ၁၅၀၀၀ တန်ဖိုးရှိ အသုံးအဆောင် ပစ္စည်းများ ခိုးယူခံခဲ့ရသည်။

အသက် ၃၇ နှစ်အရွယ်ရှိ တေးသီချင်းထုတ်လုပ်သူ ဒီဂျေဝှိုက်ရှဲဒိုးသည် ၎င်း၏ အသုံးအ ဆောင်ပစ္စည်းများနှင့်အတူ မွေးနေ့ပွဲ ကျင်းပရာနေရာမှ သူငယ်ချင်းတစ်ယောက်နှင့်အတူ ထွက်လာစဉ် အမျိုးသား တစ်ယောက်က ၎င်းတို့အား ရိုင်းစိုင်းသော စကားများကို အော်ဟစ်ပြောဆိုခဲ့ကြောင်း  TMZ သတင်းဌာနက ဖော်ပြသည်။

ဒီဂျေဝှိုက်ရှဲဒိုးနှင့် ၎င်း၏ သူငယ်ချင်းတို့သည် အသုံးအဆောင်ပစ္စည်းများကို ထားခဲ့ပြီး ယင်းအ မျိုးသားအနားသို့ သွားရောက်ခဲ့ရာ အော်ဟစ်ပြောဆိုမှုများ ထပ်မလုပ်တော့ချေ။ ယင်းအမျိုးသားက ရိုင်းစိုင်းသော စကားများကို အော်ဟစ်ပြောဆိုနေခြင်းမှာ ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများကို ခိုးယူရန် အာရုံပြောင်းထားခြင်းဖြစ်ကြောင်းကို နောက်ဆုံးတွင် ဒီဂျေဝှိုက်ရှဲဒိုးတို့နှစ်ယောက် နားလည် သဘောပေါက်ခဲ့သည်။

ယင်းအမျိုးသားက ရိုင်းစိုင်းသော စကားများ ပြောဆိုကာ အာရုံပြောင်းထားစဉ် တစ်ခြားတစ် ယောက်က အသုံးဆောင်ပစ္စည်းများကို ခိုးယူခဲ့ကြောင်းနှင့် ကွန်ပျူတာများ၊ hard drives များ၊ နာရီ တစ်လုံးနှင့် နားကြပ် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၈၁၀ ရှိ အသုံးဆောင်များ ခိုးယူခံခဲ့ရ သည်။

ဒီဂျေဝှိုက်ရှဲဒိုးသည် ရဲတပ်ဖွဲ့ကို ခိုးယူမှုနှင့် စပ်လျဉ်း၍ သတင်းပေးပို့ခဲ့သော်လည်း ယခုအချိန် ထိ သံသယရှိသူကို သိရှိခြင်း မရှိသေးပေ။ ဒီဂျေဝှိုက်ရှဲဒိုးနှင့် ဂါဂါတို့သည် မိတ်ဆွေအရင်းအချာများ ဖြစ်ပြီး ဂါဂါသည် ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့သော “Born This Way” တေးအယ်လ်ဘမ်နှင့် ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သော “Artpop” တေးအယ်လ်ဘမ်တို့ကို ဒီဂျေဝှိုက်ရှဲဒိုးက ထုတ်လုပ်ပေးခဲ့သည်။

ဂါဂါသည် ၎င်း၏ အသက် ၃၀ ပြည့် မွေးနေ့ပွဲကို လော့စ်အိန်ဂျလိစ်မြို့ရှိ No Name စားသောက်ဆိုင်တွင် စေ့စပ်ထားသူ တေလာကင်နေးနှင့်အတူ ကျင်းပခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly