စစ်သွေးကြွနှိမ်နင်းရေး ဖိလစ်ပိုင်စစ်တပ်ကို ကူညီရန် အင်ဒိုနီးရှားစစ်တပ် အဆင့်သင့်ရှိ

စစ်သွေးကြွနှိမ်နင်းရေး ဖိလစ်ပိုင်စစ်တပ်ကို ကူညီရန် အင်ဒိုနီးရှားစစ်တပ် အဆင့်သင့်ရှိ

ဂျာကာတာ၊ မတ် ၃၀ ။               ။ အင်ဒိုနီးရှားသင်္ဘောနှစ်စင်းနှင့် အင်ဒိုနီးရှားသင်္ဘောသား ၁၀ ဦးကို ပြန်ပေးဆွဲသွားသည့် အဘူဆေယက်စစ်သွေးကြွများအား စစ်ဆင်ရေးတစ်ခုဆင်နွှဲရာတွင် ဖိလစ်ပိုင်စစ်တပ်ကို ကူညီရန် အင်ဒိုနီးရှားစစ်တပ်က အသင့်ရှိသည်။

အင်ဒိုနီးရှားတပ်ဖွဲ့ဝင်အားလုံး ဓါးစာခံကယ်ဆယ်ရေးစစ်ဆင်ရေးအတွက် အသင့်ရှိသည်ဟု ကာကွယ်ရေးဝန်ကြီး ရီယာမီဇတ်ရီယာကူဒူက ပြောသည်။ သို့သော်လည်း ဖြစ်ရပ်မှာ ဖိလစ်ပိုင် ပိုင်နက်တွင် ဖြစ်၍ ဂျာကာတာအနေဖြင့် မနီလာ၏ မေတ္တာရပ်ခံချက်ကို ပထမဆုံး စောင့်ရန်လိုအပ်လိမ့်မည်ဖြစ်သည်။

စစ်ဆင်ရေးတွင် ပါဝင်ရန် အင်ဒိုနီးရှားတပ်ဖွဲ့ဝင်များကို ဖိလစ်ပိုင်အာဏာပိုင်များက ခွင့်ပြုပါက စစ်ဆင်ရေးပြုလုပ်ရန် အင်ဒိုနီးရှားစစ်တပ်က သင်္ဘောများကို အသင့်ပြင်ထားသည်ဟု ရီယာမီဇတ်က ပြောသည်။ ပြသနာအားကိုင်တွယ်ရန် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးနှင့်လည်း ညိနှိုင်းထားသည်ဟု ၎င်းကပြောသည်။

ထိုစဉ် အင်ဒိုနီးရှားရဲချုပ် အန်တွန်ချာလီယန်းကလည်း စစ်ဆင်ရေးတွင်ပါဝင်ရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ် Densus 88 နှင့် Mobile Brigade တပ်တို့ ချထားရန်လည်း အသင့်ဖြစ်ပြီဟု ပြောသည်။ ရဲတပ်ဖွဲ့သည့် ဓါးစာခံကယ်ဆယ်ရေးအတွက် နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)နှင် ညိနှိုင်းဆောင်ရွက်လျက်ရှိသည်။

ပြန်ပေးရွေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ဒသမ၀၇သန်းနှင့် ညီမျှသော ပီဆိုသန်း ၅၀ပေးရန် အဘူဆေယက်တို့က တောင်းဆိုထားသည်။ အင်ဒိုနီးရှားသည် တောင်းဆိုချက်လိုက်လျောမည်မဟုတ်ဟု ရီယာမီဇတ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly