ဇိမ်ခံခရီးသည်များ ပိုမိုရောက်လာရန် ထိုင်းမျှော်မှန်း

ဇိမ်ခံခရီးသည်များ ပိုမိုရောက်လာရန် ထိုင်းမျှော်မှန်း

ဘန်ကောက်၊ မတ် ၃၀ ။               ။ အဆင့်မြင့်ခရီးသည်များ ပိုမိုလာစေလိုပါက ထိုင်းနိုင်ငံသည် ခရီးသည်များ အန္တရာယ်ကင်းရှင်းရေးအတွက် ပိုမိုဆောင်ရွက်ရမည်ဟု လုပ်ငန်းဆောင်ရွက်သည့် အော်ပရေတာများက ပြောသည်။

ယင်းသို့ဆောင်ရွက်ခြင်းမရှိပါက အလားအလာကောင်းလာသော အိမ်နီးချင်းနိုင်ငံများထက် တစ်ပန်းရှုံးသွားနိုင်သည့် အန္တရာယ်ရှိနေသည်ဟုလည်း ၎င်းတို့က ပြောကြားခဲ့သည်။

အုန်းထန်းပေလက်များ ဝေစီနေသည့် ပင်လယ်ကမ်းခြေများ၊ ဗုဒ္ဓယဉ်ကျေးမှုနှင့် အညီအဟောက်မကင်းသည့် တက်ကြွသည့် မြို့ပြဘဝနှင့်အတူ ထိုင်းနိုင်ငံသည် အာရှခရီးသွားလုပ်ငန်းအတွက် ဆယ်စုနှစ်များစွာ စံနမူနာတစ်ရပ်သဖွယ်ဖြစ်နေခဲ့ပြီး ကျောပိုးအိတ်လွယ်အခြေခံခရီးသည်များနှင့် စွန့်စားသွားလာသူများမှသည် မိသားစုလိုက်ခရီးသွားသူများနှင့် ယဉ်ကျေးမှုခရီးသွားအဆုံး အမျိုးမျိုးသောခရီးသည်များကို ဆွဲဆောင်လျက်ရှိသည်။

မကြာသေးမီနှစ်များအတွင်း ထိုင်းသို့လာရောက်သည့် တရုတ်ခရီးသည်များလည်း များပြားလာသည်။ သို့သော်လည်း ယခုနှစ်တွင် ခရီးသည် ၃၂ သန်းရောက်လာမည်ဟု မျှော်လင့်ထားသည့်တိုင် အရိပ်မည်းကြီးများလည်း ဖြစ်ပေါ်လာနိုင်သည်။

ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းရှိသော ခရီးသွားလုပ်ငန်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း အကြမ်းဖက်ဆန္ဒပြမှုများ၊ စစ်အာဏာသိမ်းမှုများနှင့်အတူ နိုင်ငံရေးတည်ငြိမ်မှုမရှိသည့်ကြားမှ ကြံကြံခံလျက်ရှိသည်။

၂၀၁၅က ဘန်ကောက်ရှိ ခရီးသည်များသွားရောက်ရန် နှစ်သက်သည့် ဟိန္ဒိူနတ်ဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရသည့်တိုင် ခရီးသည်လာရောက်မှုကို မထိခိုက်ခဲ့ပေ။ သို့သော်လည်း ရာဇဝတ်မှုနှင့် မတော်တဆမှုများ၊ ထိုင်းနိုင်ငံသည့် အများသုံးဈေးကွက်ဖြစ်လာပြီဆိုသည် ယူဆချက်များက အစိုးရ၏ စီမံကိန်းအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။

၂၀၁၄က ထိုင်းတွင် ဗြိတိန်ခရီးသည်နှစ်ဦး သတ်ဖြတ်ခံရခြင်းက ကမ္ဘာ့ သတင်းခေါင်းကြီးများ ဖြစ်လာခဲ့သည်။ ယခုလတွင် ပြင်သစ်အမျိုးသမီးနှစ်ဦး မုဒိမ်းကျင့်ခံရသည်ဟု တိုင်ကြားခဲ့သည်။

လမ်းအန္တရာယ်ကင်းရှင်းရေးညံ့ဖျင်းမှု၊ ပင်လယ်ပြင်တွင် မတော်တဆမှုများ၊ လိမ်ညာမှုများနှင့် ဒေါသကြီးသော ဆင်များကိုလည်း ဆိုးဝါးသည့် သတင်းများကို အားဖြည့်လျက်ရှိသည်။

"လာရောက်တဲ့ ခရီးသည်ပမာဏက မြင့်မားပါတယ်။ ဒါပေမဲ့ မှုခင်းဖြစ်ပွားနိုင်ခြေကလည်း မြင့်ပါတယ်"ဟု ထိုင်းနိုင်ငံ ဟိုတယ်အဖွဲ့ဥက္ကဋ္ဌ ဆူပရာပေါင်တက်ချာရူဝစ်ချစ်က ရိုက်တာသို့ ပြောသည်။

"ထိုင်းနိုင်ငံဟာ အန္တရာယ်ကင်းတယ်ဆိုတာ သံသယမရှိအောင် လုပ်ပေးဖို့လိုပါတယ်"ဟု ၎င်းကဆိုသည်။ အစိုးရ၏ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ကမူ အရည်အသွေးမြင့်ခရီးသွားလုပ်ငန်းကို အာရုံစိုက်လိုဟန်ရှိပြီး ပိုမိုသုံးစွဲနိုင်သည့် ခရီးသည်များကို ဆွဲဆောင်နိုင်မည့် စည်းရုံးလှုံ့ဆော်မှုတစ်ခုကို စတင်နေသည်။

"လူအများကတော့ ခရီးသည်တွေ ဒီကိုလာတာ ဈေးပေါလို့ပါလို့ ဆိုပါတယ်။ ဒါကိုပြောင်းပစ်ဖို့လိုပါတယ်" ဟုခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးကော့ကားန်ဝတ္တနက်ရန်ကူးလ်က လွန်ခဲ့သည့်သီတင်းပတ်က ခရီးသည်အန္တရာယ်ကင်းရှင်းရေးဝပ်လျှော့တစ်ခုတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly