အဲလ်တန်ဂျွန်နှင့် ရုရှသမ္မတ ပူတင်တို့ မေလတွင် တွေ့ဆုံသွားမည်ဟု ခရင်းမလင်း နန်းတော် ပြောကြား

အဲလ်တန်ဂျွန်နှင့် ရုရှသမ္မတ ပူတင်တို့ မေလတွင် တွေ့ဆုံသွားမည်ဟု ခရင်းမလင်း နန်းတော် ပြောကြား

ရုရှသမ္မတ ဗလာဒီမာပူတင်က  ဗြိတိန်အဆိုတော် အဲလ်တန်ဂျွန် မေလတွင် ရုရှနိုင်ငံသို့ အလည်ပတ်လာရောက်သည့်အခါ  အဲလ်တန်ဂျွန်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း  ခရင်းမလင်း နန်းတော်က မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အဲလ်တန်ဂျွန်က ရုရုနိုင်ငံအတွင်း ဂေးအခွင့်အရေးနှင့် စပ်လျဉ်း၍  တွေ့ဆုံဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံခဲ့ပြီးနောက် စက်တင်ဘာလတွင် ပူတင်က တွေ့ဆုံရန် အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း အဲလ်တန်ဂျွန်ကို ဖုန်းဖြင့် ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ လပေါင်းများစွာက သူတို့နှစ်ဦး တွေ့ဆုံဖို့ ဖုန်းနဲ့ သဘောတူညီမှု ရထားကြတယ်။ အဲလ်တန်ဂျွန် ရုရှနိုင်ငံကို လာရောက်တဲ့အခါ တွေ့ဆုံသွားမှာပါ” ဟု ပူတင်၏ ပြောရေးဆိုခွင့်ရှသူ ဒီမီထရီပက်စ်ကို့ဗ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အဲလ်တန်ဂျွန် ဒီမှာနေထိုင်မယ့် ရက်အတိအကျကို သိခဲ့မယ်။ သမ္မတရဲ့ လုပ်ငန်းအစီစဉ်တွေ ကလည်း တွေ့ဆုံဖို့ အခွင့်ရေးပေးခဲ့မယ်ဆိုရင် တွေ့ဆုံပွဲကို လုပ်ဖြစ်မှာပါ” ၎င်းက ပြောကြားခဲ့သည်။

အသက် ၆၉ နှစ်အရွယ်ရှိ  အဲလ်တန်ဂျွန်သည် ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ အစိတ်ပိုင်းတစ်ရပ် အဖြစ် မေ ၃၀ ရက်တွင် မော်စကို ဈေးဝယ်စင်တာနှင့် ဖျော်ဖြေရေးစင်တာတွင် ဖျော်ဖြေပွဲကျင်းပသွား မည် ဖြစ်သည်။ အဲလ်တန်ဂျွန်သည် မော်စကိုမြို့သို့ မသွားမီ ရုရှနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်ပြီး ပူတင်၏ မွေးရပ်မြေဖြစ်သော စိန်ပီတာစဘက်မြို့ရှိ ရေခဲနန်းတော်တွင် ဖျော်ဖြေပွဲကို ကျင်းပရန် မျှော်မှန်းထားသည်။

အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဂေးတွေအပေါ် ပြုမှုဆက်ဆံမှုနှင့် ပတ်သက်၍ ရုရှအစိုးရကို  ပြစ်တင်ပြောကြားခဲ့ကြောင်းနှင့် အဲလ်တန်ဂျွန်သည်လည်း  ယခင်က လူငယ်များအကြား ဂေးဝါဒဖြန့်မှု တားမြစ်ခြင်း ၂၀၁၃ ခုနှစ် ဥပဒေအပေါ် ပွင့်ပွင့်လင်းလင်း ပြောကြား ခဲ့ဖူးသည်။ ပူတင်က ဂေးတွေအပေါ် မလိုမုန်းထားစိတ်မရှိကြောင်း ပြောကြားခဲ့သည်။

ရုရှအွန်လိုင်း လက်မှတ်ကြိုတင်ဝယ်ယူမှု ဝက်ဆိုက်ဘ်များတွင် ရုရှတွင် ကျင်းပပြုလုပ်မည့် အဲလ်တန်ဂျွန်၏ ဖျော်ဖြေပွဲလက်မှတ်များကို ရောင်းချလျက်ရှိပြီး လက်မှတ်တစ်စောင်လျှင် ရူဘယ် ၈၈၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၈၇) ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly