ဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား ဒေါက်ဂလက်စ်ကော်စတာကို ဘိုင်ယန်မြူးနစ် ခေါ်ယူ

ဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား ဒေါက်ဂလက်စ်ကော်စတာကို ဘိုင်ယန်မြူးနစ် ခေါ်ယူ

မြူးနစ်၊ ဇူလိုင် ၁။ ။ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် ရှက်တာဒိုးနက်အသင်းမှ ဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား ဒေါက်ဂလက်စ်ကော်စတာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။ ထိုသတင်းကို ဘိုင်ယန်မြူးနစ်အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ကော်စတာကို ဘိုင်ယန်မြူးနစ်အသင်းက ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်း၏စာချုပ်သက်တမ်းမှာ ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင်မှ ကုန်ဆုံးမည် ဖြစ်သည်။

ကော်စတာကို ခေါ်ယူပြီးနောက်တွင် ဘိုင်ယန်အသင်းဥက္ကဋ္ဌ ဒရီဆန်က 'ကော်စတာကို ခေါ်နိုင်လို့ ဝမ်းမြောက်မိပါတယ်။ စာချုပ်က ငါးနှစ်စာချုပ်သက်တမ်းပါ။ အသင်းရဲ့အနာဂတ်တိုက်စစ်ပုံစံကို ကော်စတာနဲ့ တည်ဆောက်သွားမှာပါ။ အခုအချိန်မှာ အရေးအကြီးဆုံးက ဘိုင်ယန်မှာ သူမြန်မြန် အခြေကျသွားဖို့ပါပဲ။ ကော်စတာက အသင်းကို ပိုမိုတောင့်တင်းလာအောင် ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်' ဟု ပြောသည်။

ကော်စတာကလည်း 'ဒီနေ့က အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတဲ့နေ့ပါ။ ခမ်းနားကြီးကျယ်တဲ့ ဘရာဇီးကစားသမားတွေရဲ့ ခြေရာကိုနင်းပြီး ဘိုင်ယန်ကစားသမားဖြစ်လာရလို့ ဂုဏ်ယူပါတယ်။ ဘိုင်ယန်လို ကြီးကျယ်ခမ်းနားတဲ့ အသင်းမှာ မျှော်လင့်ထားတဲ့ နေရာတစ်နေရာ ရရှိဖို့ ကျွန်တော်တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားသွားမှာပါ' ဟု ပြောသည်။

ဘရာဇီးအသင်းနှင့်အတူ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်ခဲ့သည့် ဒေါက်ဂလက်စ်ကော်စတာသည် လာမည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဘိုင်ယန်မြူးနစ်အသင်း၌ လေ့ကျင့်ခန်းစတင် ပြုလုပ်မည် ဖြစ်သည်။

ရည်ညွှန်း အက်ဖ်စီဘိုင်ယန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly