ဂျပန်အစိုးရက မြန်မာစီမံကိန်းများအတွက် ယန်းငွေ ၂၆ ဘီလီလျံခန့်ချေးမည်

ဂျပန်အစိုးရက မြန်မာစီမံကိန်းများအတွက် ယန်းငွေ ၂၆ ဘီလီလျံခန့်ချေးမည်
ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာလင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr Tateshi Higuchi လက်မှတ်ထိုးအပြီးတွေ့ရစဉ် - ( Credit NLM )

ဇူလိုင် ၁။      ။ ဂျပန်အစိုးရက သီလဝါအထူးစီးပွားရေးဇုံနှင့် အသေးစားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ အတွက် ဂျပန် ယန်းငွေ ၂၆ ဘီလီလျံခန့် ချေးမည်ဖြစ်သည်။

ချေးငွေကို ရန်ကုန်မြို့လျှပ်စစ်မီးရရှိရေး အဆင့်စီမံကိန်းပထမအဆင့်၊ သီလဝါအထူးစီးပွားရေးဇုံ၏ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး ပထမအဆင့် ဒုတိယအပိုင်းနှင့် အသေးစားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့၌ အသုံးပြု သွားမည်ဖြစ်ကြောင်း မြန်မာအစိုးရကသတင်း ထုတ်ပြန်သည်။

ယင်းချေးငွေသည် ဂျပန်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ Official Development Assistance (ODA) အစီအစဉ်မှဖြစ် ပြီး နေပြည်တော် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ဇွန် ၃၀ က လက်မှတ်ရေးထိုးခဲ့သည်။

လက်မှတ်ရေးထိုးပွဲသို့ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာလင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr Tateshi Higuchi၊ JICA မြန်မာနိုင်ငံအကြီးအကဲ Mr Keiichiro Nakazawa၊ ဘဏ္ဍာရေးဝန်ကြီးဌာနငွေကြေးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင် ဝင်းတို့ တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly