အစွန်းရောက်သံသယရှိသူများကို စစ်ရာ၌ အမေရိကန် သုံးပုံနှစ်ပုံနီးပါးက ရိုက်နှက်စစ်ဆေးခြင်းကို လက်ခံ

အစွန်းရောက်သံသယရှိသူများကို စစ်ရာ၌ အမေရိကန် သုံးပုံနှစ်ပုံနီးပါးက ရိုက်နှက်စစ်ဆေးခြင်းကို လက်ခံ

နယူးယောက်၊ မတ် ၃၀ ။           ။ အစွန်းရောက်သံသယရှိသူများမှ သတင်းနှိုက်ထုတ် ရရှိဖို့ရန် နှိပ်စက်နည်းဖြင့် စစ်ဆေးခြင်းသည် မှန်ကန်မျှတသည်ဟု အမေရိကန်သုံးပုံနှစ်ပုံက ယုံကြည်ကြောင်း ရိုက်တာမဲစစ်တမ်းအရ သိရသည်။ ယင်းနှုန်းထားအဆင့်သည် အစွန်းရောက်တိုက်ခိုက်မှုများ ဖြစ်နေမြဲဖြစ်သည့် နိုင်ဂျီးရီးယားကဲ့သို့သော နိုင်ငံမျိုးက နှုန်းထားအတိုင်း ရှိနေခြင်းဖြစ်သည်။

ယခုမဲရလဒ်က အမေရိကန် ဆန်ဘာနာဒီနိုတွင် လူ ၁၄ ယောက်သေဆုံးသည့် ဒီဇင်ဘာလက တိုက်ခိုက်မှုနှင့် ဘယ်ဂျီယံတွင် လူပေါင်း အနည်းဆုံး ၃၂ သေဆုံးခဲ့သည့် အိုင်အက်စ်တို့၏ တိုက်ခိုက်မှုများအပါအဝင် ပြီးခဲ့သည့် လများအတွင်း ဥရောပ၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြီးများ၏ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်သည်။

၂၀၁၆ ရီပတ်ဘရီကန်သမ္မတလောင်းစာရင်းတွင် ထိပ်ဆုံးက ပြေးနေသည့် ဒေါ်နယ်ထရန့်၏ ရွေးကောက်ပွဲမဲဆွယ်မှုများကလည်း ထိုအယူအဆကို မီးထိုးပေးလျက်ရှိသည်။

မတ် ၂၂-၂၈ ရက်အထိ အွန်လိုင်းမဲကောက်ယူမှုတွင် အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ရနိုင်ရန် အစွန်းရောက်သံသယရှိသူများကို နှိပ်စက်စစ်ဆေးခြင်းက မှန်ကန်မျှတမှုရှိလားဆိုသည့် မေးမြန်းစစ်တမ်းကောက်ယူမှုတွင် ယေဘုယျ မှန်ကန်မျှတမှုရှိသည်ဟု မဲပေးသူက ၂၅ ရာခိုင်နှုန်းနီးပါးရှိပြီး တစ်ခါတစ်ရံ အသုံးပြုသင့်သည်ဟု မဲပေးသူက ၃၈ ရာခိုင်နှုန်းရှိသည်။ မည်သည်အတွက်နှင့်မျှ နှိပ်စက်မစစ်ဆေးသင့်ကြောင်း မဲပေးသူမှာ ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

သတင်းအချက်ရရန် နှိပ်စက်စစ်ဆေးသင့်သည်ဟု ရီပတ်ဘရီကန်များက ဒီမိုကရက်တစ်များထက် ပိုမိုလက်ခံကြကာ ရီပတ်ဘရီကန်များ၏ ၈၂ ရာခိုင်နှုန်းက လက်ခံပြီး နှိုင်းယှဉ်ပါက ဒီမိုကရက်တစ်များက ၅၃ ရာခိုင်နှုန်းသာ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly