သံရုံးများပြန်ဖွင့်ရန် အမေရိကန်နှင့် ကျူးဘား သဘောတူညီချက်ရရှိ

သံရုံးများပြန်ဖွင့်ရန် အမေရိကန်နှင့် ကျူးဘား သဘောတူညီချက်ရရှိ

ဝါရှင်တန်၊ ဇူလိုင် ၁ ။       ။ ဝါရှင်တန်နှင့် ဟာဗားနားတွင် သံရုံးများပြန်လည်ဖွင့်လှစ်ကြရန် အမေရိကန်နှင့် ကျူးဘားတို့ သဘော တူညီချက်ရရှိသွားပြီဟု အမေရိကန်သတင်းရင်းမြစ်တစ်ခုက ဇွန် ၃၀တွင်ပြောကြားခဲ့ရာ ဆယ်စုနှစ်များစွာ စစ်အေးရန် သူများဖြစ်နေခဲ့မှုအား အဆုံးသတ်ရေး ကြီးမားသည့် ခြေလှမ်းကြီးတစ်ရပ်ဖြစ်သည်။

"အမေရိကန်နဲ့ ကျူးဘားတို့ဟာ တရားဝင်သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ပြီး နှစ်နိုင်ငံမြို့တော်တွေမှာ သံရုံးများပြန်ဖွင့်ကြ ဖို့ သဘောတူညီချက်တစ်ခုရရှိထားတယ်ဆိုတာ ကျွန်တော်တို့နက်ဖြန် ကြေညာမှာပါ"၎င်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဘားရက်အိုဘားမားသည် ၎င်း၏သမ္မတသက်တမ်းကာလအတွင်း ကြီးမားသည့်နိုင်ငံခြားရေးပေါ်လစီတစ် ခုဖြစ်သော အဆိုပါသဘောတူညီချက်ကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုလိမ့်မည်ဟု မျှော်လင့်ရသည်။

အမေရိကန်နှင့် ကျူးဘားကြား သံတမန်ဆက်ဆံရေးရပ်ဆိုင်းထားသည်မှာ ဆယ်စုနှစ် ငါးနှစ်ရှိနေပြီဖြစ်သည်။ ဝက်ပင်လယ်အော် ကျူးကျော်မှုမှသည် ကျူးဘားဒုံးကျည်အကျပ်အတည်းအထိ ကျဉ်းမြောင်းသည့် ဖလော်ရီဒါရေလက်ကြားတစ်လျှောက် အမုန်း ပဋိပက္ခမှာ စစ်အေးကို စစ်ပူဖြစ်လာရန် ခြိမ်းခြောက်နေခဲ့သည်။

သို့သော်လည်း နှစ်ဖက်တာဝန်ရှိသူများကြား ၁၈လကြာလျိူ့ဝှက်စေ့စပ်ညိနှိုင်းပြီးနောက် အိုဘားမားနှင့် ရာအူးလ် ကက်စထရို တို့သည် ဆက်ဆံရေးပြန်လုပ်ရန် ဒီဇင်ဘာလက သဘောတူညီခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ဧပြီလက ပနာမားတွင် ပထမဆုံး အကြိမ် သမိုင်းဝင်တွေ့ဆုံမှုပြုလုပ်ခဲ့သည်။ မေလက အမေရိကန်သည် အကြမ်းဖက်မှုကို အားပေးသော နိုင်ငံများစာရင်းထဲမှ ကျူးဘားကို ပယ်ဖျက်ပေးခြင်းအားဖြင့် ကောင်းမွန်သောဆက်ဆံရေးပြန်လည်တည်ဆောက်နိုင်ရေးအတွက် လမ်းခင်းပေးနိုင်ခဲ့ သည်။ ကျူးဘားသည် ကမ္ဘာ့ဈေးကွက်သို့ဝင်ရောက်နိုင်မှုကို ဟန့်တားနေသော ၁၉၈၂ခုနှစ်က အမည်ပျက်စာရင်းသွင်းခံရခြင်းအား ကျူးဘားက ပြင်းထန်စွာဆန့်ကျင်ခဲ့သည်။

စစ်တမ်းများအရ ကျူးဘားနှင့် ဆက်ဆံရေးတိုးတက်ရန် အိုဘားမား၏ ကြိုးပမ်းမှုအား အမေရိကန်အများစုက ထောက်ခံကြသည်။ သို့သော်လည်း ကျူးဘားသည် ၁၉၆၂က အမေရိကန်၏ ကုန်သွယ်ရေးပိတ်ဆို့မှုကို ခံနေရဆဲဖြစ်သည်။ ယင်းပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် အိုဘားမားက ကွန်ဂရက်ကို တောင်းဆိုခဲ့သည်။ သို့သော်လည်း ပိတ်ဆို့မှုကို ရုပ်သိမ်းရန် ရီပတ်ဘလစ်ကင် ဥပဒေပြုအမတ်များက ပြင်းပြင်းထန်ထန်ဆန့်ကျင်နေဆဲဖြစ်သည်။

နှစ်နိုင်ငံကြား သဘောတရားရေးပဋိပက္ခများမှာ သမိုင်းအဖြစ်သို့ လျင်မြန်စွာလျော့ကျနေပြီဖြစ်သည်။ နှစ်နိုင်ငံကြား ခရီးသွား လာမှုနှင့် ဆက်သွယ်ရေးကန့်သတ်ချက်များကို လျှော့ချလိုက်ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly